Tuesday, September 9, 2008

“မင်းအတွက် အပေါတကာ့ အပေါဆုံးကဗျာ”


ကြောင်တောင်တောင် နိုင်ပေမယ့်
ငါရှေ့ဆက်လုပ်ခဲ့တာတွေအများကြီးပဲ….
ဂေါက်တောက်တောက်လို့ ပြောနေကြပေမယ့်
ငါ ဂရုမစိုက်ခဲ့တာတွေ ရေလို့တောင်မရတော့ဘူး….
ရူးတယ်လို့ ဝေဖန်ကြလဲ
ငါစိတ်ထဲမထားခဲ့ဘူးလေ…..
ဒီအတိုင်းပဲ ဆက်သွားနေရင်းနဲ့
အချိန်တွေတောင်ကုန်လာ လိုက်တာ…
လူတိုင်းကလဲ ပြောလာကြပြီ
ငါဟာ ပေါတောတောနဲ့တဲ့….


နေကြပါစေလေ
ဘာပဲပြောပြောငါဝမ်းသာပါတယ်…..
ဘာလို့ လဲဆိုတော့
ငါ့ရဲ့  အဲဒီ ပေါတောတော စရိုက်ကို
စွဲလမ်းပြီး ချစ်နေတဲ့
ငါမြတ်နိုးသော မင်းလေး ရှိနေလို့ပေါ့….
ဒါပေမယ့် မင်းလေးကိုချစ်တာကတော့
အတည်ပါကွာ …..


ငါ့ရဲ့  အချစ် ထဲမှာတော့
ရူးတာမပါ … ပေါတာမထည့်…
ကြောင်တာမရော … ဂေါက်တာမရှိ….
ဆားငံကျိကျိလဲ ဖြစ်မနေတာကို ယုံပါ….
ငါ့ရင်ထဲမှာ အချိုးကျကျ
သမမွှေထားတာလေးတွေတော့ရှိလေရဲ့ …


ငါ့ရဲ့  အချစ်ကို…
နားလည်မှုနဲ့ ပေါင်းစပ်ထားသလို
ခံစားချက်တွေလဲ မအီရလေအောင်
ထည့်ထားလေရဲ့  ….
ခွင့်လွှတ်ခြင်းတွေကလဲ
တစိတ်တပိုင်းဖြစ်သလို….
တခါတလေတော့
စိတ်ကောက်မိမှာပေါ့….
မပျင်းရအောင်ပါ….
ယုံကြည်မှု တွေက
ပမာဏများများပါပေမယ့်
သ၀န်တိုတာလေးတွေလဲ
ရှိတာပေါ့နော် …
မိန်းကလေးလေ ကွယ်…


ဘာပဲ ပြောပြော
မင်း ကို အရမ်းချစ်တယ် ဟယ်….


ကဗျာ - ယမင်းဥမ္မာ

အခုလာမယ့် ၁၃ ရက်နေ့ အတွက်ပါ.... သက်ဆိုင်သူကတော့သိမှာပါ.... :P
Thank you all...