Showing posts with label ယမာရေးတဲ့ ကဗျာလေးတွေ. Show all posts
Showing posts with label ယမာရေးတဲ့ ကဗျာလေးတွေ. Show all posts

Thursday, December 2, 2010

သူမဟုတ်ဘူးလေ…

မဟုတ်ဘူး…

သူမဟုတ်ဘူးလေ…

…………………

ပွင့်ပွင့်လင်းလင်း မရှိတဲ့ငါ

ခိုးခိုးသာ ကြည့်ပြီး

ရိုးရိုးသာမန်လူတယောက်လို

မင်းဘေးမှာ ရှိခဲ့တယ်…

………..

မင်း အကြည့်နဲ့ဆုံလို့

ရင်ခုန်မယ်ကြံတုန်း

လွှဲဖယ်သွားတဲ့ မင်းမျက်လုံးက

သူ့ဆီကို….

…………

ငါမရဖူးတဲ့ အပြုံး…

မင်းမျက်လုံးက တစ်ဆင့်…

နှုတ်ခမ်းပါးဆီကို ဆင်းသက်…

ပေါ့ပါးလင်းလက်စွာနဲ့…

မင်းသူ့ကို ပေးလိုက်တယ်…

…………

မဟုတ်ဘူး…

သူမဟုတ်ဘူးလေ…

မင်းအထင်တွေ လွဲနေပြီ…

ဒီအတိုင်းထားလိုက်ရင်

ငါရင်တွေကွဲရတော့မယ်…

…………..

ဖွင့်ပြောဖို့ တွေးပြီး

စာလွှာလေးထဲမှာ

ငါ့အချစ်တွေ ထည့်ပေးလို့

မင်းဆီအပို့…

နာမည်ရေးဖို့ မေ့တဲ့ငါ…

………….

အောင်သွယ်တော် အောင်သွယ်တော်

မင်းက ငါ့ကို ခေါ်လေပြီ…

ချစ်သူဆုံး… လူလုံးမလှ…

မှားနိုင်လွန်းတဲ့ ငါ့ဘ၀…

အော် သကောင့်သားရာ…

မဟုတ်ဘူး…

မင်းမဟုတ်ဘူးလေကွာ…

……………

မှတ်ချက် ။ ။ ယောက်ျားလေး ရှုထောင့်မှ ရေးသားသည်...


ယမမင်းလေး (၁၄.၁၁.၂၀၁၀)

Tuesday, June 22, 2010

“တို့နှစ်ယောက်မာန”

“တို့နှစ်ယောက်မာန”


မနေ့က နေ ၀င်သွားပေမယ့်

ငါ့ရင်ထဲက ပြဿာနာမီး

လောင်လို့ မပြီးသေးဘူး…

….

မနေ့ညက ငါငိုတာဟာ

နင့်ရဲ့  အကြင်နာ မရလို့…

….

ငါ့ဘက် နင်သာ

လှည့်ကာ ကြည့်မယ်ဆိုရင်

နင်မြင်မှာက ငါမဟုတ်ဘူး

နင်မမြင်ဖူးတဲ့ ဒီအရူး…

….

အိမ်အပြန်မှာ ငါ့ခြေတွေ လေးကန်နေတယ်…

နင့်ရဲ့  ပြင်းထန်တဲ့ ဥပါက္ခာတွေကြောင့်…

ငါ့ရင်တွေလည်း လေးလန်နေတယ်ကွာ…

နင်ပြန်တောင်းပန်မလား…

ငါပဲတောင်းပန်ရမှာလား…

မာနတွေက ရှိနေကြတော့

ဖြစ်သမျှလဲ ကြိတ်သာခံပေတော့ပေါ့…

….

ငါကြားနေသေးတယ်

နင်ပြောခဲ့တဲ့ စကား

အကုန်လုံးက ငါ့အမှားတဲ့…

နင်လဲ ပြန်ကြားနေလိမ့်မယ်

ငါပြောခဲ့တဲ့ စကား

ငါမမှားဘူး… နင်သာမှားတာတဲ့…

….

အမှန်က ဘယ်သူမှားတာလဲ

အိမ်ပြန်တော့ ငါသာ မျက်ရည်ဝဲ

တွေးမိတိုင်း လေမုန်တိုင်း ထန်ဆဲပဲကွာ…

….

ငါနင့်ကို သိပ်ချစ်ပါတယ်

နင်လဲငါ့ကို သိပ်ချစ်တာပဲ

ဒါဆို ဘာလို့ ငါတို့

အရှုံးမပေးနိုင်တာလဲ

ဒီမာနတွေနဲ့သာ ငါတို့

လုံးချာပတ်ချာလည် နေဦးမှာပဲ…

….

Sunday, May 2, 2010

အချစ်ဇာတ်လမ်းလေး...

ဧပရယ် ၁ မှာ… ငါလေချစ်ခဲ့လို့ …

ဧပရယ် ၉ မှာ အသေလိုက်ပိုးမယ်ကြံတုန်း…

သင်္ကြန်ရက်မှာ ငါ့အကြံဖျက်လိုက်ရပြီး…

သင်္ကြန်ပြီးမှာ… ငါနဲ့မင်းနီးတော့မယ်…

ဧပရယ် ၂၀ မှာ မင်းအိမ်လိုက်လည်ချင်ပေမယ့်…

သူငယ်ချင်းတောင် မဖြစ်သေးတဲ့ငါ…

ဒီလိုလုပ်လို့ ဘယ်ရဦးမလဲ…

၂၀၀၈ မှာ အချစ်စစ်တွေ့မယ်ဆိုလို့

ငါတပြုံးပြုံးဖြစ်ခဲ့ရတယ်…

မေ ၁၄ မှာ နင်လေ မပြေးနဲ့ …

ငါ့အချစ်တွေကို စာနာပေးလှဲ့ ဆိုတော့…

နင်က တလလောက် အချိန်ယူ တွေးမယ်တဲ့…

ဇွန် ၁၃ မှာ ငါပျော်ရွှင်ပြုံးနိုင်ဖို့…

နင့်ရဲ့  ချစ်စကားကြားရမယ် ကြံတုန်း…

အဖြေသွားမတောင်းခင်

ငါနေကောင်းဖြစ်တယ်လေ…

ဒါပေမယ့် အေးဆေးပါ…

နင့်ဆီကို ငါ မရောက် ရောက်အောင်လာခဲ့တာပဲဟာ…

ငါဘယ်လောက်ချစ်မှန်း နင်သိမှာပါ…

တကယ်ပါပဲ…

ဇွန် ၁၃မှာ ငါတကယ်ပြုံးနိုင်ခဲ့တယ်…

ငါအကြားချင်ဆုံး စကားသုံးလုံးကို

ငါကြားရခဲ့.. “ I Love You ” တဲ့…

အခုထိ နင်ကငါ့ရဲ့  အချစ်ဆုံးပါပဲ…

Tuesday, December 8, 2009

**အိမ်မက်**

အိမ်မက်

အို အိမ်မက်…

မနေ့ကမက်တဲ့ ညအိမ်မက်

မင်းနဲ့ငါ… ငါနဲ့မင်း…

အတူရှိခဲ့တဲ့ ဒို့အိမ်မက်…

မင်းအိမ်မက်နဲ့ ငါ့အိမ်မက်

ပုံစံမတူနိုင် ဘောင်ဝင်နိုင်…

တူတာတစ်ခုတော့ ငါရှာကြည့်မိ

မင်းလည်းသိတယ် ငါလည်းသိ…

အိမ်မက်တိုင်းမှာ ဒို့နှစ်ယောက်လုံးရှိ…

အို အိမ်မက်…

လူတို့အိမ်မက် လူတိုင်းမက်ဖူး…

သေချာစဉ်းစား သုံးသပ်ကြည့်ပါ

အိမ်မက်အများစု ပုံဟပ်ထင်နေ

ဒါဟာ ငါတို့လိုအင်တွေ…

မသိစိတ်ကပဲလား သိပြီးသားတွေလား

ငါ့အတွက်တော့ မကွဲပြားလှ…

အို အိမ်မက်များ…

အစစ်အမှန် မဟုတ်…

ရောင်ပြန်ပဲလား… ???

အနာဂါတ်လဲ မဟုတ်…

စိတ်ကူးယဉ် သက်သက်လား… ???

ဘာပဲဖြစ်ဖြစ် …

ရောင်စုံဖြာသော မဆုံးနိုင်တဲ့

ငါတို့ အိမ်မက်များ…