ဧပရယ် ၁ မှာ… ငါလေချစ်ခဲ့လို့ …
ဧပရယ် ၉ မှာ အသေလိုက်ပိုးမယ်ကြံတုန်း…
သင်္ကြန်ရက်မှာ ငါ့အကြံဖျက်လိုက်ရပြီး…
သင်္ကြန်ပြီးမှာ… ငါနဲ့မင်းနီးတော့မယ်…
ဧပရယ် ၂၀ မှာ မင်းအိမ်လိုက်လည်ချင်ပေမယ့်…
သူငယ်ချင်းတောင် မဖြစ်သေးတဲ့ငါ…
ဒီလိုလုပ်လို့ ဘယ်ရဦးမလဲ…
၂၀၀၈ မှာ အချစ်စစ်တွေ့မယ်ဆိုလို့
ငါတပြုံးပြုံးဖြစ်ခဲ့ရတယ်…
မေ ၁၄ မှာ နင်လေ မပြေးနဲ့ …
ငါ့အချစ်တွေကို စာနာပေးလှဲ့ ဆိုတော့…
နင်က တလလောက် အချိန်ယူ တွေးမယ်တဲ့…
ဇွန် ၁၃ မှာ ငါပျော်ရွှင်ပြုံးနိုင်ဖို့…
နင့်ရဲ့  ချစ်စကားကြားရမယ် ကြံတုန်း…
အဖြေသွားမတောင်းခင်
ငါနေကောင်းဖြစ်တယ်လေ…
ဒါပေမယ့် အေးဆေးပါ…
နင့်ဆီကို ငါ မရောက် ရောက်အောင်လာခဲ့တာပဲဟာ…
ငါဘယ်လောက်ချစ်မှန်း နင်သိမှာပါ…
တကယ်ပါပဲ…
ဇွန် ၁၃မှာ ငါတကယ်ပြုံးနိုင်ခဲ့တယ်…
ငါအကြားချင်ဆုံး စကားသုံးလုံးကို
ငါကြားရခဲ့.. “ I Love You ” တဲ့…
အခုထိ နင်ကငါ့ရဲ့  အချစ်ဆုံးပါပဲ…
No comments:
Post a Comment