Saturday, August 23, 2008

DO YOU LOVE SOMEONE THIS MUCH?


A girl and guy were speeding over 100 mph on the road on a motorcycle...
Girl: Slow down. I'm scared.
Guy: No this is fun.
Girl: No its not. Please, its too scary!
Guy: Then tell me you love me.
Girl: Fine, I love you. Slow down!
Guy: Now give me a BIG hug.
Girl hugs him.....
Guy: Can you take my helmet off & put it on yourself? Its bugging me.

In the paper the next day :(
A motorcycle had crashed into a buildingbecause of brake failure. Two people were on it, but only one had survived.

The truth was that halfway down the road, the guy realized that hisbrakes broke, but he didn't want to let the girl know. Instead, he had her say she loved him & felt her hug him one last time, then hadher wear his helmet so that she would live even though it meant that he would die.

............................

From one of my friends' forward mail......

Hey! How about you ... hum???

Tuesday, August 19, 2008

ချစ်သောတိမ်လွှာသို့... (PART TWO) ...

“သားရယ်… မတွေ့ ရတာကြာလို့လားမသိဘူး … ငါ့သားလေး တော်တော်တောင်လူကြီးပုံ ပေါက်လာတာပဲ… ခန့်ချောကြီးတော့… ” အမေက သူ့သားသူမြှောက်နေပြီ… (ကိုယ့်ငါးချဉ် ကိုယ်မချဉ်လို့ ဘယ်သူချဉ်မလဲ … နော့်) “ဟုတ်သားအမေရဲ့  ကိုကြီးက တော်တော်ချောလာတာ … သမီးဆို လူတောင်မှားတယ်…” ညီမလေးကလဲ လာဖားနေပြန်တော့ …
“ညည်းအတွက် အများကြီးယူလာတယ် မပူနဲ့…”
“ဟဲဟဲ… ကိုကြီးက အလိုက်သိတယ် …”
“နင့်အကြောင်းသိလို့ နင့်အစ်ကိုလုပ်နေတာပါ”
ကြားထဲကနေ အမေက… “တော်ပါအေ… ငါမွေးထားလို့ နင်တို့ မောင်နှမဖြစ်နေတာ… သတိရဦး… ”

အိမ်ရောက်တော့ ညီမလေးကမေးတယ် … “ကိုကြီး… မမတိမ်လွှာရော ကိုကြီးပြန်ရောက်တာသိလား…” “သြော်သူအံ့သြသွားအောင် လုပ်မလို့ပါ… လွန်ခဲ့တဲ့၃ပတ်ကတော့ဖုန်းဆက်ထားတယ် ပြန်လာတော့မယ်လို့တော့မပြောထားဘူး … ပြီးတော့ မေမေကိုပြောပြီး အစ်ကိုတို့စေ့စပ်ကြမလို့… ဟီးဟီး…” “ကိုကြီးကတော့လုပ်ပြီ… မေမေ့ကိုလည်း ကြိုပြီးအသိမပေးထားဘူး… ပြဿနာတော့တက်တော့မှာပါ…”
“အေး… ငါလည်း အဲဒါကိုကြောက်နေတာ… ”
“မေမေ အကြောင်းလဲသိသားနဲ့ … သူကကြိုပြောထားမှကြိုက်တာကို…”
“အင်း … ငါလည်း မေမေနဲ့ တိမ်လွှာရောပြီး ဘယ်သူကကြိုပြောမှကြိုက်တာ… ဘယ်သူက surprise လုပ်တာကြိုက်တာ တွေတောင်မသိတော့ဘူး… ဟဲဟဲ…”
“ဒီနှစ်ယောက်ထဲ ကိုတောင် ကပ်ရှုပ်နေရင် … ကိုကြီးကလေးတွေရရင်ဘယ်လိုလုပ်မလဲ…. ”
“အဲဒါက အဲဒီတော့မှ အဲလိုကြည့်ရှင်းတာပေါ့ … အခုတော့ နင်ငါ့ဘက်ကနေပေးနော်… ”
“မမတိမ်လွှာဘက်ကပါ ကိုကြီးဘက်ကဟုတ်ဝူး … ”


ညဘက်ရောက်တော့ မေမေ ဘုရားရှိခိုး ပြီးချိန်လောက် မေမေ့နားသွားပြီး ချစ်စရာ puppy ရုပ်ကလေးနဲ့ “မေမေ သားမေမေ့ဆီမှာ ခွင့်တောင်းစရာရှိလို့…”
“ပြောလေ… သား”
“ကျွန်တော် ဘွဲ့ ယူပြီးရင် … တိမ်လွှာနဲ့ စေ့စပ်ထားချင်တယ် မေမေ… ”
“ဟေ… မင်းကစောစောလဲ မပြောထားပါလား … ဒါမျိုးကိစ္စကို အနားနီးမှပြောရလား ”
“ကျွန်တော် မေမေ့ကိုပြောရမှာကြောက်လို့ အားမွေးနေတာနဲ့ …”
“ဟုတ်ပါပြီ… ဒါနဲ့ တိမ်လွှာကရော သဘောတူလို့လား ”
“သူကသဘောတူပါတယ် မေမေ… သားတို့နှစ်ယောက်က နှစ်ကိုယ်တစ်စိတ်ပါ ”
“အပြောကောင်းမနေပါနဲ့… တိမ်လွှာတို့ မိဘတွေဘက်က သဘောထားလဲရှိသေးတယ်… မေမေ့ဘက်ကတော့ တိမ်လွှာ့လို မိန်းကလေးနဲ့ သဘောမတူစရာ မရှိပါဘူး… မင်းလိုပေါတောတောကောင် ကိုပဲ ဟိုက သဘောမတူမှာ စိုးရိမ်ရမှာ…”
“မေမေကလည်း… ကျွန်တော်က ပျော်ပျော်နေတတ်တာပါဗျာ… ဒါမှအသက်ရှည်ပြီး ကြာကြာပေါလို့ရမှာ… အဲဟုတ်ပါဘူး ကုသိုလ်ကောင်းမှုများများ လုပ်လို့ရမှာလို့ပါ… ဟဲဟဲ…”
“ဒီလို ရွှတ်နောက်နောက် လုပ်နေလို့ နင့်ကို ငါ စိတ်မချရတာ… ”
“စိတ်ချပါအမေရာ… သားက သားလိမ္မာလေးပါဗျ…”



ဒီလိုနဲ့ ကျွန်တော်ရဲ့  ပထမ ခြေလှမ်းက အောင်မြင်စွာပြီးဆုံးသွားပါတယ် ခင်ဗျာ… လက်ခုပ်လေးတီးပေးကြပါ…. ခုပ်.. ခုပ်.. ခုပ်… အဲ ဟုတ်ပါဘူး … ထားလိုက်ပါတော့… မနက်ဖြန်ရောက်ရင် ချစ်သော တိမ်လွှာလေးနဲ့ တွေ့ ရတော့မှာပဲ… ရင်တွေတောင်ခုန်လာပြီ … ဒုတ်.. ဒုတ်.. ဒုတ်… ဟီး ဟီး …

…………………ဆက်ရန်…………………

Friday, August 15, 2008

ချစ်သောတိမ်လွှာသို့... (PART ONE) ...

မနေ့တုန်းက ရန်ကုန်ကဖုန်းလာတယ်…. အမေ့ဆီကပါ … “သားရေ …. ကျောင်းလဲပိတ်နေပြီပဲ … ဘွဲ့  မယူခင် အမေတို့ဆီပြန်လာပါဦး” တဲ့…. အမေကမုဆိုးမဆိုပေမယ့် သူ့ရဲ့  တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော့် ကို ပညာတတ်ကြီးအရမ်းဖြစ်စေချင်တာ … ဒါကြောင့်လဲ အခုလို နိုင်ငံခြားမှာ ပညာကို ဆုံးခန်းတိုင်အောင်သင်နိုင်ဖို့ အမေက ကျွန်တော် ၉တန်းတက်နေတဲ့အချိန်ကတည်းကစပြီး ပိုက်ဆံကို ခြစ်ခြစ်ကုပ်ကုပ် စုခဲ့ရတာပေါ့ …. ကျွန်တော် ၁၀တန်းအောင်ပြီး၂နှစ်နေတော့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပိုက်ဆံလုံလုံလောက်လောက်ရှိလာခဲ့တယ်… ကျွန်တော်ကလည်း အလုပ်လုပ်နိုင်တဲ့ အချိန်ကစပြီး အလိုက်သိစွာနဲ့ ကိုယ့်ကျောင်းစရိတ်ကို ရှာခဲ့တယ်လေ….

အတိုချုပ်ပြောရရင် အမေဟာ ကျွန်တော်နဲ့ ကျွန်တော့် ညီမလေး အတွက် အလွန်လေးစားအတုယူဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ် တယောက်ပါပဲ …. ကျွန်တော် အမေ့ကို အရမ်းလဲချစ်သလို အရမ်းလဲကြောက်ရတယ်…. ချစ်ကြောက်ရိုသေတာပေါ့ဗျာ….



ကျွန်တော့်မှာ အမေ့အပြင် နောက်ထပ်အရမ်းချစ်ရတဲ့သူတစ်ယောက်ရှိသေးတယ်ဗျ …. ကျွန်တော့်ရဲ့  တစ်ဦးတည်းသောချစ်သူပေါ့ … သူ့နာမည်က တိမ်လွှာဝင့်တဲ့ … သူမက အရမ်းချောလှတဲ့သူတယောက် မဟုတ်ပေမယ့် ကျွန်တော့်အတွက်ကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးတယောက်လိုပါပဲ…. သူမက တီတီတာတာချစ်စကားတွေ အများကြီးမပြောတတ်ပေမယ့် ကျွန်တော့် မျက်စိထဲမှာတော့ သူမလုပ်သမျှ အပြုအမူတွေအားလုံးက ချစ်စရာကောင်းနေတော့တာပါပဲ … ကျွန်တော်က တော်တော်ရူးတယ်နော် ….

သူမကလဲကျွန်တော့်ကိုတော်တော်ချစ်ရှာပါတယ်… ကျွန်တော် နိုင်ငံခြားမှာပညာသွားသင်မယ်ဆိုတုန်းက သူမငိုလိုက်တာကပြောပါနဲ့တော့ တနေလုံးပဲ … ကျွန်တော်မနဲ ချော့ယူလိုက်ရတယ် …. သူမကကျွန်တော့်ကို မခွဲနိုင်ရှာဘူးလေ…. ကျွန်တော်ကသူကို ပိုလို့တောင်မခွဲနိုင်သေး… ဒါပေမယ့် အမေ့ရဲ့  ကျွန်တော့်အပေါ်ထားတဲ့မျှော်လင့်ချက်နဲ့ ဆန္ဒကို မဖျက်ဆီးချင်ဘူးလေ…. သူမကလဲ နားလည်ပါတယ်…. “ကိုကို … ညီမကိုစိတ်မပူပါနဲ့ …. ကို့ဘ၀ကောင်းစားဖို့ နဲ့ ကို့အမေဆန္ဒ ပြည့်ဖို့ကို အရင်လုပ်ပါ” တဲ့ “ပြီးမှ ညီမတို့ ပြန်ဆုံကြတာပေါ့” တဲ့…. “ညီမ ကိုကိုပြန်လာ သည်အထိစောင့်နေပါ့မယ်” တဲ့….. ဘယ်လောက်အလိုက်သိပြီး ချစ်ဖို့ကောင်းလဲ …. အမေရေ အမေ့ အတွက် တိမ်လွှာက အလိမ္မာ အိမ်ပါ ချွေးမလေးတယောက်ပါဗျာ ….

ကျွန်တော်ကလဲ… တိမ်လွှာ့ကို ကတိတစ်ခုပေးခဲ့တယ်… “ကိုကို နိုင်ငံခြားမှာ ပညာသင်ပြီးလို့ ပြန်လာရင် ကိုကို နဲ့ ညီမနဲ့ မိဘတွေကို အသိပေးပြီးစေ့စပ်ကြမယ်နော် ပြီးတော့ ကိုကို ညီမအပေါ် အမြဲသစ္စာရှိနေပါ့မယ်လို့လဲ ကတိပေးပါတယ်” … တိမ်လွှာကလဲ “ကိုကို့ သဘောပါပဲ” တဲ့…. ရှက်ပြုံးလေးနဲ့ပေါ့ …. သတိရလိုက်တာ တိမ်လွှာရယ် …

အခုကျွန်တော်ပြန်သွားရင် မေမေ့ဆီမှာခွင့်တောင်းပြီး တိမ်လွှာနဲ့ စေ့စပ်မယ်… အမှန်က မေမေရောညီမလေးရော ကျွန်တော်နဲ့ တိမ်လွှာ့အကြောင်းကို သိထားပြီးသားပါ… စေ့စပ်မယ့်ကိစ္စကိုပဲ အသိမပေးရသေးတာ… ကျွန်တော်နဲနဲတော့ ကြောက်နေတယ်… အမေသဘောတူပါ့မလားလို့ပေါ့… ဒါပေမယ့်သိပ်စိတ်ပူစရာတော့မလိုပါဘူး… အမေကကျွန်တော်နဲ့ တိမ်လွှာ့ကိုသဘောမတူဘူးလို့မှ မပြောထားတာ အမေကသူမကြိုက်တဲ့ကိစ္စဆိုရင် အစကတည်းကကြိုပြောတတ်တယ်လေ…


သြော်… ကျွန်တော်ပြန်လာမယ့်အကြောင်းကို တိမ်လွှာမသိစေနဲ့နော်… ကျွန်တော်သူ့ကို အံ့သြသွားအောင်လုပ်မလို့… သူမက surprise လုပ်တာကြိုက်တယ်လေ…



………………………….. ဆက်ရန် ..............................
ဝတ္ထု = ယမင်းဥမ္မာ

Thursday, August 14, 2008

သ၀န်တိုသူ (song)


ဒါကယမာရေးထားတဲ့ သီချင်းရဲ့  မူလသီချင်း link လေးပါ ....
http://www.youtube.com/watch?v=uOfOpLHBYPQ


နင်တနေကုန် အချိန်တွေ ဖြုန်းလို့ကုန်ရင်…….
ငါ့ရဲ့ အနားကို မင်းအမြဲရောက်တယ် ပြီးတော့လူတိုင်းမြင်အောင်ကဲပြမယ်…..

နင်ဘယ်နေရာမှာ ဘယ်လိုမိန်းကလေးတွေနဲ့…
တွေ့ခဲ့သေးတယ် ဒို့တော့မသိကွယ်….. မင်းရဲ့ စိတ်နဲ့ရင်မှာမောရတယ်……

ဒီတိုင်းပဲမင်းနဲ့ ရှေ့ဆက်သွားရင် တနေ့မှာတော့ ဘာဖြစ်မယ်ငါမသိ…..
တခြားနောက်တယောက်နဲ့ မင်းပါသွားရင် တို့ရင်ထဲ….. အိုမင်းတွေးကြည့်…..



ဒီလိုဆိုရင်မဖြစ်ဘူး ချစ်တဲ့သူရယ် ငါကိုယ်တိုင်မြင်နိုင်မှ စိတ်ချနိုင်မယ်….
သူများတွေပြောတဲ့စကားလဲ ယုံဖို့ရာသိပ်ခက်ခဲ……

သ၀န်ကြောင်တယ်လို့နင်ပြောလဲ လက်ခံတယ်….
အူတိုတယ်လို့နင်ပြောလဲပဲ မှန်တယ်……

ဒို့တကယ်ချစ်တာမင်းပဲ…. အချစ်ဦးဟာမင်းတယောက်ပဲ……
မင်းအကြောင်းပဲတနေကုန်စုံစမ်းမယ်….. မင်းအနားမှာပဲအမြဲနေမယ်….


.....................................


သီချင်းရေး = ယမင်းဥမ္မာ
သံစဉ် = S.H.E

Thank you all ! :P

Sunday, August 3, 2008

ဟာသများ (၃)


If big elephants have big trunks, do small elephants have suitcases?

.................................

ဆရာမ ။ ။ မင်းအဖေက မင်းရဲ့  ဒီအိမ်စာကို ကူလုပ်ပေးလိုက်သေးလား ။
ကျောင်းသား ။ ။ ကူမလုပ်ပေးပါဘူး ဆရာမ ။ သူ့ဘာသာသူ အကုန်လုပ်သွားတာပါ ။

.................................

ယောက်ျား။ ။ ကို မင်းအတွက်ဆို ကမ္ဘာမြေ အဆုံးအထိ သွားရဲတယ် ။
မိန်းမ ။ ။ ကမ္ဘာကြီးက ဘယ်မှာများ ဆုံးလို့လဲ ....

ယောက်ျား။ ။ ကို့ အသက်ကို မင်းလက်ထဲပေးအပ် ပါတယ်ကွာ ။
မိန်းမ ။ ။ sorry ပဲနော် ... ကျွန်မက အပေါစားပစ္စည်းတွေ လက်မခံတတ်ဘူး ။

ယောက်ျား။ ။ ကို အရာအားလုံးကို မင်းနဲ့ မျှဝေချင်တယ်ကွာ ။
မိန်းမ ။ ။ ok လေ ဒါဆို ကို့ရဲ့  bank account pin number အရင်စပေး... :)

.................................

Son: Dad, what is an idiot?
Dad: An idiot is a person who tries to explain his ideas in such a strange and long way that another person who is listening to him can't understand him. Do you understand me?
Son: No.

.................................

A: Hey, man! Please call me a taxi.
B: Yes, sir. You are a taxi.

.................................

Teacher: "Nick, what is the past participle of the verb to ring?"
Nick: "What do you think it is, Sir?"
Teacher: "I don't think, I KNOW!"
Nick: "I don't think I know either, Sir!"

.................................
Thanks all :P

အဲဒီဖုန်းပေါ့ ... ???


အဲဒီနေ့တုန်းက အိမ်မှာ သူမတယောက်ထဲရှိနေခဲ့တယ် … စာလုပ်မယ်ဆိုပြီး မိသားစုနဲ့အတူ အမျိုးတွေဆီကို မလိုက်သွားခဲ့ဘူး … သူမကအခု၈တန်းစတက်နေပြီလေ … သူမကစာအရမ်းကြိုးစားတဲ့လူတော့ မဟုတ်ဘူး … ဒါပေမယ့် စာမေးပွဲကနီးနေပြီဆိုတော့ … အဲ…စာကျက်ရပြီပေါ့ … သူမအကျင့်ကအဲ့လိုမျိုးရယ် … စာမေးပွဲနီးကာမှ အသည်းအသန်လုပ်တာ …
ဘယ်သူမှအိမ်မှာရှိမနေပေမယ့် အခန်းတံခါးပိတ်ပြီး စာလုပ်နေတယ် … သူမကကြောက်တတ်တယ်လေ (သရဲ) … (သရဲဆိုတာ ဘယ်လိုမျိုးလဲ ကြောက်တတ်တဲ့လူကိုမှ ပိုခြောက်တာလား သိဘူးနော်… ဟဲဟဲ … စတာပါ မကြောက်နဲ့နော် …) … အဲဒီအချိန်မှာပဲ သူမအသံတစ်ခုကိုရုတ်တရက် ကြားလိုက်ရတယ် ... သြော် .. ဖုန်းမြည်သံပါ ... သူမအခန်းတံခါးကိုဖွင့်ပြီး ဟိုတစ်ဖက်ခန်းက ဖုန်းကိုသွားကောက်ကိုင်လိုက်တယ်…
“ဟဲလို … ” … ???ဘာစကားသံမှ သူမပြန်မကြားရဘူး … သူမကြောက်စိတ်တွေဝင်လာတယ် … ဒါပေမယ့် သူမကိုယ်သူမ ခိုင်မာသောဆုံးဖြတ်ချက်ပေးလိုက်ပုံက … “ဘယ်သရဲမှ ဖုန်းမပြောတတ်ဘူးကွ … သူတို့ကနာနာဘာဝတွေဟာကို ဘုရားကဖုန်းဆက်ခွင့်ပြုမှာမဟုတ်ဘူး…”တဲ့ ( ဘာမှဟုတ်ဘူး … သူဘာသူမကြောက်အောင် လျှောက်ပြောနေတာ) ….
“ရှူး ရှဲ … ရှူး ရှဲ … ” …“ဘာလဲဟ … ” … ???
အဲဒီ တဖက်က အသက်ရှူသံ စူးစူးရှရှ ကြီးကိုလဲ ကြားရော … သူမကြောက်လာပြန်ရော … ဒါပေမယ့် သူမပြန်ပြီးကြောက်စိတ်ကိုဖျောက်လိုက်ပါသေးတယ် … ဒီလိုလေ …
“ဘယ်သရဲက အသက်ရှူနိုင်မှာလဲဟ … သူတို့ကသေသွားပြီပဲဟာ … အသက်ရှူရပ်သွားပြီ ဟုတ် ? အေး ဟုတ်တာပဲ … ”သြော် … ထောက်ခံမယ့်သူမရှိတော့ ကိုယ့်ဘာကိုယ်ပြန်ထောက်ခံနေရတယ် … သနားစရာ … သူမဖုန်းကို ဆက်မကိုင်ထားချင်တော့ဘူး … ဒါပေမယ့်ချလဲမချလိုက်ချင်ဘူး … ဘာလို့မှန်းလဲ သူမကိုယ်တိုင်မသိ … ၃မိနစ်လောက် အကြာမှာတော့ ဟိုဘက်ကဖုန်းချလိုက်တယ် … သူမအခန်းကို သူမပြန်သွားခဲ့တယ် … စာကျက်စားပွဲမှာထိုင်ချပြီးတာကြာပြီဖြစ်ပေမယ့် … သူမစာဆက်မကျက်နိုင်ခဲ့ဘူး … စိတ်တွေလေနေခဲ့တယ် … ဘာကြောင့်ရယ်မသိ … မဝေခွဲနိုင်ပဲ … စိတ်တွေပြိုလဲယိုင်နေလေရဲ့  …
အဲဒီနေ့ကစပြီး ၆လ၇လလောက်အထိ အဲဒီဖုန်းက နေ့တိုင်းလာနေခဲ့တယ် တခါမှလဲ စကားပြန်မပြောဘူး … တခါတလေဆိုရင် တနေ့ထဲနဲ့တင်ကို ၂ခါတောင်လာတာ … ပြီးတော့ ထူးဆန်းတာက သူမရဲ့ မိဘတွေမရှိတဲ့အချိန်ဆိုရင်ဖုန်းကလာပြီ … စစချင်းတော့သူမ သံသယလဲဖြစ်တယ် ကြောက်လဲကြောက်တာပေါ့နော် … နောက် လနဲ့ချီပြီး ကြာလာတော့လဲ သူမရိုးသွားပြီလေ … တခါတလေ အဲဒီဖုန်းမလာရင်တောင် သူမကမျှော်နေမိတတ်တာ … အကျင့်ကဖြစ်နေတာကိုး …. နောက်ပိုင်းတော့ အဲဒီဖုန်းက တရက်ခြားတခါပဲ လာတော့တယ် …
ဒီလိုနဲ့ သူမလဲ ၈တန်းအောင်ပြီးလို့ ၉တန်းရောက်လာတဲ့အချိန်မှာ… အဲဒီဖုန်းမလာတော့ဘူး… သူမလဲမေ့မေ့ လျော့လျော့နေနေခဲ့တယ် … ဒါပေမယ့် ၂လလောက်အကြာမှာ အဲ့ဖုန်းပြန်လာခဲ့တယ်… ဒါပေမယ့် အရင်ကလိုတော့ နေ့တိုင်းလဲမဟုတ်တော့ဘူး တရက်ခြားလဲမဟုတ်တော့ဘူး… ဒီတခါက တပတ်တခါ … (ဖုန်းဆက်တဲ့လူက တော်တော် စနစ်ကျတာပဲနော် … အံ့ပါ့) … သူမကတော့စိတ်ထဲမှာ ဘယ်လိုမှမခံစားရပါဘူး … ဖုန်းလာရင်ကိုင်လိုက်တာပဲ … မလာတော့လဲ မေ့နေတာပေါ့ … ဒါပေမယ့် သူမ အံ့တော့သြနေတယ်လေ … ဒီလောက်ဇွဲကောင်းကောင်းနဲ့ လာနေတဲ့ဖုန်းကို ရင်းနှီးခွင့်ရတာ ၂နှစ်တောင်ရှိပြီကိုး … ဘယ်သူဆက်တာလဲဆိုတာကိုတော့ သိချင်သား …
၁၀တန်းရောက်တော့ ဖုန်းဆက်သူက အလိုက်သိတယ်လေ … သိပ်မဆက်တော့ဘူး … တခါတလေမှဘဲ ဆက်တော့တယ် … ၁၀တန်းလဲပြီးရော သူတို့တွေအဆက်ပြတ်သွားတယ်ဆိုပါတော့ … ဒါပေမယ့် သူမ Singapore ကိုပညာသွားသင်ဖို့ ( အလေလိုက်ဖို့ … လို့မထင်လိုက်နဲ့ ..) ထွက်ခါနီးအချိန်မှာ … အဲဒီဖုန်းထပ်လာခဲ့တယ် … သူမအဲဒီဖုန်းကို နှုတ်ဆက်ချင်နေခဲ့တာ(သံယောဇဉ်ကဖြစ်နေတာကို ၃ နှစ်တောင်ဆိုတော့) ဒါပေမယ့်ပြောမထွက်ခဲ့ဘူး … ဖုန်းပိုင်ရှင်ကလည်း သိနေသလိုပဲလို့သူမခံစားရတယ်
အဲဒီနေ့က သူမနဲ့ ဖုန်းပိုင်ရှင်နဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ် (စိတ်ထဲကနေပါ အတွေးတွေနဲ့ပေါ့) ဖုန်းကိုင်ထားတဲ့အချိန်ကလဲ အရင်ကထက်ကြာခဲ့တယ် … ဒါပေမယ့် သူမတို့ နောက်တနေ့မနက်မှာပဲ အဆက်အသွယ်ပြတ်ခဲ့ရတယ် … အခုအချိန်အထိပေါ့ … သူမ မခံမရပ်နိုင်ဖြစ်နေတာက နောက်ဆုံးအချိန်အထိ ထိုသူဟာဘယ်သူလဲ (သရဲလား လူလား) ဆိုတာတောင်မသိလိုက်ခဲ့ရခြင်းပါပဲ … :P


..............................


ဒီအဖြစ်အပျက်လေးက ယမာ့ရဲ့  ဖြစ်ရပ်မှန်လေးပါ ... ဖတ်ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်... :P

Saturday, August 2, 2008

ဟာသများ (၂)


ဖရက်ဒ် = “မင်းကွာ … ငါ့ကို ဘယ်လိုလုပ် လှည့်စားရက်တာလဲကွာ … ငါမင်းကို ယုံထားတာ ။ ”


ဘာနီ = “ဒီလောက်လဲ မတုံးနဲ့လေ။ မင်းကို မယုံတဲ့သူကို မင်းဘယ်လိုလုပ် လိမ်လို့ရပါ့မလဲ …”


............................


ဆရာမ = “ဂျိန်းက အအေးမိပြီးကျောင်းမတက် နိုင်ဘူးလို့ ပြောတယ်နော်။ အခု… ကျွန်မနဲ့ စကားပြောနေတာ ဘယ် သူပါလဲ။ ”


အသံ = “ကျွန်တော့် အမေပါ ။ ”


............................


အဘိဓာန်ထဲမှာ အရှည်ဆုံး စကားလုံးက ဘယ်စကားလုံးလဲ ?


အဖြေ ။ ။ SMILES
ပထမဆုံး S နဲ့ နောက်ဆုံး S ကြားမှာ ၁ မိုင် (mile) တောင်ရှိတယ်လေ …. :P


...........................


ဇင်အေး၏ နှစ်သက်စရာဟာသများ စာအုပ်ထဲကပါ .... :P