Tuesday, December 8, 2009

**အိမ်မက်**

အိမ်မက်

အို အိမ်မက်…

မနေ့ကမက်တဲ့ ညအိမ်မက်

မင်းနဲ့ငါ… ငါနဲ့မင်း…

အတူရှိခဲ့တဲ့ ဒို့အိမ်မက်…

မင်းအိမ်မက်နဲ့ ငါ့အိမ်မက်

ပုံစံမတူနိုင် ဘောင်ဝင်နိုင်…

တူတာတစ်ခုတော့ ငါရှာကြည့်မိ

မင်းလည်းသိတယ် ငါလည်းသိ…

အိမ်မက်တိုင်းမှာ ဒို့နှစ်ယောက်လုံးရှိ…

အို အိမ်မက်…

လူတို့အိမ်မက် လူတိုင်းမက်ဖူး…

သေချာစဉ်းစား သုံးသပ်ကြည့်ပါ

အိမ်မက်အများစု ပုံဟပ်ထင်နေ

ဒါဟာ ငါတို့လိုအင်တွေ…

မသိစိတ်ကပဲလား သိပြီးသားတွေလား

ငါ့အတွက်တော့ မကွဲပြားလှ…

အို အိမ်မက်များ…

အစစ်အမှန် မဟုတ်…

ရောင်ပြန်ပဲလား… ???

အနာဂါတ်လဲ မဟုတ်…

စိတ်ကူးယဉ် သက်သက်လား… ???

ဘာပဲဖြစ်ဖြစ် …

ရောင်စုံဖြာသော မဆုံးနိုင်တဲ့

ငါတို့ အိမ်မက်များ…

4 comments:

ဆုံစည်းရာ said...

I dream, but it is real and definitely with you all the time , forever

Yaminnie’s Daydream said...

i also lah... same with u.... :)

Unknown said...

So dream dream dream ......

Unknown said...

so dream dream dream ....