Sunday, June 29, 2008

မထူးခြားလှပါ - song



ဒီ သီချင်းရဲ့  link ကို internet မှာရှာမတွေ့ သေး လို့ စာသားလေးပဲ တင်ပေးလိုက်မယ်နော်..... :P

သြော်.... ဒီသီချင်းကို မဆွေမွန်(သူငယ်ချင်း)က အရမ်းကြိုက်တာ.... ဟီးဟီး....:) သူနဲ့ ယမာနဲ့ အတူတူဆိုနေကျ ..... :P



နေရာဆုံအောင် ငါလျှောက်သွားလဲ ပျော်စရာဆိုတာမတွေ့ ရပါလား…….
ခင်မင်သူတွေကိုမေးကြည့်တယ် ပျော်စရာဆိုတာအချစ်ရှိမှလား….
ဒီကမ္ဘာကြီးကတို့အတွက်လုံးဝမတရားဘူး ဒီဘ၀ကြီးကတို့အတွက်လုံးဝမကောင်းဘူး…..
အဖော်စုံသူတွေအတွဲလေးတွေနဲ့ပျော်နေ ဒီလိုအချိန်မှာငါကတယောက်ထဲဖြစ်နေ….


-- တချိန်ချိန်တွေ့ ခွင့်ရမယ့်အချစ်ကို ငါမျှော်လင့်ခဲ့တယ်…..
အချိန်တွေနှောင်းလို့ နှစ်လရက်တွေအကုန်ကိုပြောင်းခဲ့လဲ…..
အခုထိအတွေ့ ပါတယောက်ထဲငါငိုင်နေတယ် ကျောင်းထဲဝယ်….
ကြင်သူမရှိဘူး ဘာမှလဲမထူးခြားလှတဲ့ဘ၀ထဲ…….

-- ခင်သူများကအားပေးကြတယ် ဘာမှစိတ်မပျက်နဲ့….
တကယ်တမ်းလဲ စဉ်းစားကြည့်ရင် ငါသိပ်ရူးခဲ့တယ်….
အချစ်တို့မရှိလဲတယောက်ထဲငါနေနိုင်တယ် လောကထဲ….
ပူစရာမရှိဘူး ဘာမှလဲမထူးခြားလှတဲ့အချစ်အတွက်….


သီချင်းရေး -- ယမင်းဥမ္မာ
သံဇဉ် -- S.H.E ( chinese girls group :)
thanks ..... enjoy it .......... :P

3 comments:

Yaminnie’s Daydream said...

comments plz

chu said...

I still remember u love to compose songs .. vry nice .. cheers ! I am alwaays looking forwards to urs.. :)

Yaminnie’s Daydream said...

ama eint chu yay .....
thank u for remembering my interests ... :P
arr pay nay naw .... :)