Sunday, August 3, 2008

အဲဒီဖုန်းပေါ့ ... ???


အဲဒီနေ့တုန်းက အိမ်မှာ သူမတယောက်ထဲရှိနေခဲ့တယ် … စာလုပ်မယ်ဆိုပြီး မိသားစုနဲ့အတူ အမျိုးတွေဆီကို မလိုက်သွားခဲ့ဘူး … သူမကအခု၈တန်းစတက်နေပြီလေ … သူမကစာအရမ်းကြိုးစားတဲ့လူတော့ မဟုတ်ဘူး … ဒါပေမယ့် စာမေးပွဲကနီးနေပြီဆိုတော့ … အဲ…စာကျက်ရပြီပေါ့ … သူမအကျင့်ကအဲ့လိုမျိုးရယ် … စာမေးပွဲနီးကာမှ အသည်းအသန်လုပ်တာ …
ဘယ်သူမှအိမ်မှာရှိမနေပေမယ့် အခန်းတံခါးပိတ်ပြီး စာလုပ်နေတယ် … သူမကကြောက်တတ်တယ်လေ (သရဲ) … (သရဲဆိုတာ ဘယ်လိုမျိုးလဲ ကြောက်တတ်တဲ့လူကိုမှ ပိုခြောက်တာလား သိဘူးနော်… ဟဲဟဲ … စတာပါ မကြောက်နဲ့နော် …) … အဲဒီအချိန်မှာပဲ သူမအသံတစ်ခုကိုရုတ်တရက် ကြားလိုက်ရတယ် ... သြော် .. ဖုန်းမြည်သံပါ ... သူမအခန်းတံခါးကိုဖွင့်ပြီး ဟိုတစ်ဖက်ခန်းက ဖုန်းကိုသွားကောက်ကိုင်လိုက်တယ်…
“ဟဲလို … ” … ???ဘာစကားသံမှ သူမပြန်မကြားရဘူး … သူမကြောက်စိတ်တွေဝင်လာတယ် … ဒါပေမယ့် သူမကိုယ်သူမ ခိုင်မာသောဆုံးဖြတ်ချက်ပေးလိုက်ပုံက … “ဘယ်သရဲမှ ဖုန်းမပြောတတ်ဘူးကွ … သူတို့ကနာနာဘာဝတွေဟာကို ဘုရားကဖုန်းဆက်ခွင့်ပြုမှာမဟုတ်ဘူး…”တဲ့ ( ဘာမှဟုတ်ဘူး … သူဘာသူမကြောက်အောင် လျှောက်ပြောနေတာ) ….
“ရှူး ရှဲ … ရှူး ရှဲ … ” …“ဘာလဲဟ … ” … ???
အဲဒီ တဖက်က အသက်ရှူသံ စူးစူးရှရှ ကြီးကိုလဲ ကြားရော … သူမကြောက်လာပြန်ရော … ဒါပေမယ့် သူမပြန်ပြီးကြောက်စိတ်ကိုဖျောက်လိုက်ပါသေးတယ် … ဒီလိုလေ …
“ဘယ်သရဲက အသက်ရှူနိုင်မှာလဲဟ … သူတို့ကသေသွားပြီပဲဟာ … အသက်ရှူရပ်သွားပြီ ဟုတ် ? အေး ဟုတ်တာပဲ … ”သြော် … ထောက်ခံမယ့်သူမရှိတော့ ကိုယ့်ဘာကိုယ်ပြန်ထောက်ခံနေရတယ် … သနားစရာ … သူမဖုန်းကို ဆက်မကိုင်ထားချင်တော့ဘူး … ဒါပေမယ့်ချလဲမချလိုက်ချင်ဘူး … ဘာလို့မှန်းလဲ သူမကိုယ်တိုင်မသိ … ၃မိနစ်လောက် အကြာမှာတော့ ဟိုဘက်ကဖုန်းချလိုက်တယ် … သူမအခန်းကို သူမပြန်သွားခဲ့တယ် … စာကျက်စားပွဲမှာထိုင်ချပြီးတာကြာပြီဖြစ်ပေမယ့် … သူမစာဆက်မကျက်နိုင်ခဲ့ဘူး … စိတ်တွေလေနေခဲ့တယ် … ဘာကြောင့်ရယ်မသိ … မဝေခွဲနိုင်ပဲ … စိတ်တွေပြိုလဲယိုင်နေလေရဲ့  …
အဲဒီနေ့ကစပြီး ၆လ၇လလောက်အထိ အဲဒီဖုန်းက နေ့တိုင်းလာနေခဲ့တယ် တခါမှလဲ စကားပြန်မပြောဘူး … တခါတလေဆိုရင် တနေ့ထဲနဲ့တင်ကို ၂ခါတောင်လာတာ … ပြီးတော့ ထူးဆန်းတာက သူမရဲ့ မိဘတွေမရှိတဲ့အချိန်ဆိုရင်ဖုန်းကလာပြီ … စစချင်းတော့သူမ သံသယလဲဖြစ်တယ် ကြောက်လဲကြောက်တာပေါ့နော် … နောက် လနဲ့ချီပြီး ကြာလာတော့လဲ သူမရိုးသွားပြီလေ … တခါတလေ အဲဒီဖုန်းမလာရင်တောင် သူမကမျှော်နေမိတတ်တာ … အကျင့်ကဖြစ်နေတာကိုး …. နောက်ပိုင်းတော့ အဲဒီဖုန်းက တရက်ခြားတခါပဲ လာတော့တယ် …
ဒီလိုနဲ့ သူမလဲ ၈တန်းအောင်ပြီးလို့ ၉တန်းရောက်လာတဲ့အချိန်မှာ… အဲဒီဖုန်းမလာတော့ဘူး… သူမလဲမေ့မေ့ လျော့လျော့နေနေခဲ့တယ် … ဒါပေမယ့် ၂လလောက်အကြာမှာ အဲ့ဖုန်းပြန်လာခဲ့တယ်… ဒါပေမယ့် အရင်ကလိုတော့ နေ့တိုင်းလဲမဟုတ်တော့ဘူး တရက်ခြားလဲမဟုတ်တော့ဘူး… ဒီတခါက တပတ်တခါ … (ဖုန်းဆက်တဲ့လူက တော်တော် စနစ်ကျတာပဲနော် … အံ့ပါ့) … သူမကတော့စိတ်ထဲမှာ ဘယ်လိုမှမခံစားရပါဘူး … ဖုန်းလာရင်ကိုင်လိုက်တာပဲ … မလာတော့လဲ မေ့နေတာပေါ့ … ဒါပေမယ့် သူမ အံ့တော့သြနေတယ်လေ … ဒီလောက်ဇွဲကောင်းကောင်းနဲ့ လာနေတဲ့ဖုန်းကို ရင်းနှီးခွင့်ရတာ ၂နှစ်တောင်ရှိပြီကိုး … ဘယ်သူဆက်တာလဲဆိုတာကိုတော့ သိချင်သား …
၁၀တန်းရောက်တော့ ဖုန်းဆက်သူက အလိုက်သိတယ်လေ … သိပ်မဆက်တော့ဘူး … တခါတလေမှဘဲ ဆက်တော့တယ် … ၁၀တန်းလဲပြီးရော သူတို့တွေအဆက်ပြတ်သွားတယ်ဆိုပါတော့ … ဒါပေမယ့် သူမ Singapore ကိုပညာသွားသင်ဖို့ ( အလေလိုက်ဖို့ … လို့မထင်လိုက်နဲ့ ..) ထွက်ခါနီးအချိန်မှာ … အဲဒီဖုန်းထပ်လာခဲ့တယ် … သူမအဲဒီဖုန်းကို နှုတ်ဆက်ချင်နေခဲ့တာ(သံယောဇဉ်ကဖြစ်နေတာကို ၃ နှစ်တောင်ဆိုတော့) ဒါပေမယ့်ပြောမထွက်ခဲ့ဘူး … ဖုန်းပိုင်ရှင်ကလည်း သိနေသလိုပဲလို့သူမခံစားရတယ်
အဲဒီနေ့က သူမနဲ့ ဖုန်းပိုင်ရှင်နဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ် (စိတ်ထဲကနေပါ အတွေးတွေနဲ့ပေါ့) ဖုန်းကိုင်ထားတဲ့အချိန်ကလဲ အရင်ကထက်ကြာခဲ့တယ် … ဒါပေမယ့် သူမတို့ နောက်တနေ့မနက်မှာပဲ အဆက်အသွယ်ပြတ်ခဲ့ရတယ် … အခုအချိန်အထိပေါ့ … သူမ မခံမရပ်နိုင်ဖြစ်နေတာက နောက်ဆုံးအချိန်အထိ ထိုသူဟာဘယ်သူလဲ (သရဲလား လူလား) ဆိုတာတောင်မသိလိုက်ခဲ့ရခြင်းပါပဲ … :P


..............................


ဒီအဖြစ်အပျက်လေးက ယမာ့ရဲ့  ဖြစ်ရပ်မှန်လေးပါ ... ဖတ်ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်... :P

3 comments:

Wei Min said...

သရဲ တော့မဖြစ်နိုင်ဘူးဆိုတော့ သရဲတပိုင်း လူတပိုင်းပေါ့

Swe Mon Aung said...

ha ha...အဲဒါ သရဲ..သရဲ သိလား.....
huu..taw taw kyo sar pan sar type lite ya tal..
kg ko muu twar tar bae.
yo.. nin taw taw dote kha pay tal.. thi lar
:P

Unknown said...

a ku kaw hin. Ae di katalka asatpyat twar tar larr. Ta Myo Pal Naw.