Saturday, October 25, 2008

မိုးတိမ်…

ကလေးအတွေးနဲ့ တနေ့နေ့မှာ
လိုချင်တာရလာမှာပဲလို့
မျှော်လင့်ခဲ့ဖူးတယ်…

တဖြည်းဖြည်းနဲ့
အချိန်တွေကြာ
ဆွေးမြေ့ခဲ့တယ်
လိုချင်နေတာ
ဟိုးအဝေးမှာ ရှိနေတုန်းပဲ…

အိမ်မက်တွေလည်းမက်နေဆဲ
လိုချင်စိတ်လဲ မက်မပြေပဲ
မျက်ရည်တွေသာ
ဝေ့ကာဝဲလာတယ်…

မိန်းကလေးဘ၀တဲ့
ခံရခက်တယ်…
တိတ်တခိုးလေးနဲ့
လိုချင်နေခဲ့
ကြိတ်ပိုးလေးလို့တော့
မပြောရက်လိုက်ပါနဲ့…



မင်းကဘာလို့ မသိနိုင်တာလဲ…
ငါ့အနားဘာလို့ မရှိနိုင်တာလဲ….
စကားလုံးတွေလဲ တိတ်ဆိတ်နေဆဲ…
မင်းအကြည့်တွေက သူစိမ်းတစ်ယောက်လိုပဲ…

မျှော်လင့်နေခဲ့ မင်းရဲ့  အချစ်ကို…
ဘယ်တော့များမှ ရနိုင်မှာလဲ…
မျက်ရည်တွေနဲ့ ရှက်နေဆဲ…
မင်းရဲ့  အချစ်က
မိုးတိမ်လိုပါပဲ…

....................~~~....................

ကဗျာ = ယမင်းဥမ္မာ

1 comment:

ဗီလိန် said...

အရေးအသားတွေအရမ်းကောင်းတယ်။ လုပ်ထား