Friday, October 17, 2008

ချစ်သောတိမ်လွှာသို့... (PART THREE) ...

ဒီနေ့မနက် အိပ်ရာကနိုးတဲ့ပုံက မမိုက်ပါဘူးဗျာ …. ကုတင်ပေါ်ကပြုတ်ကျပြီးနိုးရတယ်လို့… သြော်ဘယ်လိုပဲနိုးနိုးပါ… တိမ်လွှာလေးနဲ့ ဒီနေ့တွေ့ ရမှာပဲဟာ… ဟီးဟီး….


တိမ်လွှာတို့ အိမ်ရှေ့ ရောက်တော့ အထုပ်အပိုးတွေနဲ့ကားပေါ်ကဆင်းလာတဲ့ တိမ်လွှာ့အမေကိုတွေ့ ရတယ်
ကျွန်တော်စိတ်ပျက်သွားတယ်ဗျာ… ဘယ်နှယ့်ကွာ…. ယောက္ခမလောင်းကြီး ခရီးကပြန်လာမှ ငါရောက်ရတယ်လို့ကွာ…. စောစောရောက်ရင်ကောင်းသား… မထူးတော့ပါဘူးလေ… လောကွက်နဲနဲ သွားချော်ဦးမှ….


“အန်တီ… နေကောင်းပါစနော်…”
“သြော်… မောင်ကလိန်ပေါသွပ်ပါလား…. ပြန်ရောက်တာ ကြိုလဲ အကြောင်းမကြားဘူး… အခုမှ ဗြုန်းစားကြီးကွယ်… ”
“တိမ်လွှာက surprise ကြိုက်လို့ သူပျော်သွားအောင် ရုတ်ချည်း ရောက်ချလာတာပါ…. အန်တီကလဲ ကျွန်တော့်ကို ကလိန်ပေါသွပ်လို့ မခေါ်ပါနဲ့ဗျာ တိမ်လွှာလုပ်တာနဲ့ပဲ ကျွန်တော့်နာမည်လဲ ပျက်ပြီ…သမိန်ပေါသွပ်ဆို ဟုတ်တုတ်တုတ်…”
ကျွန်တော့်ကို ကလိန်ပေါသွပ်လို့ တိမ်လွှာကစခေါ်လိုက်ရာကနေ… အသိတွေ အကုန်လုံးက လိုက်ခေါ်ကုန်ရောဗျာ…


“မင်းက ပေါက်ကရလုပ်ဖို့ ပေါဖို့ သွပ်ဖို့ အတွက် ကလိန်ကျလွန်းတာကိုးကွယ့်… အကျင့်လေးလဲ ပြင်ဦး…” ဟုသာ အန်တီကပြုံးစစ နှင့်ပြောလေသည်…
“ဟုတ်ကဲ့ပါ… ဟဲဟဲ… ဒါနဲ့ အန်တီ ဘယ်ကပြန်လာတာလဲ ”
“အေး မင်းမသိသေးဘူးပဲ… တိမ်လွှာလေး ၁ပတ်လောက်ဆေးရုံတက်လိုက်ရတယ်လေ… ဒီနေ့မှ ပြန်ရောက်တာ… ခုနတုန်းကပဲ သူအိမ်ပေါ်တက်သွားတာ… ”
“ဗျာ… ကျွန်တော်နဲ့ လွန်ခဲ့တဲ့ ၃ပတ်လောက်က ဖုန်းပြောတုန်းက အကောင်းကြီးပါ…ဘယ်လိုဖြစ်သွားလို့ လဲဗျာ…”
ဟုသာ သင်္ကာမကင်း စိုးရိမ်တကြီးမေးမိသည်…


“အဲဒီအချိန်ကတော့ အကောင်းကြီးပဲ… နောက် တပတ်လောက်နေတော့ သူ နှလုံးအောင့်အောင့် ပြီးမောနေတယ် ပြောတာပဲ… ဒါနဲ့ပဲ အန်တီတို့က ရိုးရိုးမောတာထင်ပြီး နားနားနေနေပဲ နေခိုင်းထားတယ်… နောက် ၅ရက်လောက်ရှိတော့ နေပူပူကြီးထဲ သစ်ပင်ရေလောင်းနေရာကနေ ငေါက်ခနဲ မူးလဲကျသွားတော့တာပဲကွယ်… အန်တီတို့ သွားထူတော့ သူသတိလစ်နေတယ်… တကိုယ်လုံးလဲ ချွေးတွေနဲ့ နင့်နေတာပဲ… အန်တီတို့မှာစိတ်ပူပြီး ပျာပျာသလဲကိုဖြစ်လို့ အဲဒါနဲ့ ဆေးရုံတင်လိုက်ရတယ်လေ”ကျွန်တော်လဲ သူပြောသမျှကို နားထောင်ပြီး တိမ်လွှာ့ကို စိတ်ပူသွားတာနဲ့…


“တိမ်လွှာက ဘာဖြစ်တာတဲ့လဲ... အန်တီ”…..
“ဆရာဝန်ကပြောတော့ သူတော်တော်အားနည်းနေတယ်တဲ့… ဂလူးဂို့စ်တွေတော်တော်သွင်းလိုက်ရတယ်… ရုပ်ကလည်းတော်တော် အိုကျသွားလိုက်တာကွယ်… အခုတော့ကောင်းသွားပါပြီ… အားဆေးပေါင်းစုံ သွင်းလိုက်ရတယ်လေ … သူ့ကိုအားရှိတာစားဖို့လဲ တိုက်တွန်းပါဦးကွယ်… သူကအစားချည်းများတာ မင်းလဲအသိပဲ… ”
“ဟုတ်ကဲ့ … ဒါဆို ကျွန်တော်သူ့ကို သွားတွေ့ လိုက်ဦးမယ်နော်… ”
“အေးအေး ဒါနဲ့ ဒီနေ့ အိမ်မှာထမင်းစားပြီးမှပြန်နော်…”
“စိတ်ချအန်တီ… အဲဒီတာဝန်တော့ မပျက်ကွက်စေရပါဘူး ဗျာ…”

.......................................
ဆက်ရန် -မျှော်-

2 comments:

ဗီလိန် said...

ဆက်ရေးဦး။ မသေနဲ့နော်။ သေတာကောင်းဘူး။ :)

Wei Min said...

ယောက္ခမလောင်းကြီးကိုတွေ့ လိုက်တာနှင့်တစ်ပိုင်းပြီးသွားပါလား။ ဇာတ်လမ်းက နည်းတစ်မျိုးကြီးပဲနော်။ ၇ယ်၇တော့မှာလား၊ ငိုရတော့မှာလား ?