Thursday, November 27, 2008

ကာတွန်းကားလေး... Madagascar

အားလုံးသိတဲ့ အတိုင်းပဲ…. ပို့စ်တင်ရမှာ အပျင်းဆုံးဖြစ်တဲ့ ယမာ့ကိုမှ လာတက်ခ် ထားကြတော့လဲ…. စိတ်ရှည်လက်ရှည်…. လည်ပင်းရှည် အောင်စောင့်ကြပေါ့ … ငှဲ ငှဲ…
ကဲကဲ… စိတ်ကောင်းနေတုန်းလေး ရေးပေးလိုက်ဦးမှ… အစ်ကိုကြီး… ဗီလိန် Tag ထားတာလေး ရေးပေးမယ်နော်…

အခုပြောပြမယ့် ကာတွန်းကားလေး ကတော့ ဒါရိုက်တာ Eric Darnell နဲ့ Tom McGrath တို့ ရိုက်ထားတဲ့ Madagascar ဆိုတဲ့ကာတွန်းကားလေးပဲ ဖြစ်ပါတယ်… သိကြပြီးသားထင်ပါတယ်… (သိရင်… သိတယ်ပြော … မသိလဲ … သိတယ်ပြော… ရေးရတာပျင်းလို့ :)
အဲဒီကားထဲမှာ Alex the lion, Marty the zebra, Gloria the hippo နဲ့ Melman the giraffe ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိတယ်… သူတို့ ၄ယောက်က New York ကတိရိစ္ဆာန်ရုံမှာ နေတာ ၁၀နှစ်တောင်ရှိပြီ… ဒါပေမယ့် Marty ကသူ့မွေးနေ့ရောက်တော့ အပြင်လောကမှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာနေရတဲ့ ဘ၀ကိုဆုတောင်းလိုက်ပြီး… အဲဒီညမှာပဲ… တိရိစ္ဆာန်ရုံကနေ ထွက်ပြေးလာခဲ့တယ်… သူပျောက်သွားတော့ သူ့ သူငယ်ချင်းတွေက စိတ်ပူပြီး… သူတို့ပါ Marty နောက်လိုက်ရှာခဲ့ကြတာပေါ့…
ကံဆိုးချင်တော့ Marty ကိုလဲ ပြန်တွေ့ရော တိရိစ္ဆာန်ရုံက သူတို့ လေးယောက်နဲ့တကွ… သူတို့နောက်က ခိုးလိုက်လာတဲ့ မျောက်နှစ်ကောင်နဲ့ ပင်ကွင်း ၄ကောင်ကိုပါ... ဖမ်းမိသွားတာပေါ့… ဒါနဲ့ပဲ မိသွားတဲ့ အကောင်တွေကို zoo transfer လုပ်ဖို့ သင်္ဘောနဲ့ တင်ခေါ်အသွား… Alex နဲ့ Marty စကားများပြီး… သူငယ်ချင်းလေးယောက်လုံး… သင်္ဘောပေါ်က ပြုတ်ကျသွားကြရော…
နောက်တနေ့ကျတော့ သူတို့ ၄ယောက်လုံး ဘယ်လူမှမနေတဲ့ … Madagascar ကျွန်းပေါ်ကို အသီးသီးရောက်နေကြတယ်… နောက်ပိုင်းကိုတော့ ဆက်ပြောပြတော့ဘူးနော်… ဗီဗီပြောသလိုပဲ… အရဿာပျက်မှာစိုးလို့ …
ဇာတ်လမ်းလေးရဲ့  သဘောကတော့ zebra လေး Marty ရဲ့  ဆန္ဒပြည့်ဝသွားပြီး… တခြားပြဿသနာတွေဖြစ်တဲ့ … ခြင်္သေ့ Alex အစာမရတဲ့ ပြဿနာတွေ ပေါ်လာတာပါပဲ… ဒါပေမယ့် ဒီဇာတ်လမ်းလေးက သူငယ်ချင်းသံယောဇဉ်နဲ့ ရိုင်းပင်းကူညီ ချစ်ခင်မှုကိုပြတဲ့ အပြင်… အရမ်းရယ်ရပြီး… ဟာသဇာတ်နှော ပေါတောတောလေးမို့ တော်တော်လေးကိုကောင်းပါတယ်…
နောက်ခံစကားပြောပေးကြတဲ့ သူတွေကတော့ ….
Chris Rock
Ben Stiller
Jada Pinkett Smith
David Schwimmer
Sacha Baron Cohen
Cedric the Entertainer
Andy Richter
တို့ဖြစ်ကြပါတယ်….

ဇာတ်လမ်းလေး ကြည့်ချင်တယ်ဆိုရင်ဖြင့် ဒီကို သွားပါ --> http://www.watch-movies.net/movies/madagascar/ …. :P
အားလုံးလဲ ကြိုက်ကြမယ်လို့ ထင်ပါတယ်…

မှတ်ချက် ။ ။ ဇာတ်ရေလည်အောင် ပြောတယ်သော skill မရှိပါသဖြင့် … သည်းခံပေးကြစေလိုပါသည်… link ထည့်ပေးတာလဲ ... အဆင်မပြေတွေဖြစ်နေပါတယ်ရှင်... sorry နော်...

ကဲ… အားလုံးပဲ… BYE BYE….. I Like to MOVE IT … MOVE IT… You Like to ... MOVE IT

2 comments:

ဗီလိန် said...

ဟဲဟဲ။ ဒီလိုလိမ္မာမှပေါ့ ဟိဟိ။

ဖိုးဂျယ် said...

I like it move, i like it move