Monday, November 24, 2008

ချစ်သောတိမ်လွှာသို့... (PART FOUR) ...

ကျွန်တော် လှေခါးပေါ်ကို စိုးရိမ်တကြီး ပြေးတက်သွားမိတယ်… အပေါ်ရောက်တော့ ဆေးသောက်နေတဲ့ကျွန်တော့် ချစ်သူတိမ်လွှာလေးကို ဖျော့တော့စွာတွေ့  လိုက်ရတယ်… သူ့ မျက်နှာလေး အရင်ကလို တက်တက်ကြွကြွရှိနေပုံမပေါ်ဘူး… အားနည်းသယောင် အားငယ်သယောင်ရှိနေတယ်… ဒါပေမယ့်ကျွန်တော်သူ့ ကို ရင်ခုန်နေဆဲပါ… ကျွန်တော့်အချစ်တွေကတော့ သူ့အပေါ်နည်းနည်းမှ မပြောင်းလဲခဲ့ပါဘူး… ကျွန်တော့်အတွေးမဆုံးခင် တိမ်လွှာလေးကကျွန်တော်ကိုမြင်လိုက်တယ်…

“ကိုကို… ဘယ်တုန်းကပြန်ရောက်တာလဲ… ညီမကိုလဲ မပြောဘူး… ကိုကို့ ကိုတွေ့လိုက်တော့ ညီမလေ လန့်သွားတာပဲသိလား… ညီမကိုကို့ ကိုသတိရလို့ လျှောက်မြင်နေတာများလားလို့… ညီမ၀မ်းသားလိုက်တာ… ကိုကို့ ကို လည်းညကအိမ်မက်မက်သေးတယ်… ထင်တော့ထင်တယ် ကိုကိုပြန်လာတော့မယ်လို့…”

မယ်မင်းကြီးမလေးတိမ်လွှာက ကျွန်တော့်ကိုမြင်ကတည်းက အပျော်လွန်ပြီး စကားတွေပြောနေတာ အခုလိုခဏရပ်လိုက်တဲ့ အချိန်ကျမှပဲ ကျွန်တော် မနည်းဝင်ပြောလိုက်ရတော့တယ်…
“ညီမရယ် စိတ်လှုပ်ရှားပြီးစကားတွေပြောနေလိုက်တာ မောနေပါဦးမယ်ကွယ်… ကိုကိုမနေ့မနက်ကပဲ ပြန်ရောက်တာ… ဘွဲ့ မယူခင်မေမေက ပြန်လာပါဦးဆိုလို့လေ… ဘာပဲဖြစ်ဖြစ်ညီမ ကိုကိုနဲ့ ရုတ်တရက်တွှေ့လိုက်တာပျော်တယ်မဟုတ်လား…”“ပျော်တာပေါ့ ကိုကိုရဲ့  … နည်းနည်းအံ့သြသွားတာပဲရှိတယ်… ”“ဟင် ကောင်မလေး… ကိုကိုနဲ့ ရုတ်တရက်တွေ့ ရတာကို နည်းနည်းပဲအံ့သြတယ်… ဟုတ်လား… ဒီကတော့လေ… သူsurprise လုပ်တာကြိုက်ပါလေစ ဆိုပြီး… ဟိုးဝေးကြီးကနေ ပြန်လာရတာကို… ဟင်းနော်…”အာ… ကိုကိုကလည်း အများကြီးအံ့သြတယ် ဟုတ်ပြီလား… တကတည်း သူကစကားလာကပ်နေတယ်…”“ဒါနဲ့ ကိုကို ကိုယ်တို့ နှစ်ယောက်လုံးအတွက် အရမ်းအရေးကြီးတဲ့ သတင်းကောင်းပြောစရာရှိတယ်… နားထောင်ချင်လား…”“အင်းပေါ့… ပြောလေ ကိုကို”
မပြောတာပဲကောင်းပါတယ်လေ… ” ကျွန်တော်လည်း ဒီလိုဒီလို ဈေးကိုင် လိုက်လေရဲ့ ….
“ဟင်ကိုကိုကလည်း … အစဖော်ပြီးကာမှ… ပြော ပြောမရဘူးပြော… မပြောရင်နော်… လျှာကိုက်လိုက်မှာနော်… ”
တိမ်လွှာက လျှာကိုက်မယ်ဆိုတာ တခြားမဟုတ်ဘူး… တရုတ်ကားတွေအကြည့်များပြီး သူ့လျှာသူကိုက်သေမယ်လုပ်နေတာ… တကယ့်သတ္တိခဲမလေး… လျှာမပြောနဲ့ ခြင်ကိုက်တာတောင်နာတယ်အော်နေတဲ့ ကလေးမလေး…
“အောင်မလေး လုပ်လဲမလုပ်ရဲပဲနဲ့ များ…”“အောင်မာ လုပ်ရဲပါ့နော်…”“ဘာလုပ်ရဲတာလဲဟင်…”“ကိုကိုနော် စကားကိုကပ်မနေနဲ့ … ပြောစရာရှိပြော…”“ကိုကို … တိမ်လွှာ့ကို အရမ်းချစ်တယ်လို့…”“ဟုတ်ပါဘူးနော်… ကိုကို အဲဒါပြောမလို့ မဟုတ်ဘူး…”“အဲဒါလဲပြောချင်တာပဲဟာ… ရင်ထဲကစစ်မှန်တဲ့ စကားတွေလေ…”
“သိပါတယ်… ဒါပေမယ့် ကိုကို ပြောမယ်ဆိုတာဘာလဲလို့ … ပြောနော်…”“အင်းပါ… ပြောပါမယ်… ကိုကို့ အမေက ကိုကိုနဲ့ ညီမတို့ကို ကိုကို ပြန်မသွားခင် စေ့စပ်ထားဖို့ကိစ္စ သဘောတူတယ်တဲ့… ညီမ မိဘတွေသဘောကိုတော့ မေးဦးလို့ပြောတယ်…”
“ဟယ်တော့ ကိုကိုကရုတ်တရက်ကြီးလုပ်ချလိုက်ပြန်ပြီ… ”“ဖုန်းထဲမှာပြောတုန်းက ညီမပဲ သဘောတူတယ်ဆို… ”
“ဟုတ်တယ်လေ… ညီမက ကိုကို ပြန်လာတာနောက်ကျမယ်ထင်တာကိုး…ပြီးတော့ အခုညီမကလဲ နေသိပ်မကောင်းဘူးလေ…”
လို့ ပြောပြီး တိမ်လွှာ့မျက်နှာလေး ညှိုးကျသွားတာတွေ့လိုက်ရတယ်…

“သြော်…တိမ်လွှာရယ်… သောက်သင့်တဲ့ဆေးတွေသောက်ပြီဲး့ အားရှိတဲ့ အစားအစာတွေကို ချေးမများပဲစားရင်… ညီမပြန်အားရှိလာမှာပါ… အခုလဲ နေကောင်းနေပြီပဲဟာ…” အားပေးစကားသာပြောရတယ်… တိမ်လွှာကိုကြည့်ရတာ အားမရဘူး… စိတ်အားငယ်နေသလိုပဲ…
“အင်းပါ ကိုကိုရယ်… ဒါဆို ကိုကို တိမ်လွှာ့မေမေနဲ့ ဖေဖေ့ဆီမှာ နားဖောက်ကြည့်လေ…”ကျွန်တော်ကလဲ နောက်ချင်ချင်နဲ့…
“ညီမရယ်… ကိုနားဖောက်ကြည့်စရာမလိုပါဘူး… တိမ်လွှာ့အမေကလဲ… နားပေါက်ပါပြီးသာ… တိမ်လွှာအဖေကတော့ နားဖောက်ခံမယ်မထင်…”
“ကိုကိုနော်… ညီမက အကောင်းပြောနေတာနော်… ဒါနောက်ရမယ့်ကိစ္စ မဟုတ်ဘူး…”“စိတ်တော်မဆိုး ညှိုးတော်မမူလိုက်ပါနဲ့ ချစ်သောတိမ်လွှာလေးရယ်… မောင်ကြီးက တိမ်လွှာလေးကိုနောက်တော်မူတာပါကွယ်…. ချစ်လို့ ကျီးစားတာပါ… အဟီး… ”
“တော်ပြီကွာ… မပြောချင်တော့ဘူး… ”“ကဲကဲ… စတာပါဆို… ကိုကိုကမပြောပဲနေမလား ပြောမှာပေါ့ သွားပြောမှာပါ… ပြောချင်လွန်းလို့ ယားနေတာပဲ…” …
“ဒါနဲ့ ညီမမှာ….”
“သားနဲ့ သမီးရေ…. ထမင်းစားလို့ရပြီ… ဆင်းလာလိုက်တော့လေ…”
(ယောက္ခမအော်သံတညံညံပေါ်လာလေရဲ့ )
“ဟုတ်ကဲ့ အန်တီ…” ကျွန်တော်ကပဲ… “ကဲ… တိမ်လွှာရေ… သွားစားစို့… ”“သူကလဲလေ… စားဖို့ဆို နှစ်ခါမပြောရဘူး…”“အဟဲ… သိသားနဲ့ ပြောမနေနဲ့.. သွားမယ်… ”
ဒီလိုနဲ့… အောက်ရောက်တော့ ယောက္ခမကြီးက ထမင်းစားပွဲမှာစောင့်နေတယ်လေ… ဆာဆာနဲ့ ၀င်စားနေရင်းနဲ့မှ သတိရတယ်… ခုနက တိမ်လွှာဘာပြောမလို့ပါလိမ့်…

******** ဆက်ရန်..... **********


No comments: