Tuesday, March 23, 2010

နှလုံးသားချင်းရင်းနှီးချင်တယ် (၃) ဇာတ်သိမ်းပိုင်း....


-->
လင်းလင်းတယောက်လဲ မန္တလေးမှာ ဆေးကျောင်းတက် ဘွဲ့ရပြီးနောက် အမေရိကားထွက်ပြီး ပညာဆက်သင်ဖို့ စိတ်ကူးနဲ့ စကောလာလျှောက်ထားတာ ကံကောင်းစွာနဲ့ စကောလာရပြီးနောက် သူမရည်းမှန်းချက်အောင်မြင်တဲ့ ဂုဏ်ယူမှုနဲ့ အမေရိကားမှာ ဆေးပညာဆက်လေ့လာခဲ့တယ်… အဲဒီမှာဘွဲ့ရပြီးနောက် သူမ အမေရိကားမှာပဲ အခြေချပြီး သူမ တတ်ထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်… ဒီအချိန်မှာ သူမအရမ်းအောင်မြင်နေပြီ… သူမကို ချစ်ခွင့်ပန်ထားတဲ့ သူမနဲ့အမေရိကားမှာဆေးပညာအတူတူလေ့လာနေတဲ့ သူမဘက်က အစ်ကိုလိုသာ သဘောထားတဲ့ အောင်မိုး ဆိုတဲ့ သူငယ်ချင်းဆရာဝန်နဲ့ သူမတို့ကို မိဘတွေကသဘောတူနေပြီဖြစ်ပေမယ့်…့ သူမရင်ထဲမှာ ငယ်ချစ်ဦး ထွန်းမင်းကို အခုချိန်ထိမေ့လို့မရသေးဘူး… အခုဆိုရင် သူတို့ နှစ်ယောက် အဆက်အသွယ်ပြတ်ခဲ့တာ ၁၀နှစ်တောင်ကျော်ခဲ့ပြီပေါ့… သူမအသက်လဲ ၂၇ နှစ်ရှိခဲ့ပြီ… သူမတွေးမိတာက ထွန်းမင်းတယောက်လဲ အိမ်ထောင်ပြုပြီးလောက်ရောပေါ့…

လင်းလင်းနဲ့ အောင်မိုးတို့ အနေနီးခဲ့ပေမယ့် လင်းလင်း အောင်မိုးအပေါ်မှာ အစ်တယောက်ထက်ပိုပြီး တွေးကြည့် ခံစာကြည့်လို့မရခဲ့ဘူး… အခုဆိုသူမနဲ့ အောင်မိုးတို့ ဆင်ခြေဖုံးဒေသတစ်ခုက ဆေးရုံမှာ အတူတူအလုပ်ဝင်ကြတယ်… တနေ့ လင်းလင်းတို့ ဆေးရုံကို သွေးထွက်လွန်နေတဲ့ ကိုယ်ဝန်ဆောင်သည် အရေးပေါ်လူနာတယောက် ညဘက်၁၁နာရီလောက်ကြီးရောက်လာတယ်… အဲဒီနေ့ လင်းလင်းကလည်းနိုက်ဂျူတီရှိတာနဲ့ အဲဒီလူနာကို သူအပါအ၀င် ဆရာဝန်၃ယောက်လောက် မနည်းအသက်ကယ်လိုက်ရတယ်… သူခွဲစိတ်ခန်းထဲကထွက်လာတော့ အပြင်မှာထိုင်နေပြီး လူနာစောင့်နေတဲ့လူက တိုက်ဆိုင်စွာ ထွန်းမင်းဖြစ်နေတယ်… ထွန်းမင်းကသူ့ကို မမြင်ပဲ… စိတ်ပူနေတဲ့မျက်နှာနဲ့ မျက်စိမှိတ်ပြီး ဆုတောင်းနေပုံရတယ်… ဒါနဲ့ သွားနှုတ်ဆက်ဖို့ ချီတုန်ချတုန်ဖြစ်နေတုန်း… ကျန်ဆရာဝန်၂ယောက်ထဲက တယောက်က ထွန်းမင်းအနားကို လောလောကတ်သွားပြီး… မိခင်ရောကလေးပါ… အခြေအနေကောင်းကြောင်း စိတ်ပူဖို့မလိုကြောင်း… ကလေးကယောက်ျားလေးဖြစ်ကြောင်းပြောနေတော့… လင်းလင်းသဘောပေါက်လိုက်ပြီ… သူမတွေးထင်မိတဲ့အတိုင်း ထွန်းမင်းတယောက် အိမ်ထောင်ကျသွားခဲ့ပြီ… ဒါနဲ့ သူမထိန်းနိုင်ပဲ စီးကျလာတဲ့ မျက်ရည်များကို လက်ဖမိုးနဲ့ ကမန်းကတမ်းသုတ်ပစ်ရင်း အပြေးတပိုင်းနဲ့ သူမနားနေခန်းထဲ သူမပြန်လာခဲ့တယ်…

ရုံးခန်းထဲမှာ သူမကိုသူမ တည်ငြိမ်အောင်ကြိုးစားရင်း သူမဆုံးဖြတ်ချက်တစ်ခုချမိလိုက်တယ်… ထွန်းမင်းတောင်သူမကိုမေ့ပြီး တခြားတယောက်နဲ့ အိမ်ထောင်ပြုလိုက်ပြီး ကလေးတောင်ရနေပြီပဲ… ငါလည်း ငါ့လမ်းငါသွားဖို့ အချိန်တန်နေပြီလို့ စိတ်ဆုံးဖြတ်လိုက်ပြီး… အောင်မိုးဆီ ချက်ချင်းဖုန်းကောက်ဆက်ပြီး လက်ထပ်ခွင့်တောင်းထားတာကို အဖြေပေးလိုက်တယ်… သူမ ဒီအဖြေနဲ့ ပတ်သက်လို့ နောင်တရမှုမရှိအောင် ကြိုးစားတယ်… ဒါပေမယ့် သူမ ထွန်းမင်းအကြောင်းပဲ တွေးတွေးမိနေတယ်… ထွန်းမင်းကို တွေ့ခဲ့တာ ၁လကျော်တောင်ရှိသွားပေမယ့် သူ့ရဲ့  ပုံရိပ်တွေကို သူမခေါင်းထဲက ထုတ်ပစ်လို့ မရသေးဘူ… ဟုတ်တယ် ထွန်းမင်းအရင်ကလိုပဲ ရုပ်ရည် ချောမောတုန်းပဲ… ပိုပြီးရင့်ကျက်တည်ငြိမ်လာလို့ ပိုချောလာသယောင်ထင်ရတယ်… ဒါပေမယ့် သူမအဲဒါတွေတွေးမိတိုင်း သူမကိုသူမ အပြစ်တင်တယ် မကျေနပ်ဘူး… မယားရှိတဲ့ ယောက်ျားတယောက်ကို စိတ်ကူးယဉ်တာအတွက် သူမဘာသာသူမရှက်မိတယ်…

ဒီနေ့သူမ အချိန်ပိုဆင်းနေရတယ်… ည၈နာရီလောက် အလုပ်ပြီးသွားတော့ ပင်ပန်းလာလို့ ဘတ်စ်ကားမစောင့်ချင်တော့တာနဲ့ တိုက်စီနဲ့ပဲပြန်ဖို့ စိတ်ကူးလိုက်တယ်... အရင်ဆုံးလာတဲ့ တိုက်စီပေါ် တက်ပြီး သွားမယ့်နေရာမပြောရသေးခင်မှာပဲ… သူမနာမည်ကို အံ့သြစွာခေါ်လိုက်တဲ့အသံကြားရတယ်… ကြည့်လိုက်တော့ တိုက်စီမောင်းတဲ့လူက ထွန်းမင်းဖြစ်နေတယ်… သူမလည်းအံ့အားသင့်သွားပြီး သူ့ကိုနာကျင်တဲ့စိတ်ကိုမေ့သွားကာ “ကိုထွန်းမင်း”လို့ ၀မ်းသာအားရခေါ်လိုက်မိတယ်… ဒါဟာ သူတို့နှစ်ယောက် တယောက်နာမည်တယောက် ပထမဆုံးအကြိမ်နေနဲ့ နှုတ်ကဖွင့်ခေါ်ဖူးကြခြင်းပဲ… လင်းလင်းရင်ခုန်သွားတယ်… ဒါပေမယ့် လင်းလင်းရုတ်တရက် ပြန်သတိရသွားတာက ထွန်းမင်းမှာ မယားနဲ့ သားနဲ့ ရှိနေပြီဆိုတာပဲ… ဒါကြောင့်သူမကိုသူမ ပြန်ထိန်းပြီး… ထွန်းမင်းကို ဘယ်ကနေဘယ်လိုဒီရောက်နေကြောင်းစမေးမိတယ်… ထွန်းမင်းကလည်း… သူရန်ကုန်ပြန်ရောက်ပြီး လင်းလင်းကို မတွေ့တော့တာနဲ့ သင်္ဘောလိုက်ရင်းကနေ အဆက်အသွယ်နဲ့ အမေရိကားကို ရောက်လာကြောင်း… အခုသူ မနက်ပိုင်းမှာ ရုံးဝန်ထမ်းလုပ်ပြီး ညပိုင်းမှာ တိုက်စီငှားပြီး မောင်းရင်း အပိုဝင်ငွေရှာကြောင်းပြောပြတယ်… လင်းလင်းကောက်ချက်ချမိတာက သူ့မိသားစုကို တော်တော်ချစ်ရှာမှာပဲလို့ပေါ့….

ဒါနဲ့ လင်းလင်းက စကားလမ်းကြောင်းစပြီး… အိမ်ထောင်တွေဘာတွေကျနေပြီလားလို့ မေးတော့ ထွန်းမင်းက မရှိသေးကြောင်း ပြုံးရွှင်စွာ ပြန်ဖြေတာ တွေ့တော့… လင်းလင်း သူ့ကို စက်ဆုပ်သွားမိတယ်… မယားနဲ့ သားမျက်နှာမှ မငဲ့ပဲ ညာတဲ့ အတွက်ကြောင့်ပေါ့… ဒါနဲ့ လင်းလင်းဒေါသထွက်သွားပြီး မခံချင်တာနဲ့ သူအရင်လက ဆေးရုံမှာတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြပြီး ဆက်မလိမ်ဖို့ ပြောတဲ့အခါ… ထွန်းမင်းကနေ… လင်းလင်းအထင်လွဲနေပြီဖြစ်ကြောင်း ပြောပြတယ်… အဲဒီကိုယ်ဝန်ဆောင် အမျိုးသမီးကို မိုးသည်းသည်းထဲမှာ သူ့ကားနဲ့ တိုက်မိတဲ့အတွက် ဆေးရုံခေါ်လာပြရကြောင်း… တခုခုဖြစ်ခဲ့လျှင် တရားခံကသူပဲမို့ အရမ်းစိတ်ပူခဲ့ရကြောင်း သူမကို ပြန်ရှင်းပြတယ်…

သူရှင်းပြလို့ပြီးတော့ ကားက လင်းလင်းတို့ တိုက်ရှေ့ရောက်နေပြီ… လင်းလင်းလဲ… ထွန်းမင်းအိမ်ထောင်မကျသေးကြောင်းသိလိုက်ရတော့ ပျော်သွားတယ်…ထွန်းမင်းကိုလဲ သူ့အိမ်အောက်က စားသောက်ဆိုင်ထဲခေါ်ပြီး စကားဆက်ပြောကြတယ်… ထွန်းမင်းက အဲဒီနေရာမှာပဲ… လင်းလင်းကို သူချစ်နေရတယ်ဆိုတဲ့ မိန်းကလေးက လင်းလင်းဖြစ်ကြောင်း ဖွင့်ပြောပြီး… လင်းလင်းကို ချက်ချင်းလက်ထပ်ခွင့်တောင်းလိုက်တယ်… ဒါပေမယ့် လင်းလင်းက အောင်မိုးကိုလက်ထပ်ခွင့်ပေးပြီးပြီ ဖြစ်ကြောင်းပြောလိုက်တော့… လင်းလင်း စိတ်ပြောင်းသွားရင် သူ့ကို အသိပေးပါ ဒါမှမဟုတ် မင်္ဂလာဆောင်တဲ့ အခါသူ့ကို ဖိတ်ပါဆိုပြီး… ထွန်းမင်းတယောက်လိပ်စာကတ်ထားခဲ့ပြီး… စိတ်ဓာတ်ကျစွာနဲ့ ဆိုင်က ထွက်လာခဲ့တယ်…

လင်းလင်း နောင်တတွေရနေပြီ… အောင်မိုးကိုလဲ အားနာတယ်… ထွန်းမင်းကိုလဲ သူချစ်တယ်… ဒီတော့ သူတစ်ခုဆုံးဖြတ်လိုက်တယ်… အကယ်၍ ထွန်းမင်းကို သူမ ဦးနှောက်နဲ့ တွေးပြီး လက်ခံနိုင်တဲ့ အခြေအနေရှိတယ်ဆိုရင်… သူမ အရဲစွန့်ပြီး သူမ နှလုံးသားနဲ့မဟုတ်ပဲ ဦးနှောက်သက်သက်နဲ့ ရွေးခဲ့တဲ့ အောင်မိုးကို ဖွင့်ပြောပြီး တောင်းပန်ရတော့မယ်… သူမထွန်းမင်းပေးတဲ့ လိပ်စာကတ်အတိုင်း သွားပြီး… ထွန်းမင်းရဲ့  အကြောင်းကို လက်လှမ်းမှီသလောက် စုံစမ်းခဲ့တယ်… ထွန်းမင်းရဲ့  ရုံးကိုလည်းသွားပြီး ထွန်းမင်းမသိအောင် စုံစမ်းခဲ့တယ်… အားလုံးစုံစမ်းပြီးနောက် ထွန်းမင်းကို သူမ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ လက်ခံနိုင်မှန်းသိလာခဲ့တယ်…

ဒါနဲ့ သူမ အောင်မိုးကို သူမဖြစ်ရပ်စုံကို ရှေ့မျက်နှာနောက်ထားပြီး ပြောပြတောင်းပန်ခဲ့တယ်… အောင်မိုးကလည်း မခံချင်ဖြစ်ပေမယ့် ပညာရှိ လူကြီးလူကောင်းပီပီ… သူမကို စာနာနားလည်ပေးခဲ့တယ်… ဒီလိုနဲ့ သူမ ထွန်းမင်းဆီ ဖုန်းဆက်ပြီး အိမ်အောက်က စားသောက်ဆိုင်မှာပဲ ညနေဘက်တွေ့ဖို့ ချိန်းလိုက်တယ်… ထွန်းမင်းအပြုံးမျက်နှာနဲ့ ဆိုင်ထဲဝင်လာတာကို လင်းလင်းပြုံးကြည့်နေရင်း တွေးမိတာက ဖူးစာမှန်ရင် ပြန်ဆုံကြတာပဲလေ… ထွန်းမင်းက ပျော်ရွှင်စရာ အဖြေလားလို့ မေးတော့… လင်းလင်းကနေ…
“အစ်ကို ညီမတို့ စိတ်ချင်းရော လူချင်းရော ရင်နှီးခဲ့ကြပြီးပြီ… ဒီအချိန်ကစပြီး နှလုံးသားချင်း တဘ၀လုံး ရင်းနှီးသွားကြရအောင်နော်…” လို့ ပြောလိုက်တော့ ထွန်းမင်းခမျာသေမတတ်ပျော်သွားပြီး လင်းလင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိတယ်… ထွန်းမင်းကနေ…
“ညီမအနားက အစ်ကိုဘယ်တော့မှထွက်မသွားတော့ဘူး… တသက်လုံးညီမအနားမှာပဲ ခင်ပွန်းကောင်းတယောက်နေနဲ့ ကြင်နာ စောင့်ရှောက်သွားမယ်…” ပြောပြီး နှစ်ယောက်လုံး အပျော်ကြီးပျော်ပြီး ကမ္ဘာလောကကြီးကို မေ့သွားကြတယ်…
.......................................................
အချိန်ပေးပြီး ဖတ်ပေးတဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်.....
ကွန်မန့် လေးတွေ အမှတ်တရချန်ခဲ့ပေးပါနော်...

Monday, March 22, 2010

နှလုံးသားချင်းရင်းနှီးချင်တယ် (၂)


-->
ထွန်းမင်းနဲ့ လင်းလင်းတို့ ဒီလိုအကြည့်ချင်း စကားပြောနေကြပေမယ့်… သူတို့ တကယ်တမ်းအပြင်မှာတယောက်နဲ့ တယောက်စကားပြောဖူးကြတာမဟုတ်ဘူး… ထွန်းမင်းက ဒီလိုတယောက်ခံစားချက် တယောက်မသိတာတော့ မကောင်းသေးဘူးဆိုပြီး… သူလင်းလင်းအတွက် မိတ်ဆက်စာတစောင် စရေးတယ်… ရေးပြီးသူ့သူငယ်ချင်းရဲ့  ညီမကနေတဆင့် လင်းလင်းကို ပေးလိုက်တယ်… လင်းလင်းဖတ်ပြီးနောက် ရယ်ချင်သွားတယ်… ဘာလို့လဲ ဆိုတော့ ထွန်းမင်းရေးထားပုံက…

“သို့/- ညီမ… အစ်ကို့နာမည် ထွန်းမင်းပါ… အစ်ကိုနဲ့ ညီမ တွေ့တွေ့နေတာ နှစ်ဝက်လောက်တော့ရှိပြီနော်… ဒါပေမယ့် မျက်လုံးချင်းသာရင်းနှီးနေတယ်… လူချင်းမရင်းနှီးသေးဘူးဖြစ်နေတယ်… အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ… အစ်ကိုနည်းလမ်း ရှာမရတာနဲ့ ညီမဆီအကူအညီ လှမ်းတောင်းတာ… နည်းလမ်းရှာတွေ့ရင် ချက်ချင်းစာကောက်ပြန်လိုက်ပါနော်…”
ဒီတော့ လူချင်းရင်းနှီးဖို့ လင်းလင်းကပဲ ကြံဆောင်ပေးရမလိုဖြစ်နေပြီ… ဒါနဲ့ လင်းလင်းကမဖြစ်သေးဘူးဆိုပြီး… ချက်ချင်းစာပြန်လိုက်တယ်…
“သို့/- အစ်ကို… ညီမ အမြင်နဲ့ပြောရရင် လူချင်းမရင်းနှီးခင် စိတ်ချင်းရင်းနှီးအောင် အရင်လုပ်တာကောင်းမယ်လို့ထင်တယ်… ဒီတော့ စာအဆက်အသွယ်နဲ့ပဲ ညီမတို့ခင်မင်ကြရအောင်…”

အဲဒီစာကို ထွန်းမင်းသူငယ်ချင်းရဲ့  ညီမလေးနဲ့ပဲ တဆင့်ပေးလိုက်တယ်… ထွန်းမင်းကလဲ လင်းလင်းရဲ့  အကြံကို လက်ခံပြီး… စာအဆက်အသွယ်နဲ့ ရင်းနှီးလာကြတာ ဒီလိုနဲ့ တယောက်အကြောင်းတယောက် နောကြေနေပြီ… ဒါပေမယ့် လင်းလင်းက လူချင်းရင်းနှီးဖို့ ကို ကန့်ကွက်နေတုန်းပဲ… ထွန်းမင်းကလည်း လင်းလင်းရဲ့  ဆုံးဖြတ်ချက်ကို တန်ဖိုးထားပြီး အတင်းအကြပ် မတိုက်တွန်းတော့ဘူး… တဖက်မှာလဲ ထွန်းမင်းရဲ့  မိဘတွေနဲ့ လင်းလင်းရဲ့  မိဘများကလည်း… အိမ်နီးချင်းတွေပီပီ အဝင်အထွက်ရှိနေကြတော့ လင်းလင်းက ဒီကိစ္စကို မိဘတွေနားမပေါက်ကြားစေချင်ဘူးလေ…

တနေ့ လင်းလင်းအိမ်မှာရှိနေတုန်း ထွန်းမင်းတို့အမေ လင်းလင်းတို့ အိမ်ကိုလာလည်တယ်… ဒီလိုပဲ တခါတလေ လာလည်နေကြလေ… လင်းလင်းက ကိုယ့်အခန်းထဲမှာကိုယ်နေပေမယ့်… အပြင်ကပြောတဲ့ စကားတွေကို အတိုင်းသားကြားနေရတယ်… လင်းလင်းအံ့သြသွားတဲ့စကားက ထွန်းမင်းအမေက လင်းလင်းအမေကို… “အစ်မ… ကျွန်မသား ထွန်းမင်းကိုသိတယ် မဟုတ်လား… သူက အစ်မရဲ့  သမီးလင်းလင်းကို ချစ်နေတယ်တဲ့… ကျွန်မနဲ့ ကျွန်မသားသမီးတွေက ဒီလိုကိစ္စတွေဆိုရင် ပွင့်ပွင့် လင်းလင်းပဲ… ဒါမှ မမှားသင့်တာ မမှားရအောင် အချိန်မှီထိန်းသိမ်းလို့ရမှာ…”… လင်းလင်းအမေကလည်း ရုတ်တရက်မို့ အံ့သြသွားပြီး… “သြော်… ဟုတ်လား… သမီးကတော့ ငယ်ပါသေးတယ်… သူကစာပဲကြိုးစားနေတာဆိုတော့ သူ့ရည်မှန်းချက်ပြည့်မှပဲ အချစ်ရေးကို စဉ်းစားလိမ့်မယ်ထင်ပါတယ်… ဒါနဲ့ ညီမအမျိုးသားဆီက ကျွန်မအမျိုးသားတောင်းထားတဲ့စာအုပ် ပြန်ပေးခိုင်းထားတယ်…” ဆိုပြီး… ထွန်းမင်းအမေ ပြောတဲ့ စကားကိုပိတ်လိုက်ပြီး တခြားစကားလွှဲလိုက်တယ်…

လင်းလင်း သူမကို ထွန်းမင်းချစ်နေတယ်ဆိုတဲ့ စကားကြားပြီးနောက်… လင်းလင်းအရမ်းရင်ခုန်သွားပြီး ပျော်သွားတယ်… ဒါပေမယ့် အဲဒီအပျော်က တစ်နာရီတောင်မခံလိုက်ပါဘူး… ထွန်းမင်းအမေပြန်သွားပြီး လင်းလင်းရဲ့  အဖေနဲ့အမေပြောနေတဲ့ စကားသံတွေကြားမှာပျောက်ကွယ်သွားတယ်… လင်းလင်းရဲ့ အမေက လင်းလင်းရဲ့  အဖေကို… “ခုနက… မဝေလာသွားတယ်… သူ့သားထွန်းမင်းက ကျွန်မတို့သမီးကို ချစ်နေတယ်တဲ့တော့…”လို့ပြောတော့ လင်းလင်းအဖေကနေ…“အဲဒါအဆန်းလား... လူပျိုပဲ အပျိုတယောက်ကို ချစ်ခွင့်ရှိတာပဲ…”…ဆိုတော့ လင်းလင်းအမေကပြန်ပြီး… “ရှင်ကလည်း…အဲဒီကောင်လေးက ရုပ်ကလေးသာရည်ရည်မွန်မွန်ရှိတာ… ဘွဲ့က Physics နဲ့ပဲပြီးထားတာလေ… ကျွန်မက ကျွန်မတို့သမီးကို ဆရာဝန်ကတော် အရာရှိကတော်ပဲလုပ်စေချင်တာတော့…”….

လင်းလင်းအဖေက ထပ်ပြီး… “ခင်ကလည်း… ကျုပ်တို့သမီးက ကတော်လုပ်ရမှ ဂုဏ်ရှိမျက်နှာရှိမှာမဟုတ်ဘူးလေ… သူကိုယ်တိုင်က ဆရာဝန်မကြီးဖြစ်ဖို့ ကြိုးစားနေတာခင်လည်းသိသားနဲ့”…လို့ ဆိုလာတော့… လင်းလင်းအမေက “ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို တန်းတူရည်တူပညာဂုဏ်ချင်းတူတဲ့လူနဲ့ပဲ တွဲစေချင်တာမိဘတိုင်းရဲ့  ဆန္ဒပဲရှင်…” လို့ပြန်ပြီးပြောလိုက်တယ်…

ဒီမှာလင်းလင်းစိတ်ထဲ ရှင်းရှင်းသိလိုက်ရတာက… သူ့မိဘတွေက သူ့ကိုထွန်းမင်းနဲ့ တွဲရင်သဘောမတူမှာပဲ… ဒါပေမယ့် လင်းလင်းလဲ ထွန်းမင်းကိုချစ်နေပြီ… လုံးဝမေ့ပစ်လို့မရတော့မှန်း သူမသိတယ်… အချိန်တန်ရင် ကံတရားအတိုင်းဖြစ်လာမှာပဲဆိုပြီး… မှေးပြီးနေလာခဲ့လိုက်တာ… လင်းလင်းနဲ့ထွန်းမင်းတို့နှစ်ယောက် စာအဆက်အသွယ်နဲ့ပဲရင်းနှီးလာတာ ၂နှစ်နီးပါးတောင်ရှိလာပြီ… လင်းလင်းလဲ ထွန်းမင်းကချစ်တယ်လို့ ဖွင့်မပြောသေးပေမယ့်… ထွန်းမင်းက လင်းလင်းကိုချစ်တာသိနေသလို… ထွန်းမင်းကလဲ လင်းလင်းသူ့အပေါ် ဂရုစိုက်တာ သံယောဇဉ်ရှိတာတွေသိနေတယ်...

နောက်ပိုင်း ထွန်းမင်းရဲ့ စာတွေထဲမှာ ဝမ်းနည်းမှုတွေပါလာတာတွေ့ရတယ်…သူချစ်တဲ့ကောင်မလေးရဲ့  မိဘက သူ့လိုအညတရကို လက်မခံချင်လို့ သူကြိုးစားမှဖြစ်တော့မယ် ဆိုတာတွေလဲပါလာတယ်… သူချစ်တဲ့ကောင်မလေးဆိုတာ ဘယ်သူလဲလို့ ထွန်းမင်း တခါမှမပြောသလို… လင်းလင်းလဲ တခါမှမမေးခဲ့ဘူး… သူအဲဒီကောင်မလေးနဲ့နီးဖို့ နိုင်ငံခြားထွက်ပြီး ကြိုးစားဖို့စိတ်ကူးထားကြောင်း… ပြောလာတယ်… လင်းလင်းလဲ အံ့အားသင့်သွားပြီး… ထွန်းမင်းကို မသွားဖို့ တားချင်သေးတယ်… ဒါပေမယ့် ထွန်းမင်းရဲ့  တက်လမ်းကိုမတားဆီးချင်တာနဲ့ မပြောဖြစ်ပဲ… ညည အခန်းထဲမှာ တယောက်ထဲ မျက်ရည် ကျကျ နေမိတယ်…

ဒီလိုနဲ့ လင်းလင်းနဲ့ ထွန်းမင်းတို့ အဆက်အသွယ် ပြတ်သွားတယ်ဆိုပါတော့… ထွန်းမင်းကတော့ ပြောခဲ့တယ်… သူ နှစ်နှစ်လောက်နေရင် ပြန်လာမယ်တဲ့… ဒါပေမယ့်… နှစ်နှစ်မပြည့်ခင်မှာပဲ… လင်းလင်းရဲ့  အဖေတာဝန်နဲ့ နယ်ပြောင်းရတယ်… မန္တလေးကိုလေ… ဒီတော့ လင်းလင်းလဲ မန္တလေးမှာပဲ ဆေးကျောင်းတက်ရတော့မယ်… ထွန်းမင်းပြန်အလာကို စောင့်နေမယ်ဆိုတဲ့ ကတိကိုလည်း သူမ မထိန်းနိုင်တော့ဘူး… သူမဘ၀ကို သူမပိုင်တာမှမဟုတ်ပဲ… သူမ မိဘသွားရာကို လိုက်ရတော့မှာပေါ့… ပြီးတော့ ထွန်းမင်းပြောတဲ့ သူချစ်တဲ့ကောင်မလေးဆိုတာ… သူမ ဟုတ်ချင်မှ ဟုတ်မှာပါဆိုပြီး တွေးမိလာတယ်…

သူမ မန္တလေးကို ပြောင်းသွားပြီး တစ်နှစ် အကြာမှာ ထွန်းမင်း ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်… ဒါပေမယ့် သူအရမ်းတွေ့ချင်တဲ့ လင်းလင်းနဲ့ မတွေ့ရတော့ဘူးလေ… သူနိုင်ငံခြားသွားတာလဲ ဘာမှထူးခြားမှုမရှိလာခဲ့ဘူး… ရရတာနဲ့ သုံးတာကာမိရုံလောက်ပဲမို့ အတွေ့အကြုံကလွဲလို့ သူဘာမှမစုဆောင်းမိခဲ့ဘူး… သူလင်းလင်းနဲ့ မနီးစပ်နိုင်တဲ့အဆုံး… သူရခဲ့တဲ့ အတွေ့ အကြုံနဲ့ပဲ အရင်းအနှီးလုပ်ပြီး နိုင်ငံခြားထပ်ထွက်လာခဲ့တယ်… သူ့ဘ၀ကိုလဲ အလုပ်ထဲမှာပဲ မြုံပ်နှံထားခဲ့တယ်…

..........................................
ဆက်ရန်.....
ကွန်မန့်လေးတွေထားခဲ့ပြီး... ထင်မြင်ချက်လေးတွေ ဝေဖန်မှုလေးတွေလုပ်ပေးပါဦး...

Sunday, March 21, 2010

နှလုံးသားချင်းရင်းနှီးချင်တယ် (၁)

လင်းလင်း ဒီရပ်ကွက်ကိုပြောင်းလာတာ ၈လလောက်ရှိပြီ… ဒါပေမယ့် အခုအချိန်အထိ သူမဘယ်သူနဲ့မှ မသိကျွမ်းသေးဘူး… ဒါလင်းလင်းအတွက်အဆန်းတော့မဟုတ်တော့ပါဘူး… သူမက ငယ်ငယ်လေးကတည်းက ဘယ်နေရာပဲရောက်ရောက် အိမ်အောက်ဆင်းပြီး ရွယ်တူတွေနဲ့ ကစားတတ်တဲ့ ကလေးတယောက်မဟုတ်ခဲ့ဘူး… အခုဆိုပိုတောင်ဆိုးတာပေါ့ အတန်းကြီးလာပြီဆိုတော့ စာတွေပိပြီး အိမ်အပြင်တောင်သိပ်မထွက်ဖြစ်တော့ဘူးလေ…
အခုအချိန်က ဧပြီလဆိုတော့ သင်္ကြန်ရောက်တော့မယ့်ရာသီပေါ့… လင်းလင်းက သင်္ကြန်ကိုသိပ်ချစ်တာ… ဒါပေမယ့် အခုနောက်ပိုင်းတော့ သိပ်မခင်တွယ်တော့ဘူး… ဘာလို့လဲဆိုတော့… မိဘတွေရဲ့  တားမြစ်ချက်ကြောင့်ပေါ့… စာကိုပဲကြိုးစား အပျော်အပါးလျှော့ဆိုပြီး ရေတောင်ထွက်မပက်ရတော့ဘူးလေ… နောက်လာမယ့် ကျောင်းပတ်အတွက် စာတွေအမြဲတန်းကြိုလေ့လာနေရတယ်… ဒါကြောင့်လည်း… လင်းလင်းကအတန်းထဲမှာဆို အမြဲတန်းပထမနေရာကနေ မဆင်းတော့ဘူး… ပြီးတော့လင်းလင်းရဲ့  အကြီးမားဆုံးဆန္ဒက ရေပက်ခံထွက်ဖို့ပဲ… သူ့ဘဝမှာ တခါမှာ ရေပက်ခံမထွက်ဖူးဘူးလေ… ဒါပေမယ့် ပညာရေးကပထမနေရာမှာယူထားတဲ့ လင်းလင်းဘဝအတွက် ကျန်တာအားလုံးက နောက်မှာပေါ့…


ဒီနှစ်သင်္ကြန်လဲ ဥပုဿ်သီလယူပြီး စာပဲလုပ်ဖို့ အိမ်ကအမိန့်ချမှတ်ထားတယ်… ဒီတော့သင်္ကြန်မှာမပျော်ရတာကို စိတ်နာနာနဲ့ အိမ်ထဲကအိမ်ပြင်မထွက်တော့ဘူးဆိုတဲ့စိတ်နဲ့ ဝယ်နေကျဈေးတောင် ထွက်မဝယ်တော့ဘူးလေ… သင်္ကြန်အကျနေ့ရောက်တော့… အခန်းထဲမှာ စာဖတ်နေရင်း… ဂလုံဂလွမ် အသံနဲ့အတူ လင်းလင်းရဲ့ အမေ လင်းလင်းကိုလှမ်းခေါ်သံ ကြားလိုက်ရတယ်…
ကြောင်တကောင်အိမ်ထဲဝင်ပြီး ဘုရားစင်ပေါ်ကကြေးပန်းအိုးကို တိုက်ချသွားလို့ ပန်းအသစ်လဲရမယ်တဲ့… ဒီတော့ လင်းလင်းပဲဈေးသွားပြီး ဝယ်ပေးရတော့မယ်… လင်းလင်းသက်ပြင်းတချက်ချမိတယ်… အပြင်ထွက်ရင် ရေအပက်ခံရတော့မယ်… ရေစိုရင်သင်္ကြန်ပိုးထလာပြီး ရေကစားချင်တော့မယ်… စိတ်ညစ်ပါတယ်… ဒါပေမယ့် ဘုရားကပ်ဖို့ ပန်းကလည်းမ၀ယ်လို့ မဖြစ်ဆိုတော့ သွားဝယ်လိုက်တယ်… အသွားမှာတော့ နဲနဲစောသေးလို့ထင်ပါတယ် ရေပက်တဲ့လူတွေသိပ်မရှိသေးဘူး… အပြန်ကျတော့ ရေပက်တဲ့လူတွေရှိလာပြီ… အထူးသဖြင့် လင်းလင်းတို့ တိုက်အောက်ပဲ… အဲဒီမှာ ကလေးတွေရော လူကြီးတွေရော ပလက်ဖောင်းပေါ်မှာ ရေစည်တွေချပြီး ရေပက်နေကြတာ…
ဒါနဲ့ လင်းလင်းလဲ တိုက်တံစက်မြိတ်အောက်ကနေ လူမသိသူမသိ ဖြေးဖြေးချင်း လမ်းလျှောက်ပြီး သူမတိုက်လှေခါးရောက်သည်အထိသွားမယ်ဆိုပြီးသွားရင်းကနေ… သူမတိုက်ရဲ့  ဘေးတိုက်လှေခါးကနေ ရုတ်တရက် ရေပုံးဆွဲပြီးဆင်းလာတဲ့ လင်းလင်းထက်၎နှစ်လောက်ကြီးပုံရတဲ့ အိမ်နီးချင်းကောင်လေးနဲ့ သွားတိုးတော့တယ်… ကောင်လေးနာမည်က ထွန်းမင်း… လင်းလင်းတို့နဲ့ အိမ်နီးချင်းတွေဆိုပေမယ့် အရင်ကတခါမှာမတွေ့ ဖူးကြဘူး… ထွန်းမင်းလဲ လင်းလင်းကို ရုတ်တရက် တွေ့ လိုက်တော့ကြောင်သွားသလို… လင်းလင်းလဲ ထွန်းမင်းနဲ့ သူ့ရေပုံးကို တွေ့ လိုက်တော့ ကြောက်သွားတယ်… ရေစိုမှာစိုးလို့လေ… ဒါနဲ့တယောက်နဲ့ တယောက်ဘယ်နှစက္ကန့်လောက် ရပ်ကြည့်နေလိုက်ကြမှန်းမသိဘူး… ထွန်းမင်းက ရေပုံးမလိုက်တော့မှပဲ လင်းလင်းမှင်သက်သွားပြီး “မလောင်းနဲ့” ဆိုတဲ့စကားက ပါးစပ်ကမထွက်ခင် ထွန်းမင်းရေပုံးထဲကရေတွေ လင်းလင်းကိုယ်ပေါ်မှာ ရွှဲရွှဲစိုသွားတော့တယ်…


ထွန်းမင်းက သူရေလောင်းလိုက်ရလို့ ကျေနပ်သွားတဲ့ပုံနဲ့… ဝမ်းသာအားရပြုံးလိုက်တယ်… အပြုံးဆိုတာ ကူးစက်တတ်တဲ့ပိုးလားလို့ ထင်ရလောက်အောင် လင်းလင်းပါလိုက်ပြုံးလာတယ်… နောက်လင်းလင်းလဲ ထပ်ပြီးရေလောင်းခံရမှာစိုးတာနဲ့ ကိုယ့်လမ်းကိုမြန်မြန်ဆက်လျှောက်သွားလိုက်တယ်… ထွန်းမင်းကတော့ သူအခုမှမြင်ဖူးတဲ့ အိမ်နီးချင်းတယောက်ကို ငေးကြည့်နေရင်းကျန်ခဲ့တယ်…
ထွန်းမင်းက ရုပ်ရည်သားနားပြီး ရုပ်ဖြောင့်တဲ့ ယောက်ျားလေးတယောက်… သူက Physics နဲ့ကျောင်းပြီးထားခါစပေါ့… လင်းလင်းကတော့ မိန်းကလေးတယောက်အနေနဲ့ ရှိသင့်တဲ့ ဆွဲဆောင်မှုမျိုးမရှိဘူး… ဥပဓိရုပ်ကောင်းပေမယ့် ချောတဲ့ လှတဲ့ စာရင်းထဲ မပါသလို… ရွက်ကြမ်းရေကြိုစာရင်းထဲလဲမပါဘူး… ဒါပေမယ့် လင်းလင်းကကျောင်းမှာနာမည်ကြီးတယ် စာတော်လို့နာမည်ကြီးတာလေ… ဘာလို့လဲဆိုတော့ သူမကစာပဲကြိုးစားပြီး ပြင်ပြင်ဆင်ဆင်နေရမှာကျတော့ အရမ်းပျင်းလွန်းလို့…
လင်းလင်းအိမ်ရောက်တော့ သူမလုပ်စရာရှိတာသာလုပ်နေတယ်… မျက်စိထဲမှာ ထွန်းမင်းရဲ့ မျက်နှာပဲ မြင်မြင်နေတယ်… ဒါပေမယ့် သူမတွေ့ ခဲ့တဲ့ကောင်လေးရဲ့  နာမည်ရော အိမ်ရောသိတာမဟုတ်ဘူး… ဘာပဲဖြစ်ဖြစ်မေ့သွားမှာပါလို့ သူမထင်နေခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမရဲ့ စိတ်က အိမ်ရှေ့ပြတင်းပေါက်ကိုပဲရောက်ရောက်သွားပြီး… ထွန်းမင်းရေကစားနေတာကို ရပ်ကြည့်နေမိတယ်… တခါတခါသူမသတိထားမိတာက… ထွန်းမင်းလည်းသူရှိနေတဲ့ တိုက်ကို မျက်လုံးနဲ့ scan ဖတ်နေတာတွေ့ရတယ်… ဘာလို့လဲဆိုတော့ သူလည်း လင်းလင်းဘယ်အခန်းမှာလည်းဆိုတာမသိဘူးလေ…
ဒီနှစ်သင်္ကြန်မှာတော့ လင်းလင်းရေမကစားရပေမယ့် ပျော်နေတယ်… သူမစိတ်ဝင်စားတဲ့ ထွန်းမင်းကို အိမ်ပေါ်ကနေ လှမ်းကြည့်နေရလို့လေ… ထွန်းမင်းလဲဘယ်ကနေဘယ်လို သူမရဲ့ တိုက်ခန်းကို သိသွားလဲမသိဘူး… သူမချောင်းချောင်းကြည့်နေကြ ပြတင်းပေါက်ကို မော့မော့ကြည့်တဲ့အခါ လင်းလင်းတယောက်ရင်ခုန်နေမိတယ်…


ဒီလိုနဲ့ ဒီနှစ်ရဲ့  သင်္ကြန်တေးတွေက ပြီးဆုံးသွားပေမယ့် မပြီးဆုံးသေးတာ သူတို့ နှစ်ယောက်ရဲ့  ရင်ခုန်သံကိုယ်စီပေါ့… လမ်းမှာတွေ့ရင်ပြုံးပြကြတယ် ဒါပေမယ့် သူတို့ နှစ်ယောက်လုံးရဲ့  အပြုံးတွေနောက်မှာ နက်ရှိုင်းတဲ့ အဓိပါယ်များစွာပါနေတယ်… တခါတလေ လင်းလင်းက အနောက်ဖက်လမ်းမှာ နေတဲ့ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ စကားရပ်ပြောနေတာကို ထွန်းလင်းတွေ့ရင် စိတ်ဆိုးသွားပြီး… နောက်တခါလမ်းမှာ လင်းလင်းနဲ့ တွေ့ရင် မသိချင်ယောင်ဆောင်နေတတ်သလို တခါတခါဒေါသမျက်လုံးတွေနဲ့ ကြည့်တတ်တယ်… ဒီလိုအခြေနေမျိုးရောက်လာပြီ ဆိုရင် လင်းလင်းတယောက် တော်တော် စိတ်မကောင်းဖြစ်ရတယ်… ဒါပေမယ့်လည်း ထွန်းမင်းကြာကြာမနေနိုင်ပါဘူး… နှစ်ရက်လောက်နေတော့ ပြန်စိတ်ပြေသွားတတ်တာပါပဲ…


ထွန်းမင်းတယောက်ထဲ သဝန်တိုတတ်တာမဟုတ်ဘူး… တခါတခါ ဘယ်ကမှန်းလင်းလင်းမသိတဲ့ မိန်းကလေးတွေနဲ့ ထွန်းမင်းစကားပြောနေတာတွေ့ရင် လင်းလင်းလည်း စိတ်ကောက်သွားတတ်တယ်… မသိချင်ယောင်ဆောင်နေတတ်တယ်… ဒါပေမယ့် လင်းလင်းက ထွန်းမင်းလိုမဟုတ်ဘူး တရက်နှစ်ရက်နဲ့ စိတ်ကောက်မပြေတတ်ဘူး… ဒီလိုမျိုးအခြေအနေရောက်လာပြီဆိုရင် ထွန်းမင်းချော့ရဖို့ ကိန်းဆိုက်ပြီ… သူ့ရဲ့  ချော့ပုံချော့နည်းက လင်းလင်းကို သီချင်းဆိုပြတာ… ဒါပေမယ့် တိုက်အောက်ကနေ လှမ်းပြီး ဂစ်တာတီးသီချင်းဆိုပြတာမျိုးမဟုတ်ဘူး… ထွန်းမင်းက ဂစ်တာမတီးတတ်ဘူးလေ… သီချင်းဆိုတာတော့အသံကောင်းတယ်… ဒီတော့ အနောက်ဘက်လမ်းကသူ့ သူငယ်ချင်းအိမ်သွားပြီး… သူ့သူငယ်ချင်းက ဂစ်တာတီးပြီး သူက လင်းလင်းကို ရည်ရွယ်ပြီး သီချင်းဆိုပြတတ်တယ်… သူ့သူငယ်ချင်းရဲ့  ညီမအခန်းနဲ့ လင်းလင်းရဲ့  အခန်းနဲ့ က ပြတင်းပေါက်ချင်း မျက်နှာချင်းဆိုင်လေ… ဒီတော့ ထွန်းမင်းတို့ လာပြီ ဆိုရင် သူ့ သူငယ်ချင်းရဲ့  ညီမက အလိုက်တသိရှောင်ပေးရရှာတယ်… အဲဒီကလေးမလေးက ၄တန်းဆိုတော့ ကလေးသာသာလေးရယ်… မုန့်ဖိုးပေးလိုက်ရင် ကလေးပီပီပျော်ပြီး စကားနားထောင်တယ်လေ… လင်းလင်းတို့ ငယ်ငယ်တုန်းကလိုပေါ့… လင်းလင်းရဲ့  အစ်ကိုကလင်းလင်းကို မုန့်ဖိုးပေးပြီး ပါးစပ်ပိတ်ခိုင်းတာရင် သူ့အစ်ကို ဘာလုပ်လုပ် ဖေဖေ၊မေမေနဲ့ သွားမတိုင်တော့ဘူး…


ဆက်ရန်.....

ဖတ်ပြီးရင် ကွန်မန့်လေးတွေ ချန်ပေးပါနော်.... အချိန်ပေးပြီးဖတ်ပေးတဲ့ မိတ်ဆွေ သူငယ်ချင်းအပေါင်းကို ကျေးဇူးတင်ပါတယ်...

Friday, March 19, 2010

ချစ်သောတိမ်လွှာသို့ .... (part eight ... ဇာတ်သိမ်းပိုင်း)

ပြင်ဦးလွင် ရောက်တော့ ကျွန်တော် လိပ်စာအတိုင်းသွားခဲ့တယ်… အဲဒီအိမ်ရောက်တော့ တိမ်လွှာရဲ့  အရိပ်အရောင် တစက်မှမတွေ့ရဘူး… အိမ်ရှင်ကို မေးကြည့်တော့မှ တိမ်လွှာတို့ က အမှန်တကယ် စင်္ကာပူသွားပြီး ဆေးကုတာဖြစ်ကြောင်း… ကျွန်တော်ပြင်ဦးလွင်ထိလိုက်လာမယ်မှန်း မသိလို့ စိတ်အရမ်းပူမှာစိုးပြီး ပြင်ဦးလွင်ကို အပန်းဖြေထွက်တာလို့ ပြောထားကြောင်းပြောပြတယ်… ဒါနဲ့ ကျွန်တော်လည်း စင်္ကာပူထိလိုက်ဖို့က မဖြစ်နိုင်တော့ သူတို့ မိသားစုဆီကနေပဲ… တိမ်လွှာ့အဖေရဲ့  စင်္ကာပူဖုန်းနံပါတ်ကို တောင်းထားလိုက်တယ်…
ကျွန်တော်အမေနဲ့ ညီမဆီကို ကျွန်တော်ဖုန်းဆက် အကျိုးအကြောင်းပြောပြီး ရန်ကုန်ကို နောက်နေ့မှာ ပြန်ဆင်းလာခဲ့တယ်… ရန်ကုန်ရောက်တော့ ကျွန်တော်ရထားတဲ့ ဖုန်းနံပါတ်အတိုင်း ဆက်ကြည့်တော့ တကယ် တိမ်လွှာ့အဖေလာကိုင်တယ်… ကျွန်တော်လည်း ပြင်ဦးလွင်လိုက်သွားပြီး အကြောင်းစုံသိရကြောင်းပြောလိုက်တော့… တိမ်လွှာ့အဖေက ကျွန်တော့်ကို တော်တော်အားနာသွားတယ်… စင်္ကာပူကိုတော့ လိုက်မလာဖို့တားတယ်… သူတိမ်လွှာ့အခြေအနေသိချင်ရင် ဒီဖုန်းကိုပဲ ဆက်ပြီး မေးလို့ ရကြောင်းပြောတယ်…
သူပြောပြပုံအရ တိမ်လွှာအခြေအနေ အဆိုးကြီး မဟုတ်သေးကြောင်းသိရတယ်… နှလုံးရောဂါ အစပြုတဲ့ လက္ခဏာတွေပြတာပဲ ရှိသေးတာကြောင့် အချိန်မှီ အချိန်ယူပြီး ကုသရင် ပျောက်ကင်းနိုင်ကြောင်းပြောပြတယ်… ကျွန်တော်လည်း တိမ်လွှာနဲ့ ၃ရက်တခါလောက်ဖုန်းပြောခွင့်ရတယ် တိမ်လွှာ့အသံကလဲ လန်းလန်းဆန်းဆန်းပါပဲ… ကျွန်တော်နဲ့ စကားပြောရလို့ သူအရမ်း ပျော်နေတယ်… ကျွန်တော်ကလဲ သူ့ကို စိတ်ညစ်စရာတွေ မတွေးဖို့၊ ဆရာဝန်စကားနားထောင်ဖို့ နဲ့ ဘုရားတရားများများလုပ်ဖို့ ဂုဏ်တော်တွေ အချိန်ရှိသရွေ့  ပွားများနေဖို့ အမြဲ သတိပေးဖြစ်တယ်… သူကလဲ ကျွန်တော့်စကား နားထောင်ရှာပါတယ်…
ကျွန်တော်လည်း ကျွန်တော်ရထားတဲ့ business ဘွဲ့ နဲ့ မြန်မာပြည်က နာမည်ကြီး ကုန်ပဏီ တစ်ခုမှာ အလုပ်ရသွားတယ်… တိမ်လွှာလဲ ဟိုမှာ ခြောက်လလောက် အချိန်ယူပြီး ကျကျနန ဆေးကုပြီးနောက် မြန်မာပြည်ပြန်လာခဲ့တယ်… သူအရင်ကထက်ပိုပြီး လန်းလန်းဆန်းဆန်းရှိလာသလို ပိုပြီးလည်း ပျော်ရွှင်လာတယ်… သူပြောပုံ အရတော့ သူဟိုမှာ ဘာမှ လုပ်စရာမရှိတော့ ဘုရားတရားပဲ အောက်မေ့ပြီး ဂုဏ်တော်ပဲ ပွားများဖြစ်နေရာကနေ သူ့ရဲ့  စိတ်တွေအရင်ကထက် ပိုပြီး ကြည်လင်ပျော်ရွှင်လာတယ်တဲ့… ဒါကလဲ နှလုံးရောဂါကုသရာမှာ အသုံးဝင်တဲ့ ဆေးတလက်ပဲလေ…
တိမ်လွှာ ဒီမှာ နေသားတကျဖြစ်သွားသည်အထိစောင့် ပြီးမှ ကျွန်တော်နဲ့ တိမ်လွှာ စေ့စပ်ဖြစ်တယ်… တိမ်လွှာကတော့ သူရထားတဲ့ ဘွဲ့နဲ့ အလုပ်လုပ်ချင်တယ် ပြောတယ်… ဒါပေမယ့် ကျွန်တော် သူ့ကို အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မပေးနိုင်ဘူး… ဒါနဲ့ သူလည်း သူနှစ်သက်တဲ့ game programming ကိုပဲ ဆက်လက်လေ့လာပြီး အိမ်မှာပဲ နေပြီး အလုပ်လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်… ကျွန်တော်လည်း ကျွန်တော့် အလုပ်မှာ နေသားကျပြီး အဆင်ပြေပြေရှိတဲ့ အခါတိမ်လွှာနဲ့ လက်ထပ်မယ်လို့ ဆုံးဖြတ်ထားတယ်… ဒါနဲ့ စေ့စပ်ပြီး ၁၀လလောက်အကြာမှာ ကျွန်တော်တို့ လက်ထပ်ဖြစ်ကြတယ်…
လက်ထပ်ပွဲကိုတော့ တိမ်လွှာသဘောအတိုင်း ခမ်းခမ်းနားနားမလုပ်တော့ပဲ… မိတ်ဆွေ၊ ဆွေမျိုး အရင်းအခြာတွေနဲ့ပဲ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးဖြစ်တယ်… ဒီနောက် ပျားရည်ဆမ်းခရီး အနေနဲ့ ကျိုက်ထီးရိုးတက်ပြီး ကုသိုလ်ပွားများခဲ့ကြတယ်… ဒီနောက်မှာ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ တယောက်အကြိုက်တယောက်လိုက်ပြီး ပါရမီဖြည့်ဘက်ပီပီ ကုသိုလ်ရေးရာမှာလည်း တက်အားသရွေ့  ပါဝင်ဆောင်ရွက်ပြီး အေးချမ်းတဲ့ဘ၀လေးကို တည်ဆောက်နေကြပါတယ် ခင်ဗျာ….

Thursday, March 18, 2010

Yamar and Khant Thu's Story


-->
Once there is a girl, named Yamar who is not so pretty and not so much attractive in guys’ eyes. She always wants to be with a guy who can really love her and whom she can rely on. She had liked some guys who are handsome or bright and she had interested in guys who like her and never proposed that they love her, face to face. But she never loved a guy before because she doesn’t know what love is and she doesn’t know what it feels like. She never thinks she will have a guy who can love her really and who will intend to marry her because she has some kind of depressing feelings that she is not pretty enough and bright enough to have a guy who will truly love her and marry her.
Everybody has their own Mr. or Mrs. Right. So, Yamar waited for her Mr. Right since she was 15 years old. But she became a bit like tomboy because of one of her friends who is also a tomboy. That friend loves her so much and cares her a lot. It is just like she got a boyfriend but only different is that that boyfriend is a girl. But they became lost contact after Yamar leave that school. And from that time, she became a tomboy and she had a girlfriend in her last year in middle school. But the same ending goes to them, Yamar and that girl also lost contact after Yamar goes to different high school from her.
In that high school, she is just an unnoticed girl in that high school without knowing that her Mr. Right and she are in the same school. When she was in the last year in her high school, the coincidence had come. She is in the same class and same tuition with her Mr. Right and she still doesn’t know that guy is meant for her. But it is not only her fault because her Mr. Right also doesn’t know that she is meant for him. In that year, Yamar has some interest in a guy who is from different high school but same tuition while Mr. Right is straight in his way on the education and trying so hard to get passed high school with high marks. But according to Mr. Right’s saying, he had tried to talk to Yamar while they are in the same class in high school and unsuccessfully Yamar is not in the good mood to talk at that time. And he also said that at that time, he though Yamar is a cute girl to be friends with but he just forget about her when their friendship had unsuccessful to build.
When they passed the high school, they have to go on with their own ways to their futures and they lost contacts. Yamar planned to further her study in Singapore, so she goes to tuition, RV, which trained students to be able to enter the Polytechnic entrance exams. And another coincidence came again; she met with her Mr. Right at the tuition seminar and turns out to be that she and her Mr. Right are same in their ways to further their study only different is that their classes at that tuition not the same. But they used to come across each other, in the corridors or at bus stops or somewhere, once in a week or two.
The time had come for Yamar to go to Singapore because she has passed the entrance exam of Republic Polytechnics. And still at that time, they both didn’t know that they are meant for each other. She went to Singapore with her two friends from her tuition, RV. On the plane she and her friend, Swe, asked fortune that they will faced when they reach Singapore from a fortune telling book. And for Yamar, she found out that, she will meet her Mr. Right after 3 months she got landed in Singapore and so she was exciting who would be her Mr. Right.
She arrive Singapore in December because RP is having a bridging course which other polytechnics don’t have before the real school semester starts. After she finish that bridging course, she doesn’t so much afraid of the real school semester because RP had trained her to be more active and outspoken. Myanmar Festival Thingyan is in the month of April which is the month the school semester starts and it had been more than 3 months after she arrived Singapore.
Yamar miss Thingyan so much and that’s why she went to Myanmar Monastery in Singapore to celebrate the festival with her father and friends. Yamar’s father had already been in Singapore since she was in the last year of high school. At the monastery there are lots of Myanmar people, more than Yamar thought there would be, playing water and celebrating the festival. Suddenly, she had a thought to have a bet with her own about searching for Mr. Right. It is like, if she met with 7 people who she knows in that place; her Mr. Right is also inside this monastery.
And there, of course, she met with 7 people who are her friends and little did she know that the 7th person she met as her friend in that monastery is her Mr. Right. He is the one who has been her Mr. Right since high school. His name is Khant Thu. The miracle has occurred, because he wouldn’t ask for her phone number if only he knows that her father just standing behind her. But he didn’t see, so he had finally asked her phone number that day. After he got her phone number, he constantly chats with her via SMS day and night. And he slowly shows her how he feels about someone who he thinks he is in love with. At first, she didn’t understand what he was trying to say but she gradually figured out that the one he is in love with is she, Yamar. Khant Thu also admitted that he said “I love you” to a girl who was her friend in Myanmar. So, she feels sorry that she is not the one who he said "I love you" for his first time in his life. But she is okay with that because she also liked a guy before Khant Thu.
The day of big surprise had come. He invited her to dinner at KFC and suddenly he told her that he loves her and she chokes when she heard about that. She finally calmed down and said that she will give answer to him in a month time. That day he proposed to her is on 14th May 2008. She thinks about him and she watched whether he really loves her or not then she realized that he is the perfect one for her and who she knows now is that he is her Mr. Right.
On 13th June 2008, Friday, she gave the answer “Yes” to him under her block. Although that day is Friday the 13th, they were very happy and never regret of having each other. Start from that day, they love each other , care each other and spend time with each other almost every hours. But the black shadow of Friday the 13th is still on them and that’s why most of the time they fight with each other even on small matters although they love each other so much and cannot really break up.
One of the weaknesses that Yamar has is saying “break up”, which word that Khant Thu really hate between them, whenever she angry or sad or shock. She can’t handle big emotional cases as she had a minor heart attack. And there is one weakness of Khant Thu that Yamar really hate which is not knowing when to say the right words and when not. But except from those they are very happy couple. They celebrate their anniversary every month. They exchange presents and they have dinner together on those days. Their parents also know that they were couple, so, they are free from hiding away from parents unlike most couples.
Khant Thu intended to marry Yamar one day and she also trying to be with him for her rest of the life. They swore that they will be still together for the rest of their life although other people don’t agree or accept their marriage. And now, today, they had celebrated their 20th month anniversary happily.
People in this article;
Yamar = Yamin Ohmar
Mr. Right (or) Khant Thu = Khant Thu Linn
Swe = Swe Mon Aung
The tomboy friend of Yamar = KTDA
Yamar’s girlfriend while she was a tomboy = Su Myant San Di Oo
Thank You