Thursday, July 8, 2010

Vitamin A အကြောင်း တစေ့တစောင်း



-->
ယမမင်းလေးက မတောက်တခေါက်နဲ့ ဘာမှ မသိပေမယ့် ကဗျာတွေချည်းပဲ တင်နေရတာ ပျင်းလာလို့… ဗစ်တာမင် အကြောင်း နဲနဲ ဆွေးနွေးချင်တယ်… ယမမင်းလေးက သိသလောက်ပြောပြမယ်… မှားနေတာ ရှိရင်… ဒါမှ မဟုတ် မပြည့်စုံတာရှိရင်… သူငယ်ချင်းတို့ သိသလောက် ကွန်မန့်မှာ ထားသွားပေးကြပါ… ကျေးဇူးတင်ပါတယ်… စစချင်း ဗစ်တာမင် အေ (vitamin A) အကြောင်းပြောကြည့်မယ်…
Vitamin A က အရိုးတွေသန်မာဖို့၊ အမြင်အာရုံကောင်းဖို့ နဲ့ ကျန်းမာတဲ့ အရေပြားပိုင်ဆိုင်ဖို့ အတွက် လိုအပ်ပါတယ်… သူက ဆဲလ်တွေ အသစ်ပွားများလာအောင် ကောင်းမွန်စွာရှင်သန်ကြီးထွားလာအောင်လည်း အထောက်အကူပြုပါတယ်… ရောဂါတွေကို ခုခံကာကွယ်တဲ့အင်အားကို လည်း လှုံ့ ဆော်ပေးပြန်တယ်… ပြီးတော့ အသုံးဝင်ဟောမုန်းတချို့  ကိုလည်း ဖန်တီးပေးတယ်…
Vitamin A နည်းရင် ဖြစ်တတ်တဲ့ လက္ခဏာကတော့ ရိုးရိုးသာမာန် အလင်းရောင်အားကောင်းတဲ့ နေရာမှာ (သို့မဟုတ်) နေ့ ဘက် အချိန် နေရောင်အောက်မှာ ဆိုရင်တော့ အမြင်အာရုံက ကြည်လင်ပြတ်သားပြီး ပုံမှန်ရှိပေမယ့်… အလင်းရောင်အားနဲ့တဲ့ အခါနဲ့ ညဘက်မှာ အမြင်အာရုံမကြည်လင်ခြင်းပါပဲ…
Vitamin A ရရှိဖို့ အတွက် စားသုံးရမှာတွေကတော့ … နွားနို့၊ ကြက်ဥ အနှစ်၊ မုန်လာဥနီ၊ အစိမ်းရောင် အသီးအရွက်၊ ရွှေဖရုံသီး၊ အာလူး၊ ကုစွန်းဥ၊ သရက်သီး အစရှိသော ၀ါသော အသီးအနှံများ နှင့် ငါကြီးဆီတို့ မှရနိုင်ပါတယ်…
အရာရာတိုင်းဟာ များလွန်းလျှင်လည်း မကောင်းပါဘူး… တန်းဆေးလွန်ဘေးပေါ့… ထို့ကြောင့် Vitamin A အရမ်းများလွန်းရင် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ … ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အသည်း ထိခိုက်ခြင်း၊ အရေပြား မူမမှန်ခြင်း၊ ၀မ်းဗိုက်ဆိုင်ရာ ပြဿနာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ကိုယ်ပူခြင်း၊ ချွေးထွက်လွန်ခြင်း နှင့် အခြားသော ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်…
Vitamin A supplements တွေကို ဆရာဝန်တွေ ညွှန်ကြားမှသာသောက်သင့်ပါတယ်… ဘာလို့လဲဆိုတော့ ကိုယ်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ Vitamin A ပါဝင်ပြီးသားမို့ပါ… ဆရာဝန်တွေကလည်း ဘယ်အချိန်မှာ Vitamin A supplements တွေ မှီဝဲဖို့ တိုက်တွန်းတတ်လဲဆိုတော့… အမြင်အာရုံ ပြဿနာဖြစ်ခြင်း၊ ရင်သား ကင်ဆာဖြစ်ခြင်း၊ HIV ရောဂါကို အနည်းငယ် သက်သာစေခြင်း (ပျောက်နိုင်တဲ့ ရောဂါမှ မဟုတ်တာ)၊ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ခုခံစေခြင်း၊ အရေပြားရောဂါများဖြစ်ခြင်း နှင့် ပါးစပ်ဆိုင်ရာ ရောဂါများအတွက် သုံးတတ်ပါတယ်…
လူတိုင်း လူတိုင်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေ…
ရေးသူ = ယမင်းဥမ္မာ (ယမမင်းလေး)
(၀၉.၀၇.၂၀၁၀ မနက် ၉.၃၀)

2 comments:

Shwe Yee Phyo said...

လာရောက်လေ့လာသွားပါတယ် ... ။ ဆက်ရေးနော် .. ။ ^L^

Unknown said...

kwi kwi! ma soe bu ! sat lote !:D