Monday, July 12, 2010

Vitamin C အကြောင်း တစေ့တစောင်း



-->
ဒီတစ်ခါတော့ Vitamin C အကြောင်း ဆွေးနွေးကြရအောင်… အရင်လိုပဲ… လိုအပ်တာလေးတွေ မှားနေတာလေးတွေရှိရင် အောက်က ကွန်မန့်မှာ ချန်ထားပေးခဲ့ပါနော်…
Vitamin C ကို သာမန်အဖျားတို့ အအေးမိတာတို့မှ ကာကွယ်ဖို့ အတွက် သောက်သုံးလေ့ရှိပါတယ်… အရိုးတွေ နဲ့ တစ်ရှူးတွေ ရှင်သန်ဖို့နဲ့ သူ့အလိုလို ပြုပြင်ကောင်းမွန်သွားဖို့ အတွက်လည်း အထောက်အကူဖြစ်ပါတယ်… သွေးနီဥတို့ ပွားများကြီးထွားရာမှာလဲ အသုံးဝင်ပါတယ်… ထို့ကြောင့် အနာတွေ မြန်မြန်ကျက်ချင်တာတို့ အဖျားမြန်မြန်ကျချင်တာတို့ ဆိုရင် Vitamin C supplements တွေကို တွဲဖက်သောက်သုံးလေ့ရှိပါတယ်… Vitamin C ကဦးနှောက် ဆိုင်ရာ လည်ပတ်မှုတွေမှာလည်း အထောက်အကူပြုပါတယ်…
Vitamin C ကို အစားအသောက်များမှ ရနိုင်တာ လူတိုင်းအသိပါ… အသီးအနှံ၊ အသီးအရွက်တိုင်းမှာ Vitamin C သူ့ အချိုးအစားနဲ့ သူ အနည်းနဲ့ အများပါဝင်ပါတယ်… အောက်ဖော်ပြပါ ဇယားကတော့ internet ကျမ်းကို ကိုးကားထားတာပါ…
အသီးအနှံ/အသီးအရွက် အမည်
အသီးအနှံ/အသီးအရွက် ၁၀၀ ဂရမ်တွင် ပါဝင်သော Vitamin C (မီလီဂရမ်)
နာနတ်သီး
၁၅ မီလီဂရမ်
ဇီးသီး
၁၀ မီလီဂရမ်
လိုင်ချီး
၇၂ မီလီဂရမ်
စပျစ်သီး
၁၁ မီလီဂရမ်
သံပရာရည်
၂၉ မီလီဂရမ်
ရှောက်ရည်
၄၆ မီလီဂရမ်
လိမ္မော်သီး
၅၃ မီလီဂရမ်
သင်္ဘောသီး
၆၂ မီလီဂရမ်
စတော်ဘယ်ရီ
၅၇ မီလီဂရမ်
ခရမ်းချဉ်သီး
၁၀ မီလီဂရမ်
ဖရဲသီး
၁၀ မီလီဂရမ်
နောက်ထပ် ဇယားတစ်ခုကတော့ အသက်အရွယ် ကျား/မကို လိုက်ပြီး တစ်နေ့ကို Vitamin C ပမာဏ ဘယ်လောက်လိုအပ်လဲ ဆိုတာကို ပြတာပါ… online ကျမ်းကို ကိုးကားထားတာပါပဲ…
အသက်အရွယ်
(ကျား/မ)
လိုအပ်သော Vitamin C ပမာဏ (မီလီဂရမ်)
မွေးကင်းစမှ ၆လသား
၄၀ မီလီဂရမ်
၇လသားမှ ၁နှစ်သား
၅၀ မီလီဂရမ်
၁နှစ် မှ ၃နှစ်
၁၅ မီလီဂရမ်
၎နှစ် မှ ၈နှစ်
၂၄ မီလီဂရမ်
၉နှစ် မှ ၁၃နှစ်
၄၅ မီလီဂရမ်
အသက်အရွယ်
(မ)
လိုအပ်သော Vitamin C ပမာဏ (မီလီဂရမ်)
၁၄နှစ် မှ ၁၈နှစ်
၆၅ မီလီဂရမ်
၁၉နှစ် နှင့် အထက်
၇၅ မီလီဂရမ်
ကိုယ်ဝန်ဆောင်ချိန်ကာလ
၈၅ မီလီဂရမ်
နို့ချိုတိုက်ကျွေးချိန်ကာလ
၁၂၀ မီလီဂရမ်
အသက်အရွယ်
(ကျား)
လိုအပ်သော Vitamin C ပမာဏ (မီလီဂရမ်)
၁၄နှစ် မှ ၁၈နှစ်
၇၅ မီလီဂရမ်
၁၉နှစ် နှင့် အထက်
၉၀ မီလီဂရမ်
Vitamin C ကို ပုံမှန်ထက် လိုအပ်တဲ့ လူတွေကတော့ အားကစားသမားများ၊ ချွေးထွက်လွန်သော လုပ်သားများ၊ အရက်သောက်သူများ နှင့် ဆေးလိပ်သောက်သူများ (အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းက ကိုယ်တွင်း ရှိပြီးသား Vitamin C ပမာဏအများအပြားကို လျော့နည်းစေနိုင်ပါတယ်)၊ စိတ်ဖိစီးမှုများသောသူများနှင့် စိတ်ဓာတ်ကျနေသူများ ဖြစ်ကြပါတယ်…
Vitamin C ချို့ တဲ့လျှင်ဖြစ်ပေါ်သော လက္ခာဏာတွေမှာ - ဒဏ်ရာ/အနာများ အလွယ်တကူ မကျက်နိုင်ခြင်း၊ မကြာခဏ အအေးမိလွယ်ခြင်း/ဖျားလွယ်ခြင်း၊ ကူးစက်ရောဂါများ အရလွယ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အစာမကြေခြင်း၊ အရေပြားတွင် အစက်အပြောက်/ယားယံမှုများ ဖြစ်ခြင်း၊ သွားဖုံးများ အားနည်း၍ ထိခိုက်လွယ်ကာ သွေးထွက်လွယ်ခြင်းနှင့် သွားကျိုးလွယ်ခြင်း တို့ပဲ ဖြစ်ပါတယ်…
Vitamin C ဟာအရည်မှာ ပျော်ဝင်နိုင်နှုန်းများတဲ့အတွက် တော်ရုံတန်ရုံ ပမာဏများများ သုံးစွဲမိရုံနဲ့ အန္တရာယ်မဖြစ်နိုင်ပါဘူး… ဘာလို့လဲဆိုတော့… Vitamin C ကဆီးထဲမှာ ပျော်ဝင်ပြီး အပြင်ကို စွန့်ထုတ်နိုင်လို့ပါ… အလွန်အကျွံများတဲ့ ပမာဏစားသုံးမိမယ်/ သောက်သုံးမိမယ် ဆိုရင်တော့ ဗိုက်အောင့်ခြင်း၊ ၀မ်းဗိုက် မအီမလည် ဖြစ်ခြင်း နှင့် ၀မ်းလျှောခြင်း အစရှိသော ၀မ်းဗိုက်ပိုင်းဆိုင်ရာ ပြဿာနာတွေ ဖြစ်လာနိုင်ပါတယ်… သို့သော်… Vitamin C သုံးစွဲခြင်း ပမာဏကို လျှော့လိုက်မယ်ဆိုရင် ထို ဘေးထွက်ဆိုးကျိုးတွေ ချက်ခြင်း ရပ်သွားမှာဖြစ်ပါတယ်… ဘယ်လောက် ပမာဏကို အလွန်အကျွံများတာလဲဟု မေးလာလျှင်တော့ လူတစ်ယောက်ခြင်းဆီရဲ့  Vitamin C လက်ခံနိုင်မှုနဲ့ ဆိုင်ပါတယ်… တချို့  လူတွေဆိုရင် တစ်နေ့ကို Vitamin C ၂၅,၀၀၀ မီလီဂရမ်လောက် စားသုံးတာတောင် ဘာမှမဖြစ်ပေမယ့် တချို့  လူတွေမှာကျတော့ ၆၀၀ မီလီဂရမ်လောက် စားသုံးတာနဲ့တင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်…

လူတိုင်း ကျန်းမာပျော်ရွှင်သော ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ…
ရေးသူ = ယမင်းဥမ္မာ (ယမမင်းလေး)
(၁၂.၀၇.၂၀၁၀ - ညနေ ၃နာရီ)

1 comment:

ဆုံစည်းရာ said...

ကောင်းတယ်...ဆက်ရေး