Thursday, December 4, 2008

မွေးနေ့ ဆုတောင်း....


သြော်ဒီနေ့က ဒီဇင်ဘာလ ၅ရက်နေ့ပဲ… ဒီနေ့မှာမွေးတဲ့လူတွေက… နဲနဲဂေါက်တယ်… ဥပမာ… ကိုဂျဲဂျယ် (http://www.jeljel-lay.co.cc/) … ကဲတော်ပါပြီ… ဝေ့၀ိုက်မနေတော့ဘူး… ကိုဂျဲဂျယ်မွေးနေ့အတွက် ပို့စ်လေးတခုရေးပေးမလို့… အစကစဉ်းစားနေတာ ဘာများရေးပေးရင်ကောင်းမလဲလို့ (ငွေမကုန်တာမျိုးပေါ့နော်)… မွေးနေ့လက်ဆောင်နေနဲ့ ကာတွန်းပုံလေးတွေရယ်… စာလေးရယ် တင်ပေးလိုက်မလားလို့… နောက်တော့ ဒို့ကိုကြီး ဂျဲဂျယ်က မွေးနေ့ဆုတောင်းကဗျာလေးရေးပေးပါဆိုလို့… ကြိုးစားကြည့်မယ်လေဆိုပြီး ကြိုးစားကြည့်ပါတယ်… (မရေးပေးရင်လဲမဖြစ်… သူကသဘာငတိဆိုတော့ နဲနဲ ဖားထားမှ) … ယမာတို့က ကဗျာလဲ အဖြစ်ရှိအောင်မရေးတတ်တော့ အခက်တွေ့တော့တာပေါ့... ဘာပဲဖြစ်ဖြစ်လေ… မရေးတတ်ရေးတတ်နဲ့ ရေးပေးလိုက်ပါလေရဲ့  … ဒီလိုကွယ့် …


ဘလော့ရေးတဲ့ ကိုကြီးဂျယ် မွေးနေ့ ရောက်ပြီကွယ်…
မွေးနေ့မှာ ဘာတွေလုပ်… “အိမ်မှာ ငါငုတ်တုတ်…”
သနားစရာ ကိုကြီးဂျယ် မုန့်လေး ၀ယ်ကျွေးကွယ်…
“ကျွေးနိုင်သေးဘူး ငါ့မြေးရဲ့ … ဘိုင်ပြတ်နေတယ်ဟဲ့…”
မညာပါနဲ့ ကိုကြီးရယ်… မီးလေးသိနေတယ်…
ပေါဂေဟာက ငွေအမြောက်အများ… ကိုကြီးအိတ်ထဲ ရှာရင်မရှား…
“ဘာသိလို့လဲ ငါ့မြေးရယ်… စိတ်တော်နောက်တယ်ကွယ်…”
“ကိုကိုဘုံးထားငွေတွေများ… မဒမ်လောင်းဆီရောက်ရောက်သွား… ”
ထားလိုက်ပါတော့ … ကိုကြီးဂျယ်… လည်လည်သွားမယ်ကွယ်…
“စကာင်္ပူမှာ လည်စရာရှား… မြန်မာပြည်ကိုသတိရသား….”
ဒါဆိုရင်လဲ… ဒို့အစ်ကိုရယ်… အကြံကောင်းပေးမယ်…
ပိုက်ဆံမကုန် ခြေမညောင်း ဘလော့မှာ ထိုင်ဆုတောင်း…

****************************

ဒီဇင်ဘာလ … ၅ ရက်ဟာ ဂျဲဂျယ်မွေးနေ့ ပါ…
ရက်တွေကြွေလို့ တစ်နှစ်ပြောင်း…
အပူအပင် အဟောင်းတွေ အဝေးကိုဂျောင်း….
စိတ်သစ်လူသစ်မွေးကာသာ… မွေးနေ့သစ်ကိုကြိုဆိုပါ…
ဒီနေ့မှစ နောင်နှစ်များ… စိတ်အေးချမ်းကာ လန်းစေသား…
ပေါနိုင်ပါစေ ရူးနိုင်စေ… စိတ်လက်ပေါ့ပါးရွှင်လန်းစေ….
တွယ်တာရသော မိတ်သဟာအပေါင်း…
အမြဲသာ ချစ်ကြည်… ပျော်ရွှင်ကြောင်း…
လိုအပ်နေတဲ့ဆန္ဒတွေ… မြန်သာမနှေး ပြည့်ဝစေ…
ကုသိုလ်အမှု ထာဝစဉ်ပြု… စိတ်ထားမြင့်မြတ်စေ …
နောက်ထပ်ဆုတွေလိုရာတောင်း…. ကောင်းတာမှန်သမျှ … ပြည့်စေကြောင်း….

~~~~~~~~~~~~~~~~~~~~~~

အစ်ကို ဂျဲဂျယ်ရေ… ကျေနပ်ဝမ်းမြောက်မယ်လို့ ယုံကြည်ပါတယ်… ယမာတောင်းပေးချင်တဲ့ ဆုတွေ ဒီကဗျာလေးထဲမှာ အကုန်ပါသွားပြီနော်… ကလေးကဗျာလေးလိုဖြစ်နေတာကို သည်းခံပါ… ကဗျာသိပ်မရေးတတ်လို့… ဟီးဟီး…
ဖတ်ပေးကြတဲ့ ယမာ့ရဲ့  ဘလော့ ပရိသတ်အားလုံးလဲ… ကဗျာလေးကို ဝေဖန်ပေးကြပါဦးနော်… :)

2 comments:

ဖိုးဂျယ် said...

ညီမလေး ယမင်းရေ ပျော်စရာလေးဖြစ်အောင်
ရေးတတ်တယ်။ တော်ပါတယ်ကွယ်။
အကိုအိမ်မှာ လာကြည့်ပီးရေးထားသလားမှတ်ရတယ်။
ဟုတ်ပါ့ဗျာ အိမ်မှာပဲ ထိုင်ပီး ဘလော့တွေမှာပဲဆုတောင်းတွေဖတ်
ဝမ်းတွေသာ ဘာမှပိုက်ပိုက်မကုန်တဲ့ ကိတ်တွေကျွေး
ကောင်းပါ့ဗျာ ကျေးဇူးကမ္ဘာပါ ချစ်ညီမရေ
ခင်တဲ့ သဘာပတိ
ဖိုးဂျယ်

ဗီလိန် said...

ကောင်းလိုက်လေကွာ