Friday, December 12, 2008

အပျင်းပြေ ချေပခြင်း

ဘလောဂါသူများဘက်မှနေ၍ ... ဘလော့ဂါညီမလေးမှ... ဘလော့ဂါအစ်ကိုများအတွက် သီးသန့် ... စပါယ်ရှယ် ပေါဆန်းမွှေးလေး... မြည်းစမ်းကြည့်ပါမနှေး...

မျောက်လား... ဝက်လား

အုံ့မှိုင်းညှို့  ညှို့  မိုးချုပ်ချုပ်
ဘလော့ဂါ အစ်ကိုတွေသရဲရုပ်…
ပျင်းတဲ့အချိန်များဘာတွေလုပ်
ဟန္နုမာန်လို ဝဲထိုင်ကုတ်…
သူတို့ရုပ်မှအားမနာ
တွေ့ သူတိုင်းကိုကြူချင်ရှာ …
အယုတ်အလတ် အမြတ်မရွေး
အဘွားကြီးပါမရှောင် စာလိုက်ပေး…
မရပြန်တော့ထိုင် ငုတ်တုတ်
မရှိတဲ့အလှကို ပြင်ဖို့ထုတ်…
ကျက်သရေ အရပြောပြန်ရင်
သူတို့ကိုယ်မှမဆင်ခြင်…
သူများအကြောင်းဆို ၀န်မလေး
သွားပုတ် လေလွင့်ပြောတာမနှေး…
သူများမျက်ချေး သူတို့မြင်
ကိုယ့်မျက်ချေးကျ ကိုယ်မမြင်…
အိပ်ရာထတာ နေဖင်ထိုး
နေပုံထိုင်ပုံ တေလေဂျပိုး…
စားသောက်တာများ ကြည့်စမ်းကွယ်
စူဇကာပုဏ္ဏားမမှီနိုင်တယ်…
ဘယ်သူ့မှလဲ မရှက်ပဲ
တောင်းရမ်းစားပြန်တယ်…
တော်ပါပြီကွယ် အာညောင်းမယ်
သူတို့မကောင်းကြောင်း ကန်းကုန်တယ်…
တို့ရဲ့  ဘလော့ဂါအစ်မများ
ဆက်သာ သမပါ သူတို့အား...
မင်း မျောက်လား မင်းဝက်လား…
ဟေလာမောင်တို့ဝါး ….. :P

အစ်ကိုတွေ အစ်မတွေက ကဗျာတွေ အပြိုင်စပ်နေကြတာနဲ့ ယမာလည်း တပုဒ်လောက် အပျင်းပြေဝင်စပ်လိုက်တာပါ… စိတ်မဆိုးကြေးနော်… Friend … Friend နော် … ဟဲဟဲ… :P

11 comments:

ဖိုးဂျယ် said...

အော် အကိုမပါဘူးထင်ပါ့
အကိုရုပ်ချောတာ ညီမလေးသိပါတယ်။
ကိုယ်ချင်းကိုယ့်ချင်းပဲ

ဗီလိန် said...

ဟဲ့ ညည်းကို ဝန်ကြီးရာထူးရအောင် ပြောပေးထားတာ အစ်ကိုလေကွ။ ပါဘူးဟုတ်။

Yaminnie’s Daydream said...

အကုန်ပါတယ် ... အစ်ကိုတို့ အကုန်ပါတယ်...
ဘယ်သူ့မှမချန်ပါ... ခွိခွိ... :P

မြတ်သွယ် said...

မှန်၏ မှန်၏ ရေးထားလာလေးကြိုက်တယ်
အားပေးပါတယ် ဆက်သာတွယ်ပါ :D

စပ်မိစပ်ရာ said...

ကိုကြီး က မွေးကတည်းက ရေညှိဖင်ထိုင် ငါးရှဥ့်ကိုင်ပြီး မွေးလာတာ ချောတာမှ စက်စက်ယိုနော်....

sait phay yar said...

ထောက်ခံဒယ်ဆက်ချ အားပေးဒယ်
ဟီဟီ

Dr Phyo Wai Kyaw said...

သိပ်မကောင်းဘူးဗျာ
ကျနော့် အကြောင်းမပါလို့
ဟက်ဟက်။
:P

ဗန်ပိုင်းယား said...

အဲလောက် မတင်စားပါနဲ့ ဟာ .. နာတို့တွေက ရှက်တတ်တယ်ဟ ... ဟီဟိ ..

AUNG said...

ရေးထားတဲ့ ကဗျာက မိုက်တယ်ကွာ. . .
တကယ့် ရိုက်ပေါက်ဘဲ. . .

WWKM said...

ဟဟ
ညီမလေးကဗျာက မိုက်တယ်.
တွယ်သာတွယ်..အဲဒီခလေးတွေ..ဆိုးတယ်. နိုင်အောင်ချ.အားပေးတယ်.း)

မမ၀ါ

Unknown said...

yamar min!!!!!! why u use pig and monkey ???? that 's my favorite animalsssssssssss!!!!!!!!!!!!! :(
next time plz use another animals!!!
XD