Friday, December 19, 2008

ချစ်သောတိမ်လွှာသို့... (PART FIVE) ...

အချိန်တွေကုန်တာမြန်လိုက်တာကွာ … တိမ်လွှာနဲ့ တွေ့ ရတာမှ ၁လပဲရှိသေးတယ် ဟိုကိုပြန်ရတော့မယ်… ဘွဲ့ ယူဖို့ကနီးလာပြီလေ … ၂ပတ်ပဲလိုတော့တာကိုး…
ရင်အနာဆုံးကတိမ်လွှာနဲ့ တွေ့ ရတဲ့ အချိန်နည်းတာကိုပဲ … ဟုတ်တယ်လေ… တစ်လလေးပြန်လာချိန်ရပါတယ်… တိမ်လွှာလေးနဲ့ အတူတူနှစ်ယောက်ထဲ လျှောက်လည်ရတာ စုစုပေါင်းရယ်မှ ၃ရက်ပဲရှိတယ်… သူ့မေမေကြီးက သမီးလေး ကိုစိတ်မချလို့ဆိုပြီး ဘယ်မှပေးမသွားဘူး… ချိန်းတွေ့ လိုက်ရရင်… သူတို့အိမ်မှာချည်းပဲ… သူ့အမေကြီးက ငုတ်တုတ်… တွေးကြည့်ပါဦးဗျာ… ကိုယ်ချင်းစာတတ်ရင်… ရင်နာစရာကြီးပါ…

ကဲ… ဒါတွေထားပါတော့လေ… သန်ဘက်ခါပဲပြန်ရတော့မယ်ဆိုတော့ ဒီနေ့တော့ တိမ်လွှာ့ကို အိမ်ကနေမရ ရအောင်ခေါ်ထုတ်မယ်… သူ့အမေကြီးကို ဘယ်လိုလှည့်ရပါ့မလဲကွာ… ဟူး….

တိမ်လွှာတို့အိမ်ရှေ့လဲရောက်ရော… ဟ… ပွတာပဲ… တိမ်လွှာအမေက ဘုန်းကြီးကျောင်းသွားဖို့ ချိုင့်ကြီးဆွဲပြီးထွက်လာတာနဲ့ တိုးတာပဲ… ဟုတ်သား ဒီနေ့ ဥပုဿ်နေ့ပဲ…
“အန်တီ… ဘုန်းကြီးကျောင်းသွားတော့ မလို့လား… ”
“အေးပေါ့ကွယ့် တိမ်လွှာနေ့လည်စာစားရင်… သူ့ကိုအားရှိတာလေးတွေလုပ်ပေးထားတယ်… မင်းစောင့်ကျွေးလိုက်ပါဦးကွယ်… သူကမကြိုက်ဘူးဆိုပြီး မစားမှာစိုးလို့… ”
“ကျွေးလိုက်ပါ့မယ် အန်တီ…”
“အေး သွားလိုက်ဦးမယ်ကွယ်… ညနေဘက်တရားထိုင်ပြီးတော့မှပဲ ပြန်လာတော့မယ်… အိမ်မှာဦးလေးနဲ့ သမီးနဲ့ရှိတယ်… ”
“ဟုတ်ကဲ့…”

ဒါနဲ့ပြောပြရဦးမယ် တိမ်လွှာ့အမေကသာ သူ့သမီးကို သဲသဲလှုပ်ပြီး လျှောက်ချုပ်ချယ်နေတာ … တိမ်လွှာ့အဖေက လူငယ်တွေကိုနားလည်ပေးတယ်… အရမ်းမချုပ်ချယ်ဘူး… အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြရင် နားလည်ခွင့်လွှတ်လွယ်တယ်… သဘောထားကြီးတယ်ပေါ့ဗျာ… ကဲ… အဲဒီ တောင်ကြီးကိုသွားကျော်လိုက်ဦးမယ်….

အိမ်ထဲရောက်တော့ တိမ်လွှာအဖေက ကွန်ပြူတာနဲ့ ဂိမ်းဆော့နေတယ်… အာ ယောင်လို့ ကွန်ပြူတာနဲ့ ဒီဇိုင်းဆွဲနေတယ်… သူက ကန်ထရိုက်ဒီဇိုင်းနာလေ…
“အန်ကယ် နေကောင်းလား...”
“အော်… မောင် ကလိန်ပါလား…ကောင်းပါ့ကွာ… လာကွယ့် ထိုင်.. ”
ငါ့နှယ့်နော်… ဒီကလိန်ပဲ လာလာထိနေတာပဲ… ကြာရင် ဗီလိန်ဖြစ်တော့မယ်… ဟင်း ဟင်း
“အော် အန်ကယ်… တိမ်လွှာရော…”
“အပေါ်ထပ်မှာ… ကွန်ပြူတာနဲ့ ဘာတွေအလုပ်ရှုပ်နေလဲတော့ မသိဘူး… ”
“ဒါဆိုကျွန်တော်… သွားတွေ့လိုက်ဦးမယ်နော်… ”
“အေး .. အေး.. ကောင်းပြီ”
………………………………….

“မယ်မင်းကြီးမလေးက ဘာလုပ်နေလဲ မှတ်တယ် … ဂိမ်းထိုင်ဆော့နေတာကိုး ”
“ဟာ ကိုကို… ဘာလာလုပ်တာလဲ…”
“ဟမ်… ညည်းဆီကို ဘာလာလုပ်ရမှာတုန်း… ညည်းလေးကို တွေ့ချင်လို့ပေါ့… သတိရလို့ပေါ့ဗျ… ”
“အော်… ဟုတ်ပါပြီ… ဒါနဲ့ ကိုကိုက မသိပဲနဲ့ပြောတယ်… ညီမက ဂိမ်းဆော့နေတာ မဟုတ်ဘူး … ဂိမ်းဒီဇိုင်းဆွဲနေတာ… ကျောင်းတုန်းက ပရိုဂရမ်းမင်းတွေ မေ့ကုန်မှာစိုးလို့… ”
“ဟုတ်လား ဒါဆို ညီမဂိမ်းထွင်ပြီးရင် ကိုကို အရင်ဆုံး ကစားမှာနော်…”
“အင်းပါ… ကိုကိုသာ ပထမပါ…”
“ဒါလေးတွေကြောင့် ချစ်နေရတာ.. ဒါနဲ့… ဒီနေ့ ကိုကိုဒို့ အပြင်လျှောက်လည်မယ်လေ… ညီမဘယ်သွားချင်လဲပြော…”
“နေပါဦး… ဖေဖေကိုအရင်ဆုံးရအောင်ပြော… ဘယ်သွားမယ်ဆိုတာက နောက်မှ…”
“ကဲ ဒါဆို ဒီမှာစောင့်နေ… ကိုသွားပြောကြည့်မယ်…”
“ဟုတ်”
…………………….

သူ့အဖေကကွန်ပြူတာရှေ့မှာ အဆင်တသင့်ရှိတုန်းပဲ…
“အန်ကယ်… ဟဲဟဲ… ဟိုဟာလေ… ဟဲဟဲ… အပြင်လေ… ဟဲဟဲ… သွားလို့ရမလား ”
“သြော်… မောင်ဟဲဟဲ ရယ်… ဟိုဟာကိုလေ အပြင်မှာတော့မသွားပါနဲ့ကွယ်… နောက်ဖေးမှာရှိတယ်… သွားချင်သွားလေ…”
“အာ… ဟုတ်ဘူးအန်ကယ်ရ… ကျွန်တော်တို့ အပြင်သွားလို့ရမလားလို့… ကျွန်တော် သန်ဘက်ခါပဲပြန်ရတော့မှာ… မပြန်ခင်… တိမ်လွှာနဲ့ အပြင်သွားချင်လို့ပါ… နော် အန်ကယ်… သားသားတို့ကိုသနားရင် ခွင့်ပြုရမယ်နော်…”
“အေးပါ… အေးပါ… ညနေ၅နာရီမတိုင်ခင်တော့ ပြန်လာခဲ့ပေါ့ကွာ… တိမ်လွှာ့ကို အားရှိမယ့်ဟာစားပါစေနော်…”
“ဟုတ်ကဲ့ပါ… ကျွန်တော် တိမ်လွှာ့ကို ကောင်းကောင်းဂရုစိုက်ပါ့မယ်… ”
“မင်းကိုတော့စိတ်ချပါတယ်… သမီးလေး ဂျစ်ကန်ကန် လုပ်နေမှာပဲ စိုးတာ…”
“သူဂျစ်ကန်ကန်ရင်… ကျွန်တော်က ထော်လာဂျီကန်ကန်မှာပေါ့… ဟဲဟဲ…”
“ဟုတ်ပါပြီကွာ… ကဲ သွားသွား.. သူ့အမေတော့မသိစေနဲ့… ကဲကဲ ထ ပြီး သဲသဲ လှုပ်ဖြစ်နေဦးမယ်…”
“ဟုတ်ကဲ့… ကျေးဇူးအရမ်းတင်တယ် အန်ကယ်ရယ်…”
…………………

ဒါနဲ့ပဲ… ကျွန်တော်နဲ့ တိမ်လွှာ တိရိစ္ဆာန်ဥယျာဉ် ရောက်သွားတယ်ဗျ… တိမ်လွှာက သူ့အမျိုးရေမြင်းတွေရှိရာ အလည်သွားချင်တယ်ဆိုတော့လည်း… ကျွန်တော့်အမျိုးမျောက်တွေပါရှိတော့ ကျွန်တော်လည်း ရောက်ဖြစ်သွားတာ… ဟဲဟဲ… တမျိုးလုံးပေါ်ကုန်ပါပြီ… ပြီးတော့ ကျွန်တော်တို့ ရွှေတိဂုံဘုရားဘက်သွားကြတယ်… လုပ်ထားတဲ့ အကုသိုလ်တွေကို သွားတောင်းပန်ကန်တော့တာလေ… လို့ ထင်ရင်မှားမယ်… တိမ်လွှာ့ကျန်းမာရေးအတွက် ဆုသွားတောင်းတာဗျ… စနေဒေါင့်မှာပေါ့… တော်တော်ပျော်တယ်ဗျာ… ချစ်သူနဲ့နှစ်ယောက်သား ကြည်ကြည်နူးနူး စကားတွေပြောပြီး လျှောက်လည်ကြ အတူတူ ကုသိုလ်လုပ်ကြရတာလောက် ပျော်တာဘာရှိတော့မလဲဗျာ…

4 comments:

ဆုံစည်းရာ said...

ကောင်မလေးရေ....ကိုလည်းမင်းနဲ့အဲလိုမြန်မာပြည်မှာလျှောက်လည်ချင်
လိုက်တာ..................

ဖိုးဂျယ် said...

ဟာ ဒီကောင်မလေးကတော့
လုပ်ပြန်ပါပြီ ပြီးသေးဘူးလားကွ
ဟွန်း ချိတ်ရှည်တော့ဘူးနော် ကောင်းခန်းရောက်မှ
မီးပျက်လိုလို ကြော်ငြာဝင်တာလိုလိုနဲ့
ဟွန်း ဖီးကျပ်တယ်ဂျ
တော်ပီ နောက်လာဖတ်တော့ဘူး
အကိုရေ ဇာတ်သိမ်းပြီဆိုမှ လာဖတ်မယ်။
ဒါပဲပြန်ပီ

ဗီလိန် said...

ဟုတ်ပါ့ကွာ။ တိရိစ္ဆာန်ရုံထဲမှာ နေရာကောင်းလေးတွေ ရှိပါတယ် ဆိုမှ။ ထိုင်ဖို့ ခုံတန်းလေးတွေကို ပြောပါတယ်။ :)

Andy said...

ကိုရီးယားကားလောက်ရှည်မှာလားဟင်...