Wednesday, December 10, 2008

ကြိုက်မိတဲ့ကဗျာလေးတွေ…

ကိုဂျဲဂျယ်(သဘာငတိ) ကလာTag ထားပြန်ပြီ… ရေးရဦးပေမပေါ့… အိမ်းအိမ်း… ပျင်းသကွယ်… ဟီးဟီး…
အကြိုက်ဆုံးကဗျာတဲ့… ယမာတို့က ကဗျာဖတ်တာမဟုတ်ဘူး… ကျောင်းမှာသင်ရရင်သာ ဖတ်ဖြစ်တာ… အခုလဲ ကြိုက်မိတဲ့ကဗျာလေးက ၉တန်းတုန်းကသင်ရတဲ့ “ပတ္တမြားရွှေဂူ” ဆိုတဲ့ကဗျာလေးပေါ့… ရေးတဲ့ရည်ရွယ်ချက်လေးကမိုက်လို့ … ဘယ်သူတွေ ဘယ်လိုပဲမနာလိုဖြစ်ဖြစ်… ဘယ်လိုပဲလာပြိုင်ပြိုင် နောက်ဆုတ်ကြောက်ရွံ့ မသွားတဲ့အပြင် အရည်အချင်းတွေတောင် ပိုတောက်ပြောင်လာရတယ်ဆိုပဲ… ဘယ်လောက်အတုယူစရာကောင်းလဲ… ဖတ်ကြည့်ပါဦး…

“ပတ္တမြားရွှေဂူ”
ပြစ်မရှိ ပြစ်ရှာ……..
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။
ပတ္တမြားရွှေဂူကိုလ
ဝက်များကညူစူစွာ
တိုက်နှဲ့ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေ့ကထက်ကဲ။
-------------------------

ကဲ… ကြိုက်မိတဲ့ အင်္ဂလိပ်ကဗျာလေးလဲ ကြုံတုန်းပြောပြလိုက်ဦးမယ်… ဒီကဗျာလေးကလဲ ၁၀တန်းတုန်းကသင်ရတာလေ… “The Quiet Life” တဲ့ … ကဗျာစာသားလေးတွေက ကာရံနဘေညီတဲ့အပြင် အေးအေးချမ်းချမ်းနေရတဲ့ ဘဝလေးကို ပေါ်လွင်အောင် ဖော်ပြထားနိုင်တယ်လေ… ခံစားကြည့်ပါဦးလား…


“The Quiet Life”

HAPPY the man whose wish and care
A few paternal acres bound,
Content to breathe his native air
In his own ground.
Whose herds with milk, whose fields with bread,
Whose flocks supply him with attire;
Whose trees in summer yield him shade,
In winter fire.
Blest who can unconcern'dly find
Hours, days, and years slide soft away
In health of body, peace of mind,
Quiet by day,
Sound sleep by night; study and ease
Together mixt, sweet recreation,
And innocence, which most does please
With meditation.
Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where I lie.
--------------------------
-Alexander Pope
ကဲ ကျေနပ်ပြီလား ဝေ…. အားလုံးလဲ ကဗျာလေးနှစ်ပုဒ်ကို သဘောကျနှစ်သက်ကျမယ်လို့ ယုံကြည်ပါတယ်…

5 comments:

ဗီလိန် said...

ရစ်စရာမရှိ ရစ်ပါတဲ့
ယမမင်းကို ခွေးရှောင်လို့
ငွေရအောင် ပြောင်ပြတယ်
ဘုန်းလျှက်ပင်သား။
မတရား လူတကာချ
ဝက်များက ညူတူစွာ ရှုလေလေ
မူနေသေးတယ် အများတကာထက်ကဲ။

ဟိဟိ ကဗျာစပ်ပေးတာ။ :P :P :P

ဗီလိန် said...

ငှဲလျောင်း၊ ငှဲလျောင်း

ဖိုးဂျယ် said...

ဗီဗီကတော့လေ စသွားတယ်ဟုတ်။
မန့်ဆိုလို့ မန့်တယ်ကွယ် . . . .
မပိန် သေးလေးရယ် . . . .
ဘာရေးရမလဲ မသိတယ် . . . .
သူများထက်ပိန်တဲ့ ငါ့ညီမရယ် . . . .
ကောင်းကောင်းအိပ်ပါကွယ် . . . .
ခေါင်းဆင်နင်းခံရတော့မယ် . . . .

ဗန်ပိုင်းယား said...

အထက်တန်းက စာတွေ ရသေးတယ် ကြည့်စမ်း .. ချာတိတ် လေး တော်လိုက်တာ ......

စပ်မိစပ်ရာ said...

ညီမလေးကို လူတိုင်းက တော်တယ်ပြောနေမှတော့ ကိုကြီးကလည်း တော်တယ်ပဲပြောခဲ့တော့မယ်