Friday, December 12, 2008

အပျင်းပြေ ချေပခြင်း

ဘလောဂါသူများဘက်မှနေ၍ ... ဘလော့ဂါညီမလေးမှ... ဘလော့ဂါအစ်ကိုများအတွက် သီးသန့် ... စပါယ်ရှယ် ပေါဆန်းမွှေးလေး... မြည်းစမ်းကြည့်ပါမနှေး...

မျောက်လား... ဝက်လား

အုံ့မှိုင်းညှို့  ညှို့  မိုးချုပ်ချုပ်
ဘလော့ဂါ အစ်ကိုတွေသရဲရုပ်…
ပျင်းတဲ့အချိန်များဘာတွေလုပ်
ဟန္နုမာန်လို ဝဲထိုင်ကုတ်…
သူတို့ရုပ်မှအားမနာ
တွေ့ သူတိုင်းကိုကြူချင်ရှာ …
အယုတ်အလတ် အမြတ်မရွေး
အဘွားကြီးပါမရှောင် စာလိုက်ပေး…
မရပြန်တော့ထိုင် ငုတ်တုတ်
မရှိတဲ့အလှကို ပြင်ဖို့ထုတ်…
ကျက်သရေ အရပြောပြန်ရင်
သူတို့ကိုယ်မှမဆင်ခြင်…
သူများအကြောင်းဆို ၀န်မလေး
သွားပုတ် လေလွင့်ပြောတာမနှေး…
သူများမျက်ချေး သူတို့မြင်
ကိုယ့်မျက်ချေးကျ ကိုယ်မမြင်…
အိပ်ရာထတာ နေဖင်ထိုး
နေပုံထိုင်ပုံ တေလေဂျပိုး…
စားသောက်တာများ ကြည့်စမ်းကွယ်
စူဇကာပုဏ္ဏားမမှီနိုင်တယ်…
ဘယ်သူ့မှလဲ မရှက်ပဲ
တောင်းရမ်းစားပြန်တယ်…
တော်ပါပြီကွယ် အာညောင်းမယ်
သူတို့မကောင်းကြောင်း ကန်းကုန်တယ်…
တို့ရဲ့  ဘလော့ဂါအစ်မများ
ဆက်သာ သမပါ သူတို့အား...
မင်း မျောက်လား မင်းဝက်လား…
ဟေလာမောင်တို့ဝါး ….. :P

အစ်ကိုတွေ အစ်မတွေက ကဗျာတွေ အပြိုင်စပ်နေကြတာနဲ့ ယမာလည်း တပုဒ်လောက် အပျင်းပြေဝင်စပ်လိုက်တာပါ… စိတ်မဆိုးကြေးနော်… Friend … Friend နော် … ဟဲဟဲ… :P

Thursday, December 11, 2008

အလုပ်ထဲမှာပေါ့ (၁)

အခုတလော ဘာပို့စ်လေးတွေတင်ရင်ကောင်းမလဲလို့ စဉ်းစားနေမိတယ် … ဒီလို အကြံအိုက်နေချိန်မှာ အလုပ်ကသူငယ်ချင်းတယေက်က ယမာ့ကိုပြောတယ် အလုပ်ကအကြောင်းတွေရေးပါလားတဲ့... ယမာက ကျောင်းတက်ရင်းအလုပ်လုပ်နေတဲ့ ရိုးသားကြိုးစားတဲ့ ကလေးမလေးဆိုတော့ အလုပ်မှာလဲ အောင်မြင်တယ်လေ… တနေ့တနေ့ အလုပ်ထဲရောက်ရင်… စားလိုက် ထိုင်လိုက် စာအုပ်ဖတ်လိုက် ဟိုရေးလိုက် ဒီရေးလိုက် … supervisor လာရင် အလုပ်လုပ်ချင်ယောင်ဆောင်လိုက်နဲ့ အောင်မြင်နေတာ ပြောပါတယ်…

အဲဒီတော့ အလုပ်မှာ တလွဲဖြစ်တာလေးတွေ… စဉ်းစာပြီး ရေးရေးသွားမယ်နော်…
ယမာလုပ်တဲ့အလုပ်က cashier လေ… Guardian shop မှာလုပ်တာ… အချိန်ပိုင်းအလုပ်လေးပါ… ဒါပေမယ့် ဆိုင်ကသေးတော့ အကုန်လုံးကိုယ်ပဲလုပ်ရတာပေါ့ … shift တခုမှာ လူတစ်ယောက်ပဲလုပ်ရတာ… အဲဒီတော့ ယမာလုပ်တဲ့အချိန်ဆိုရင် ဆိုင်မှာယမာတယောက်ထဲရယ်… customer မရှိရင် လုပ်ချင်တာထိုင်လုပ်နေတာ… (ဟဲဟဲ… သွားမတိုင်နဲ့နော်… ထမင်းငတ်သွားနိုင်တယ်) … အခုလောလောဆယ်တော့ တစ်ယောက်ထဲမဟုတ်ဘူး… သူငယ်ချင်း MT နဲ့ သူကအသစ်ဆိုတော့ Manager က ယမာနဲ့တွဲပေးထားတာ သူအကုန်လုံးကို တယောက်ထဲ လုပ်တတ်သွားလို့ကတော့ ကျုပ်တို့ သူငယ်ချင်းနှစ်ယောက်ကို ခွဲတော့မှာ…

အရင်တုန်းကလဲ… အသစ်တွေလာပြီဆိုရင် ယမာ့လက်ထဲထိုးထည့် … သူတို့တွေအကုန်တတ်သွားပြီဆိုရင် … ယမာနဲ့ခွဲပစ်… ဒီလိုပါပဲ… လွန်ခဲ့တဲ့သုံးလလောက်တုန်းကတော့ ယမာ့ရဲ့ ယမမင်းကြီးနဲ့ အတူတူလုပ်ရတယ်လေ… သူကကျောင်းပြန်ဖွင့်တော့ မလုပ်ချင်တော့လို့ဆိုပြီး… အလုပ်ထွက်သွားလေရဲ့ … (သူကစာဂျပိုးကြီးလေ.. ) ဒါနဲ့ပဲ… ယမာကတစ်ကိုယ်တော်မင်းသမီး ဖြစ်ဖြစ်နေတာ… ဟီးဟီး …

ကဲ… တလွဲလုပ်မိတာလေးတွေကိုတော့ နောက်မှပဲပြောပြတော့မယ်နော်… အခုဟာကအလုပ်မိတ်ဆက်… ဒါနဲ့ ယမာရဲ့ အလုပ်မှာလုပ်ချင်တယ်ဆိုရင် ပြောနော်… ယမာကောင်းကောင်းနှိပ်စက်ပေးမယ်… အဲယောင်လို့ … ယမာကောင်းကောင်းမိတ်ဆက်ပေးမယ်လို့… ဟဲဟဲ… :P

Wednesday, December 10, 2008

ကြိုက်မိတဲ့ကဗျာလေးတွေ…

ကိုဂျဲဂျယ်(သဘာငတိ) ကလာTag ထားပြန်ပြီ… ရေးရဦးပေမပေါ့… အိမ်းအိမ်း… ပျင်းသကွယ်… ဟီးဟီး…
အကြိုက်ဆုံးကဗျာတဲ့… ယမာတို့က ကဗျာဖတ်တာမဟုတ်ဘူး… ကျောင်းမှာသင်ရရင်သာ ဖတ်ဖြစ်တာ… အခုလဲ ကြိုက်မိတဲ့ကဗျာလေးက ၉တန်းတုန်းကသင်ရတဲ့ “ပတ္တမြားရွှေဂူ” ဆိုတဲ့ကဗျာလေးပေါ့… ရေးတဲ့ရည်ရွယ်ချက်လေးကမိုက်လို့ … ဘယ်သူတွေ ဘယ်လိုပဲမနာလိုဖြစ်ဖြစ်… ဘယ်လိုပဲလာပြိုင်ပြိုင် နောက်ဆုတ်ကြောက်ရွံ့ မသွားတဲ့အပြင် အရည်အချင်းတွေတောင် ပိုတောက်ပြောင်လာရတယ်ဆိုပဲ… ဘယ်လောက်အတုယူစရာကောင်းလဲ… ဖတ်ကြည့်ပါဦး…

“ပတ္တမြားရွှေဂူ”
ပြစ်မရှိ ပြစ်ရှာ……..
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။
ပတ္တမြားရွှေဂူကိုလ
ဝက်များကညူစူစွာ
တိုက်နှဲ့ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေ့ကထက်ကဲ။
-------------------------

ကဲ… ကြိုက်မိတဲ့ အင်္ဂလိပ်ကဗျာလေးလဲ ကြုံတုန်းပြောပြလိုက်ဦးမယ်… ဒီကဗျာလေးကလဲ ၁၀တန်းတုန်းကသင်ရတာလေ… “The Quiet Life” တဲ့ … ကဗျာစာသားလေးတွေက ကာရံနဘေညီတဲ့အပြင် အေးအေးချမ်းချမ်းနေရတဲ့ ဘဝလေးကို ပေါ်လွင်အောင် ဖော်ပြထားနိုင်တယ်လေ… ခံစားကြည့်ပါဦးလား…


“The Quiet Life”

HAPPY the man whose wish and care
A few paternal acres bound,
Content to breathe his native air
In his own ground.
Whose herds with milk, whose fields with bread,
Whose flocks supply him with attire;
Whose trees in summer yield him shade,
In winter fire.
Blest who can unconcern'dly find
Hours, days, and years slide soft away
In health of body, peace of mind,
Quiet by day,
Sound sleep by night; study and ease
Together mixt, sweet recreation,
And innocence, which most does please
With meditation.
Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where I lie.
--------------------------
-Alexander Pope
ကဲ ကျေနပ်ပြီလား ဝေ…. အားလုံးလဲ ကဗျာလေးနှစ်ပုဒ်ကို သဘောကျနှစ်သက်ကျမယ်လို့ ယုံကြည်ပါတယ်…

Tuesday, December 9, 2008

Poem for someone...



သက်ဆိုင်သူ ကိုခန့်သူလင်း(ယမမင်းလေး၏ ဘာညာဘာညာ.... ယမမင်းကြီးဆိုတာ သူပေါ့) က တောင်းဆိုလို့ ရေးဖြစ်သွားတာပါ...
ဒီကဗျာလေးကို ယမာအလုပ်မှာ ရေးဖြစ်တာပါ... (အလုပ်မလုပ်ပဲ ထိုင်ရေးနေတာ ဟီး.. ဟီး...သတိရလို့ )
လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့ အတွက်ပေါ့...
ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်... (မကျေနပ်ရင်လဲ... လျှာကိုက်သေပေါ့နော်...)
ဒါတောင်ရေးချင်သေးတာတွေ ကျန်နေသေးတယ် သူငယ်ချင်းတွေ အမြင်ကတ်နေမှာ စိုးလို့ မရေးတော့တာ... ခွိခွိ.. (သူကတော့ ရှက်နေတော့မှာပဲ... )
လာလည်ကြတဲ့ သူငယ်ချင်းတွေလဲ... မန့်မန့် လေးတွေ ပေးခဲ့ပါနော်...




Thursday, December 4, 2008

မွေးနေ့ ဆုတောင်း....


သြော်ဒီနေ့က ဒီဇင်ဘာလ ၅ရက်နေ့ပဲ… ဒီနေ့မှာမွေးတဲ့လူတွေက… နဲနဲဂေါက်တယ်… ဥပမာ… ကိုဂျဲဂျယ် (http://www.jeljel-lay.co.cc/) … ကဲတော်ပါပြီ… ဝေ့၀ိုက်မနေတော့ဘူး… ကိုဂျဲဂျယ်မွေးနေ့အတွက် ပို့စ်လေးတခုရေးပေးမလို့… အစကစဉ်းစားနေတာ ဘာများရေးပေးရင်ကောင်းမလဲလို့ (ငွေမကုန်တာမျိုးပေါ့နော်)… မွေးနေ့လက်ဆောင်နေနဲ့ ကာတွန်းပုံလေးတွေရယ်… စာလေးရယ် တင်ပေးလိုက်မလားလို့… နောက်တော့ ဒို့ကိုကြီး ဂျဲဂျယ်က မွေးနေ့ဆုတောင်းကဗျာလေးရေးပေးပါဆိုလို့… ကြိုးစားကြည့်မယ်လေဆိုပြီး ကြိုးစားကြည့်ပါတယ်… (မရေးပေးရင်လဲမဖြစ်… သူကသဘာငတိဆိုတော့ နဲနဲ ဖားထားမှ) … ယမာတို့က ကဗျာလဲ အဖြစ်ရှိအောင်မရေးတတ်တော့ အခက်တွေ့တော့တာပေါ့... ဘာပဲဖြစ်ဖြစ်လေ… မရေးတတ်ရေးတတ်နဲ့ ရေးပေးလိုက်ပါလေရဲ့  … ဒီလိုကွယ့် …


ဘလော့ရေးတဲ့ ကိုကြီးဂျယ် မွေးနေ့ ရောက်ပြီကွယ်…
မွေးနေ့မှာ ဘာတွေလုပ်… “အိမ်မှာ ငါငုတ်တုတ်…”
သနားစရာ ကိုကြီးဂျယ် မုန့်လေး ၀ယ်ကျွေးကွယ်…
“ကျွေးနိုင်သေးဘူး ငါ့မြေးရဲ့ … ဘိုင်ပြတ်နေတယ်ဟဲ့…”
မညာပါနဲ့ ကိုကြီးရယ်… မီးလေးသိနေတယ်…
ပေါဂေဟာက ငွေအမြောက်အများ… ကိုကြီးအိတ်ထဲ ရှာရင်မရှား…
“ဘာသိလို့လဲ ငါ့မြေးရယ်… စိတ်တော်နောက်တယ်ကွယ်…”
“ကိုကိုဘုံးထားငွေတွေများ… မဒမ်လောင်းဆီရောက်ရောက်သွား… ”
ထားလိုက်ပါတော့ … ကိုကြီးဂျယ်… လည်လည်သွားမယ်ကွယ်…
“စကာင်္ပူမှာ လည်စရာရှား… မြန်မာပြည်ကိုသတိရသား….”
ဒါဆိုရင်လဲ… ဒို့အစ်ကိုရယ်… အကြံကောင်းပေးမယ်…
ပိုက်ဆံမကုန် ခြေမညောင်း ဘလော့မှာ ထိုင်ဆုတောင်း…

****************************

ဒီဇင်ဘာလ … ၅ ရက်ဟာ ဂျဲဂျယ်မွေးနေ့ ပါ…
ရက်တွေကြွေလို့ တစ်နှစ်ပြောင်း…
အပူအပင် အဟောင်းတွေ အဝေးကိုဂျောင်း….
စိတ်သစ်လူသစ်မွေးကာသာ… မွေးနေ့သစ်ကိုကြိုဆိုပါ…
ဒီနေ့မှစ နောင်နှစ်များ… စိတ်အေးချမ်းကာ လန်းစေသား…
ပေါနိုင်ပါစေ ရူးနိုင်စေ… စိတ်လက်ပေါ့ပါးရွှင်လန်းစေ….
တွယ်တာရသော မိတ်သဟာအပေါင်း…
အမြဲသာ ချစ်ကြည်… ပျော်ရွှင်ကြောင်း…
လိုအပ်နေတဲ့ဆန္ဒတွေ… မြန်သာမနှေး ပြည့်ဝစေ…
ကုသိုလ်အမှု ထာဝစဉ်ပြု… စိတ်ထားမြင့်မြတ်စေ …
နောက်ထပ်ဆုတွေလိုရာတောင်း…. ကောင်းတာမှန်သမျှ … ပြည့်စေကြောင်း….

~~~~~~~~~~~~~~~~~~~~~~

အစ်ကို ဂျဲဂျယ်ရေ… ကျေနပ်ဝမ်းမြောက်မယ်လို့ ယုံကြည်ပါတယ်… ယမာတောင်းပေးချင်တဲ့ ဆုတွေ ဒီကဗျာလေးထဲမှာ အကုန်ပါသွားပြီနော်… ကလေးကဗျာလေးလိုဖြစ်နေတာကို သည်းခံပါ… ကဗျာသိပ်မရေးတတ်လို့… ဟီးဟီး…
ဖတ်ပေးကြတဲ့ ယမာ့ရဲ့  ဘလော့ ပရိသတ်အားလုံးလဲ… ကဗျာလေးကို ဝေဖန်ပေးကြပါဦးနော်… :)

Monday, December 1, 2008

10 things I hate about myself

ဒီပို့စ်လေးက ကိုဂျဲဂျယ် (http://www.jeljel-lay.co.cc/) Tag ထားလို့ ရေးဖြစ်သွားတာပါ… နောက်ကျမှရေးဖြစ်တာ… ခွေးလွှတ်ပေးပါနော်… :P
ကိုယ့်ကိုကိုယ် အမြင်ကတ်မိတဲ့ အချက်ကလေးတွေက ဒီလိုရှိတယ်…

၁) သူများကို အပြင်ပန်းကြည့်ပြီး ဝေဖန်တတ်တာ… (အမြဲတမ်းလဲ … ထင်တာနဲ့ လွဲရတာများပါတယ်…)
၂) ကိုယ်ဖြစ်ပျက်သမျှကို မိဘကိုပြန်ပြောပြတတ်တာ… (ကိုယ့်အပြစ်ဖြစ်မှာကို မစဉ်းစားမိပဲ ပြောတတ်လွန်းလို့ အဆော်ခံရပေါင်းလဲများပြီ… မှတ်သေးဝူး… )
၃) ဘာရယ်မဟုတ်ဘူး… အတင်းပြောတာမဟုတ်ပဲ… အတင်းပြောသလိုဖြစ်ဖြစ်သွားတာ… (အဲဒါကြောင့်လဲ… ပြဿနာပေါင်းများစွာတက်ပြီးပြီ…)
၎) ကိုယ်ပြောချင်တာကို သူများနားလည်အောင်မပြောတတ်တာ… (အထင်လွဲမှုပေါင်းများစွာနဲ့ပေါ့ကွယ်…)
၅) မဟုတ်မခံစိတ်ဓာတ်က အားကြီးလွန်းနေတယ်… (မိဘနဲ့တက်ရတဲ့ ပြဿနာအများစုက ဒီစိတ်ဓာတ်ကြီးကြောင့်ပဲ)
၆) ဘာမှမဟုတ်တာလေးတွေကို ဒေါသထွက်နေတတ်ပြီး… ပြဿနာကြီးကြီးတွေကိုကျတော့ ခွင့်လွှတ်တတ်နေတယ်… ( ဒါက ဂေါက်နည်းတမျိုး…)
၇) ကိုယ်ချစ်တဲ့လူအပေါ်ကို အရမ်းပြဿနာရှာတတ်သလို ဖြစ်ဖြစ်နေတယ်… (သူ့ အမြင်ပါ… )
၈) မျှော်လင့်ချက်အရမ်းထားတတ်လွန်းတယ်… (ဖြစ်မလာရင် ၀မ်းနည်းရတာလဲကိုယ်ပဲ… )
၉) အချစ်ကြီးတယ်… (နောက်ဆက်တွဲတွေကို မတွေးရဲဘူး… အမုန်းကြီးနေမှာဆိုးလို့… )
၁၀) တခြားအချိန်မှာပေါသလောက်… အတန်းထဲမှာအရမ်းအေးလွန်းတယ်… (တက်နေတဲ့ကျောင်းက active ဖြစ်မှအမှတ်ရတာလေ… ဒီလိုပုံနဲ့ တော့ တနေ့တနေ့ grade က “C” ပဲကိုက်နေရော… )


ကဲ… ရေးလို့တော့ ပြီးသွားပြီ… ဆက်တွေးရင်တော့ အများကြီး ထွက်လာဦးမှာပါ… သဘာငတိကြီးလဲ… ကျေနပ်မယ်လို့ထင်ပါတယ်… ကိုကိုမမ တွေလဲ… ယမာ့ရဲ့ အားနည်းချက်တွေဖတ်ပြီး… သနားနေကြရောပေါ့… ဒါမှမဟုတ် အမြင်ပဲကတ်နေမလားမသိ… ဘာပဲဖြစ်ဖြစ်လေ… ဗိုက်တော့ဆာနေပြီ… ဖတ်ပြီးသွားရင်… မုန့်လေးထားခဲ့နော်… :P

Thursday, November 27, 2008

ရူးပေါဂိုဏ်း သို့ လျှောက်လွှာ....

ဓာတ်ပုံနှင့်တကွ….. အာမီမှာတုန်းက ရေကစားတဲ့ သေနတ်ကိုင်ပြီး ရိုက်ထားတာ… အထီးလို့ထင်ရပေမယ့် အမ မဟုတ်ပါ….
1. နာမည် = ယမမင်းလေး…(အမ မှန်း သိသာစေရန်… “လေး” ထည့်သည်…)
2. အသက် = ယမမင်း၏ ဖွားဖက်တော်… (သိချင်ရင် ယမမင်းကိုမေး)
3. ဖုံး = ၀၁-၂၃၄၅၆၇၈၉ (ဒီထက်အစီအစဉ်ကျတာ ဘာရှိတုန်း…ပြော)
4. နေရပ်လိပ်စာ = အမေ့ဗိုက် (အကြွေးတောင်းချင်ရင် မေမေ့ဆီသွား)
5. ထင်ရှားသည့် အမှတ်အသား = လက်ဝဲဘက်လက်တွင် လက်ခလယ်ပါခြင်း
6. ပညာအရည်အချင်း = မူကြို ပထမနှစ် ဒူးချွန်ဆုရ
7. အိမ်ထောင်ရှိ/မရှိ = လျှောက်လွှာများ စီ…စစ်…ဆဲ…
8. လက်ရှိအလုပ်အကိုင် = လူ့ ပြည်နှင့် ငရဲပြည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်… အ၀ီစိတွင်းဖောက်ရန် စီစဉ်ဆဲ …. သဘာငတိနှင့်တကွ အဖွဲ့ ဝင်မူးကြီးငတ်ကြီးတို့ထံမှ ပါမစ်ကို စောင့်စားနေ၏… ပါမစ်ရလျှင် အဖွဲ့ သားအားလုံးကို အလည်ခေါ်သွားမည် ( ခြွင်းချက် ။ ။ အပြန်လမ်းအတွက် စီစဉ်ထားခြင်းမရှိပါ)
9. ၀ါတနာ (၁) = လူကြားသူကြားတွင် ထင်ပေါ်လိုခြင်း… (ကောင်းမွန်စွာ အသံထွက်ဖတ်ပါ)
10. ၀ါတံငါ (၂) = မပေါတတ်ဘဲ…ဖျစ်ညှစ်ပြီး ပေါချင်လွန်းခြင်း…. (ဒီအချက်ကြောင့် ပယ်မယ်ဆိုရင် ပယ်လိုက် … ဂရုမစိုက်ဝူး )
11. ၀ါတဏှာ (၃) = အနူပြင်ညာ
12. ကျွမ်းကျင်သည့်ပညာ = ဟိုသတင်းဒီရောက် ဒီသတင်းဟိုရောက်…. ရောက်ရောက် မရောက်ရောက် ရောက်အောင်ပို့ဆောင် ကုန်းချော ချောက်တွန်း ရန်တိုက် သွေးဆွ ပေးနိုင်ခြင်း…
13. အားနည်ချက် = လူသားကြော်မစားရတာ ၃လ ရှိပါပြီ ( အထက်က သစ်ပင်မခုတ်ရဘူးဆိုလို့ ငရဲပြည်မှာ ထင်းပြတ်နေတာကြာပါပြီ… ကြက်ဆူဆီဝယ်ဖို့ကလဲ ဖားထားတဲ့ ဘတ်ဂျက်တွေကကုန်ပြီ … ဒါကြောင့်လဲ… ပါမစ်ပေါပေါ ချပေးနေတဲ့ အလုပ်ကို ရှေ့မျက်နှာနောက်ထားပြီး လာလျှောက်ရတာ… )
14. လျှောက်ထားရသည့် အကြောင်းရင်း = ငပေါများဂိုဏ်းအား…. လေးစား… ကြည်ညို… အားကျ… မြတ်နိုး… တန်ဖိုးထား အားကိုး မိသော မိုက်ပြစ်ကြောင့် ….
15. လိုချင်သောရာထူး = ယမမင်း တရားစီရင်ရေး (မကောင်းသူ မချန် ကောင်းသူ ကန်ထုတ်ရန် မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် )
16. ခန့် မှန်းလစာ = အပြစ်ရှိသူ ငတိများအား(သဘာငတိကြီး နာမည်ထိခိုက်လျှင် တိုက်ရိုက်ပြောသည်ဟုမှတ်ပါ) ကြွပ်ကြွပ် ကြော်ရန် လစဉ် ဆီအလုံ အလောက်၊ ထင်းအလုံ အလောက်၊ ထောက်ပံ့စေလိုသည် … ထို့နောက်… စွမ်းဆောင်ချက်များကောင်းရင် ကောင်းသလို ထောက်ဆူးများ ချီးမြှင့်သွားစေလိုသည်…..
17. ကိုယ်ရေးရာဇ၀င် အကျဉ်း = ၅နှစ်တွင်… အူဝဲဟုစတင်အော်ငိုတတ်ပြီး … ၁၀နှစ်တွင်… စကားစပြောကာ… ၁၃ နှစ်တွင်… ၁မှ၁၀ အထိ ကျင်လည်စွာ ရွတ်ပြနိုင်၍ … ၁၅ နှစ်တွင်… ဟိုက်ပါဂိုရပ်စ် နှင့် အိုင်းငထိုင်းတို့ ဦးညွှတ်လေးပြုရသော ယမမင်းလေး ဖြစ်လာ၏။

ပုံ/-
ယမမင်းလေး

မှတ်ချက် ။ ။ မီးကိုသနားရင် နေရာပေးနော် … ဦးဦးတို့ ဒေါ်ဒ်ါတို့ အားလုံးကို မီး အားကိုးမယ် နော် နော် … ဘတ်ဂျက်ပြတ်နေလို့ပါ… အားလုံး ကိုလေးစားပါတယ်...

*သဘာပတိ- တွင်း ၂ ညီမဆိုတော့ ဘာပဲဖြစ်ဖြစ် ပေါမှာပဲဆိုပီး ထောက်ခံလိုက်တယ်၊ မထောက်ခံလို့လဲ ရဘူးလေ အတင်းပဲ ထောက်ခံချက်ရေးပေးတဲ့ ထောက်ခံပါတယ်၊ ထောက်ခံပါတယ်၊ ကျန် လူဂျီးများ ခေါင်းရှောင်ကျပါကုန်*

*အရမ်းအရမ်းကို ထောက်ခံပါတယ်ရှမ်။ အားလုံးကို လေးစားတယ်ဆိုတာနဲ့တင် ခန့်ချင်နေတာ ဓာတ်ပုံလေးလည်းတွေ့ရော ပိုခန့်ချင်သွားရော (ချစ်ချာလေးပါလား) လျှောက်လွှာဖတ်ကြည့်လိုက်တော့ ပေါမျိုးပေါနွယ်ထဲကပါလားဆိုတာ ပိုသေချာသွားတယ်၊ ဗီဗီ့ညီမဆိုကိုး။ *
ပုံ/ ဏာယကဂျီး

ရူးပေါဂေဟာ လိပ်စာ --> http://www.crazyvilla.co.cc/ .... :P