Sunday, October 3, 2010

မီးအိမ်လေးတွေ...


-->
1) The Colgao


ဒီမီးအိမ်ဒီဇိုင်းက စပိန်နိုင်ငံက ထုတ်လုပ်တာပါ... Colgao ဆိုတဲ့ စကားလုံးက စပိန်လို “ချိတ်ဆွဲနေတာ”လို့ အဓိပါယ်ရပါတယ်… ဆွဲကြိုးချပြီး သေနေတဲ့ပုံပေါက်နေတဲ့အတွက် လူတွေက သိပ်မ၀ယ်ချင်ကြပေမယ့် အလွန်မိုက်တဲ့ ဒီဇိုင်းလေးပါ…
2) The Light Drop
ဒါလေးကတော့ ဘရာဇီးက ဒီဇိုင်းနာ Rafael Morgan တီထွင်ထားတာပါ… ဘုံဘိုင်ကနေ အလင်းရောင်ရေစက်ကလေးကျနေသလို လုပ်ထားတာပါ… မီးလုံးလေးကို လှည့်လှည့်ပြီး လိုချင်တဲ့ အလင်းရောင်ပမာဏကို ညှိယူနိုင်ပါတယ်…
3) The Mannequim Lamps

ဆက်ထားတဲ့ အဆစ်ကလေးတွေကနေ အမျိုးမျိုးဖြုတ်ဆက်ကြည့်ခြင်းဖြင့် ကိုယ်လိုချင်တဲ့ အရုပ်ပုံစံလေးတွေရအောင် လုပ်ယူနိုင်ပါတယ်…
4) The Liquid Lamp

ဂျပန်နိုင်ငံက Kouichi Okamoto ဆိုတဲ့ ဒီဇိုင်းနာတစ်ယောက်ရဲ့  လက်ရာလေးပါ… ဝေးကကြည့်မယ်ဆိုရင်တော့ မီးအိမ်က လေထဲလွင့်နေသလိုပေါ့… တကယ်တမ်းက သွေးအိုင်လိုဖြစ်နေတဲ့ အနီရောင်အရာတွေက မီးအိမ်ရဲ့  ထောက်တံတွေပါ…
5) Abyss Table Lamp

ဒါလေးကလည်း ကိုယ်ကြိုက်သလို ပုံစံအမျိုးမျိုးလုပ်ယူလို့ ရပါတယ်…
6) Intravenous Lamps

စတိုင်ကတော့မိုက်တယ်… ဆေးရုံက သွေးသွင်းတဲ့ အိတ်ကလေးတွေလိုပေါ့…
7) Brain Lamp

ဆွီဒန်နိုင်ငံက Alexander Lervik ဆိုတဲ့ ဒီဇိုင်းနာ ပြုလုပ်တာပါ… သူ့ရဲ့  ဦးနှောက်ပုံတူကို ပြုလုပ်ထားတာလို့တော့ပြောတာပါပဲ…
8) X Lamp

ပြင်သစ်နိုင်ငံက ထုတ်တဲ့ ဒီမီးအိမ်ကတော့ အရပ်မျက်နှာ လေးဖက်လေးတန်ကို အလင်းပေးနိုင်ပါတယ်…
9) Lull Lamp

နော်ဝေးနိုင်ငံက ဒီဇိုင်းပြိုင်ပွဲမှာ ဆုရထားတဲ့ ဒီမီးအိမ်လေးဟာ ပန်းပွင့်လေးလို သူအလိုလို ပွင့်ဖတ်ကလေးတွေ ပွင့်နိုင် ပိတ်နိုင်တဲ့ မီးအိမ်လေးပါ… ညနေဖက်မှာတော့ သူက ပွင့်နေပြီး နွေးထွေးတဲ့ အလင်းရောင်ပေးပါတယ်… ညဘက်ကို ရောက်လာတဲ့အခါမှာတော့ တဖြည်းဖြည်း သူ့အလိုလို ပွင့်ဖတ်လေးတွေက ပိတ်သွားပြီး အဖူးအငုံပုံစံလေးဖြစ်သွားပါတယ်… မနက်ဘက်ရောက်ရင်တော့ တဖြည်းဖြည်း ပွင့်ဖတ်လေးတွေ ပွင့်အာလာပြီး မနက်ခင်းမှာ လန်းလန်းဆန်းဆန်းနိုးထခြင်းကို ပေးစွမ်းနိုင်ပါတယ်…
10) Recycled Book Lamp

စာကြည့်တိုက်တွေ စာကြည့်ခန်းတွေ ဒါမှမဟုတ် ကလေးလေးတွေရဲ့  ကိုယ်ပိုင်အခန်းလေးတွေမှာ သုံးဖို့ သင့်တော်တဲ့ မီးအိမ်လေးပါ… စာအုပ်စာပေကို မြတ်နိုးတတ်အောင်ပေါ့…
(ယမမင်းလေး ရှာဖွေ/ဘာသာပြန်/မျှဝေသည်)