Thursday, October 7, 2010

လက်ဖက်ခြောက်အိတ်တို့၏ အသုံးဝင်ပုံများ(အဆက်)


-->
အသုံးဝင်ပုံအမျိုးမျိုး (အဆက်)
1) အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ကို ရေနွေးနွေးလေးထဲမှာ ပြန်စိမ်ပြီး… မျက်လုံးပေါ်မှာ မိနစ် ၂၀လောက် အုံပေးထားလိုက်ရင် မျက်ကွင်းညိုခြင်း မျက်လုံးမို့နေခြင်းများ ကို သက်သာစေပါတယ်…
2) ထိုလက်ဖက်ခြောက်ဖတ်စိမ်ထားတဲ့ လက်ဖက်ရည်နဲ့ ခေါင်းကို ပုံမှန်လျှော်ပေးမယ်ဆိုရင်… ကိုယ့်ရဲ့  ဆံပင်လေးက တောက်တောက်ပပလေး ဖြစ်လာနိုင်ပါတယ်… (ဆံပင် အနက်ရောင် ပိုင်ရှင်တွေအတွက်ပဲနော်…)
3) မိန်းကလေးများအတွက် မျက်နှာမှာသုံးတဲ့ Tonner တွေဘာတွေ ကုန်သွားလို့… သွားလည်း မ၀ယ်ဖြစ်သေးဘူး… သုံးဖို့လည်းလိုနေတယ်ဆိုရင် အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ကို မျက်နှာတ၀ိုက် tonner သုံးသလိုပဲ သုံးလိုက်ပါ… ပြီးနောက်မှာတော့ သန့်ရှင်းတဲ့ တဘက်ကလေးနဲ့ မျက်နှာကို ခြောက်သွားအောင် ပြန်သုတ်လိုက်ပါ… လက်ဖက်ခြောက်ဖတ်မှာပါတဲ့ ဓာတ်တမျိုးက မွေးညှင်းပေါက်တွေကို သေးငယ်သွားစေတဲ့အတွက် မျက်နှာအဆီပြန်မှုကို လျော့နည်းစေပါတယ်…
4) လူတော်တော်များများက ခြေထောက်မှာ ချွေးထွက်များပြီး အနံ့ နံတတ်ပါတယ်… ချွေးထွက် နည်းစေဖို့အတွက် ခြေထောက်ရှိ မွေးညှင်းပေါက်လေးတွေ ကျဉ်းဖို့ လိုပါတယ်… အထက်မှာ ပြောထားသလို လက်ဖက်ခြောက်ဖတ်မှာပါတဲ့ ဓာတ်တမျိုးက မွေးညှင်းပေါက်တွေကို သေးငယ်သွားစေတဲ့အတွက် နေ့တိုင်း လက်ဖက်ခြောက်ရေ ကျကျထဲမှာ ခြေထောက်ကို မိနစ်၂၀လောက် စိမ်ထားလိုက်မယ်ဆိုရင် ခြေနံ့ နံမှု လျော့နည်းပျောက်ကင်းသွားမှာဖြစ်ပါတယ်…
-->

-->
ဆက်ရန်…
(ယမမင်းလေး ရှာဖွေ/ဘာသာပြန်/မျှဝေသည်)

No comments: