Wednesday, October 6, 2010

လက်ဖက်ခြောက်အိတ်တို့၏ အသုံးဝင်ပုံများ


-->
ရေနွေးကြမ်းသောက်ရင် စိမ်ပြီးသောက်တဲ့ လက်ဖက်ခြောက်အိတ်လေးတွေကို အသုံးပြုပြီးနောက်မှာ… တခါတည်းတန်းမလွှတ်ပစ်ပဲ အသုံးဝင်အောင် ပြုလုပ်လို့ရတဲ့ နည်းအမျိုးမျိုးရှိပါတယ်…
အသုံးဝင်ပုံအမျိုးမျိုး
1) အရင်ဆုံးသုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကို အအေးခံလိုက်ပါ… ပြီးနောက် နေလောင်ဒဏ်ရာ နဲ့ ရိုးရိုး အပူလောင်ထားတဲ့ နေရာတွေမှာ အုံပေးလိုက်မယ်ဆိုရင် ဒဏ်ရာတွေ သက်သက်လာမှာဖြစ်ပါတယ်… အရေပြား အများပိုင်းကို အပူလောင်ထားတာဆိုရင်တော့ လက်ဖက်ခြောက်ရေကို အအေးခံပြီး ရေချိုးသလိုမျိုး ကိုယ်ခန္ဒာပေါ်ကို လောင်းချပေးပါ…
2) ခြင်ကိုက်တာ ပိုးမွှားကိုက်တာ တို့ကြောင့် ယားယံနေတဲ့ အရေပြားပေါ်မှာလည်း အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ် အေးအေးလေး ကပ်ထားပေးမယ်ဆိုရင် ယားယံခြင်း သက်သာနိုင်ပါတယ်…
3) သွေးထွက်နေတဲ့ ဒါမှမဟုတ် ရောင်၍နာကျင်နေတဲ့ သွားဖုံးတွေကိုလည်း အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ် အေးအေးလေး ကပ်ထားပေးမယ်ဆိုရင် ဝေဒနာသက်သာစေပါလိမ့်မယ်… လက်ဖက်ခြောက်ဖတ်မှာပါဝင်တဲ့ ဓာတ်တမျိုးက သွေးကြောထဲတွင် သွေးစီးဆင်းမှုကို ထိန်းချုပ်ပေးပါတယ်… ဒါကြောင့် သွေးထွက်တာကို တိတ်စေပြီး ဖူးရောင်နာကျင်မှုကိုလည်း သက်သာစေပါတယ်…
4) ထိခိုက်ဒဏ်ကြောင့် အရောင်ပြောင်းသွားသော (ညိုမဲသွားသော/သွေးခြေဥသွားသော) အရေပြားပေါ်ကို အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ် အေးအေးလေး ကပ်ထားပေးမယ်ဆိုရင် အနာမြန်မြန်ကျက်စေပါတယ်… ကိုယ်ခန္ဒာပေါ်က အသေးဆုံးသွေးကြောလေးတွေ ပေါက်ပြဲမှုကြောင့် အရေပြားအရောင်ပြောင်းမှုတွေဖြစ်ရတာပါ… အပေါ်မှာ ပြောခဲ့သလို လက်ဖက်ခြောက်ဖတ်မှာပါဝင်တဲ့ ဓာတ်တမျိုးက သွေးကြောထဲတွင် သွေးစီးဆင်းမှုကို ထိန်းချုပ်ပေးတဲ့အတွက် ဒီနေရာမှာလည်း အသေးဆုံးသွေးကြောလေးတွေက သွေးယိုစိမ့်မှုကို ရပ်သွားစေပါတယ်…
ဆက်ရန်...
(ယမမင်းလေး ရှာဖွေ/ဘာသာပြန်/မျှဝေသည်)

No comments: