Friday, October 8, 2010

လက်ဖက်ခြောက်အိတ်တို့၏ အသုံးဝင်ပုံများ(အဆက်ရဲ့  အဆက်)


-->
1) အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ကို စိမ်ထားတဲ့ လက်ဖက်ရည်ကြမ်းထဲကို ဖုန်သုတ်တဲ့အ၀တ်စလေးနှစ်လိုက်ပြီး အဲ့ဒီအ၀တ်နဲ့ အိမ်မှာရှိတဲ့ ပရိဘောဂတွေရဲ့  မျက်နှာပြင်ကို တိုက်ပေးမယ်ဆိုရင် ပေါ်လှစ်ရှ် တင်စရာမလိုပဲ တောက်ပြောင်လာမှာ ဖြစ်ပါတယ်… တိုက်ပြီးရင်တော့ အ၀တ် အခြောက်နဲ့ ခြောက်သွေ့သွားအောင် ပြန်သုတ်လိုက်ပေါ့နော်….
2) ရေခဲသေတ္တာထဲမှာ အနံ့တွေနံနေရင် ဒါမှမဟုတ် ဆေးလိပ်ပြာခံတဲ့ ခွက်ထဲမှာ အနံ့တွေ အရမ်းမွှန်နေရင် အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်လေးတွေ ထည့်ထားလိုက်ပါ… မကောင်းတဲ့ အနံ့တွေကို စုပ်ယူသွားပါလိမ့်မယ်…
3) အက်စစ်(Acid) ကြိုက်တဲ့ အပင်တွေဖြစ်တဲ့ ဇီဇ၀ါပန်းပင်တို့၊ စားလို့ရတဲ့ အသီးချဉ်ချဉ်တွေ သီးတဲ့အပင်တို့ (လိမ္မော်၊ သံပရာ၊ ရှောက်) နဲ့ Fern ပင် (ဒရင်ကောက်ပင်)တို့ ကြီးထွားမှုမြန်ဆန်ကောင်းမွန်စေချင်ရင် လက်ဖက်ရည်ကြမ်း ရောထားတဲ့ ရေကို တခါတရံ မြေထဲကိုတိုက်ရိုက်(အပင်ပေါ်မှတစ်ဆင့်မဟုတ်ပါ) လောင်းလောင်းပေးပါ… ကောင်းမွန်တဲ့ မြေသြဇာအတွက် နိုက်ထရိုဂျင် ပမာဏများလာအောင် အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်လေးတွေထဲက လက်ဖက်ခြောက်ဖတ်လေးတွေကိုလည်း မြေသြဇာအဖြစ်အသုံးပြုနိုင်ပါတယ်…
4) ညစ်ပတ်ပြီး ချွဲကျိနေတဲ့ မှန်တွေ၊ အိုးတွေ၊ ပန်းကန်ပြားတွေကို သန့်ရှင်းသွားအောင် အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကို ရေနွေးနွေးနဲ့ ထပ်စိမ်ပြီး ထိုနှစ်ခါပြန် လက်ဖက်ရည်ကြမ်းနဲ့ ပွတ်တိုက်ဆေးကြောပေးလို့ရပါတယ်… လက်ဖက်ခြောက်ဖတ်လေးတွေမှာ ပါဝင်တဲ့ဓာတ်တမျိုးက အဆီတွေ အချွဲအကျိတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်…
အိမ်သန့်ရှင်းရေး… စိုက်ပျိုးရေးနဲ့ တကိုယ်ရေ သန့်ရှင်း ကျန်းမာရေးတို့အတွက် အသုံးဝင်လှတဲ့… ဒီလက်ဖက်ခြောက်အိတ်လေးတွေကို လွှတ်မပစ်သေးခင် တန်ဖိုးရှိရှိ အသုံးပြုနိုင်ကြပါစေလို့ အကြံပေးလျက်…
(ယမမင်းလေး ရှာဖွေ/ဘာသာပြန်/မျှဝေသည်)

1 comment:

ဆုံစည်းရာ said...

လာရောက်မှတ်သားသွားပါတယ်....