Sunday, October 10, 2010

ကမ္ဘာပေါ်ရှိ အလှဆုံး ပန်းခြံများ (၁)


-->
1) Scotland မှာရှိတဲ့ “The Garden of Cosmic Speculation”


တစ်နှစ်နေမှ တစ်ခါသာ ပြည်သူလူထု ၀င်ရောက်ကြည့်ရှုနိုင်ဖို့ တရားဝင်ဖွင့်ပေးတာပါ… သင်္ချာနဲ့ သိပံနည်းပညာကို ဖော်ပြထားတဲ့ ပန်းခြံတစ်ခုပေါ့… ဒီပန်းခြံလိုပန်းခြံမျိုး ကမ္ဘာမှာ မရှိသေးဘူးလို့ ဆိုပါတယ်… စတင်တည်ထောင်သူကတော့ Charles Jencks နဲ့ သူ့ရဲ့  ဆုံးသွားသော ဇနီးသည် Maggie Keswick တို့ပါပဲ… သူများတွေ ပန်းခြံဆောက်ရာမှာ မတွေးမိတဲ့ အတွေး၊အကြံဥာဏ်တွေနဲ့ အခြေတည်ပြီး ဆောက်ထားတဲ့ ဒီပန်းခြံကို 1989 ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာပါ…

2) Neatherlands မှာရှိတဲ့ “Keukenhof Gardens”


အမျိုးပေါင်းစုံလှတဲ့ ပန်းတွေကို အနှပညာ ဆန်ဆန် ပြသထားရာမှာ ပြိုင်ဖက်မရှိတဲ့ ဥယျာဉ်တစ်ခုပဲ ဖြစ်ပါတယ်… ကမ္ဘာကျော် ဒီဥယျာဉ်ဟာ နယ်သာလန်ရောက်သူတိုင်း သွားသင့်သော နာမည်ကျော် နေရာတစ်ခုပါပဲ… ဒီဥယျာဉ်ဟာ ဂမုန်းပန်း အမျိုးပေါင်း ၇သန်းခန့် တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်…

3) Thailand မှာရှိတဲ့ “Suan Nong Nooch Garden”


ထိုင်းမှာရှိတဲ့ ပတ္တယားမြို့ မှာပဲ ဖြစ်ပါတယ်… ထူးဆန်း၍ ရင်သပ်ရှုမောဖွယ်ရှိသော ရှုခင်းတွေကြောင့် ခရီးသွားတွေရဲ့  အာရုံကို ဆွဲဆောင်ရာ ဖြစ်တယ်… ထိုင်းရိုးရာ ပုံစံ အိမ်လေးတွေ၊ စားသောက်ဆိုင်/စားသောက်ဆောင်ကြီးတွေ နဲ့ ရေကူးကန်တွေ ရှိတဲ့ နေရာလည်း ဖြစ်တယ်… ၆၀၀ ဧက ကျယ်ပြန့်သော မြေကို 1954 ခုနှစ် တုန်းက Mr. Pisit နဲ့ Mrs. Nongnooch တို့က ၀ယ်ယူခဲ့ပါတယ်… အစပိုင်းက ဒီမြေပေါ်မှာ သစ်သီးသစ်ပင်တွေ စိုက်ပျိုးဖို့ လျာထားခဲ့တာပါ… နောက်ပိုင်းမှ Mrs. Nongnooch က အပူပိုင်းဒေသ ဥယျာဉ်တစ်ခုအဖြစ် သစ်ပင်တွေနဲ့ ပန်းတွေကို အလှဆင်ပြသဖို့ ခိုင်မာစွာဆုံးဖြစ်ခဲ့တာပါ…
ထိုအစီအစဉ်အတိုင်း အောင်မြင်ခဲ့ပြီး 1980 မှာ ပြည်သူလူထုအတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်… “suan” ဆိုတာကတော့ ထိုင်းလို ဥယျာဉ်ကို ခေါ်တာပါ… ထို ဥယျာဉ်မှာ ထိုင်းယဉ်ကျေးမှုကပွဲ/ပြပွဲတွေနဲ့ စည်ကားတဲ့အတွက် နှစ်စဉ် လည်ပတ်သူ ၂၀၀၀ နှင့် အထက် ရှိနေဆဲပါ…

-->
(ယမမင်းလေး ရှာဖွေ/ဘာသာပြန်/မျှဝေသည်)

No comments: