Tuesday, July 1, 2008

ပြန်တွေ့  ဦးမှာပဲ...

ကျောင်းတုန်းကတို့ရဲ့  အဖြစ်အပျက်တွေရယ်…

ဖျောက်ဖျက်လို့မရတဲ့ အချစ်သက်သေရယ်….

တောင့်တခဲ့ရတဲ့ မျှော်လင့်ချက်တွေရယ် …..

ပျက်သုဉ်းလို့သွားတဲ့ ဒီစိတ်ဓာတ်တွေကို….

အသစ်တဖန် ပြန်လိုချင်ပေမယ့်….

မိန်းကလေးမာန်က ရှိသေးပြန်တာမို့….

မျက်ရည်ခံတော့ မထိုးချင်ခဲ့တာအမှန်ပါ….

ဒါပေမယ့် နင်နားလည်ဖို့ကျန်တာက …..

ငါ့ရဲ့ အချစ်ဟာ လုံးဝကိုဟန်မဟုတ်ခဲ့တာပါပဲ …..

.....................................


....................

ငါတို့ ပြန်တွေ့တော့ နင်အံ့သြခဲ့တယ်...

ငါတွေ့မှာစိုးလို့ နင်ရှောင်ပုန်းခဲ့တယ်...

ငါလိုက်ရှာတဲ့အခါ နင်ပျောက်ဆုံးခဲ့တယ်...

ငါအော်ခေါ်နေပေမယ့်

ကွယ်ရာမှာ နင် လှောင်ပြောင်ပြုံးခဲ့တယ်...

ဒါပေမယ့်

ငါတို့ရေစက်က ဒီမှာတင် ဆုံးမှာ မဟုတ်ဘူး....

ငါယုံကြည်တယ်...

ငါတို့ နှစ်ယောက် တကယ် ပြန်တွေ့ ဦးမှာပဲ...

.....................................




ကဗျာလို့ပဲခေါ်ရမလား .... လျှောက်ရေးထားတာ လို့ပဲပြောရမလားတော့မသိဘူး ....

ဘာပဲဖြစ်ဖြစ်အားပေးမယ်ဟုတ် ...... :P

Thanks !!!

3 comments:

ဆုံစည်းရာ said...

တော်တော်ချစ်တတ်တဲ့အချစ်ဆရာမလေးပဲ

AUNG said...

ကဗျာလို့ပဲခေါ် ခေါ်.... လျှောက်ဘဲရေးထားထား..

VB codes ပေးကူးထားတာဆိုတော့...

ဘာပဲဖြစ်ဖြစ်အားပေးရမှာပေါ့ ... :(

Yaminnie’s Daydream said...

hote par p ...
arr pay tar ko bal kyae zu tin nay mhar par.... :P