Tuesday, July 1, 2008

မမျှော်လင့်တော့ဘူး


မျှော်လင့်ခြင်းနဲ့တင်

ဒို့အသက်မရှင်ချင်တော့ဘူးကွယ်….

မျှော်ရတာ မောလှပြီလေ…..


ဆုတွေကိုလဲ

ဒို့ထပ်မတောင်းချင်တော့ဘူးဟယ်….

တောင်းတိုင်းမှ မပြည့်ခဲ့တာ…..


အချစ်တွေကိုလဲ

မခံစားချင်တော့ဘူးကွယ်……

ခြစ်ခြစ်တောက် ပူလောင်လွန်းလို့ပါ……


အမုန်းဆိုပြန်တော့လဲ

မကြားချင်ပါဘူးဟယ်…..

အဓိပါယ်က ခါးသီးလွန်းတယ်လေ…


သြော်… တရားပေါက်သွားလေပြီလို့တော့

အထင်မရောက်လိုက်နဲ့ဦးနော်…..


ဘာလို့လဲဆိုတော့ …

မင်းကို တိတ်တခိုးလေး

မြတ်နိုးနေချင်သေးလို့ပေါ့ ….


ဘာကိုမှ

မမျှော်လင့်တော့တာတော့

တကယ်ပါဟာ

ယုံလိုက်ပါ…..

.......................................



ဒါကရော ဘာလို့ခေါ်မလဲ ..... ??? :P



thanks

No comments: