Thursday, July 10, 2008

ဒို့နှစ်ယောက်ဘ၀ - song


ဒီ link http://www.youtube.com/watch?v=URz-wKttvWQ လေးကိုနားထောင်ပြီး ယမာရေးထားတဲ့စာသားလေး insert ကြည့်ပါလား ... ဟီးဟီး ... :P

.......................

ဆုံတွေ့တိုင်းကြည့်နေတဲ့ ဒီမျက်ဝန်းအကြည့်တွေထဲ ……
နင်ဘာအချိုး ချိုးနေလဲမမြင်နိုင်ဘူးထင်ရင် မင်းမှားမယ်…..

ဘယ်လိုအခွင့်အရေးပေးပါစေဦး မယူနိုင်တော့ မင်းရဲ့ အရှုံး…..
အူကြောင်ကြားနည်းတွေသုံး အချိန်တွေဖြုံန်းနေရင်မင်းမှားမယ်…

တွေးတုန်းငေးတုန်း ချိန်းတွေ့ဖို့နေ့များစောင့်ဦး….
လေးတုန်းနှေးတုန်း မင်းပြောပြဖို့ခက်နေတုန်း….
ဒီတိုင်းဘဲဆက်ပြီးသွားနေရင် တကယ်ကိုနင်နောက်ကျလိမ့်မယ်….
သူများတွေကဦးသွားလိမ့်မယ်…..

(နင့်ဘက်ကချစ်တယ်လို့ ဖွင့်မပြောလဲဘဲ ဒို့သိတယ်….
ဒီအခြေအနေ လက္ခဏာတွေဟာ ဒီဘူတာဘဲဆိုက်မယ်….
နင့်အကြောင်းတွေ ငါသိထားလဲ….. နင်ပြောပြဖို့ခက်နေဆဲ….
ဒို့လိုပုံစံမျိုးက မင်းနဲ့ကိုက်မှ မကိုက်ဘဲ…..)

(နင်တကယ်ကိုချစ်တယ်ဆိုရင် မေးခွန်းတခုတော့မေးမယ်….
ငါစာနာလက်ခံနိုင်တယ် အမှန်ကိုအမှန်အတိုင်းပြောကွယ်…..
မင်းအချစ်က တခဏဘဲလား ??? နင်တဘ၀လုံးအတွက် ချစ်တာလား ???
မင်းအသေအချာ ပြန်စဉ်းစား…. ဒို့နှစ်ယောက်ဘ၀ ဖြစ်နိုင်လား..??? …..)

.............................

Thank You All !!!
သီချင်းရေး - ယမင်းဥမ္မာ
သံဇဉ် - Jay Chou (chinese singer :)
(comments pls !!! :)

No comments: