Thursday, July 31, 2008

ဟာသများ (၁)


မိခင်က ဂျင်မီအား ဆူ၏ ။ “ဂျင်မီ … သား ဂျင်းဘောင်းဘီ အသစ်ဝတ်ပြီးမှ ချော်လဲရတယ်လို့ကွယ်”
ထိုအခါ ဂျင်မီက …
“အဲ… သားမှာ အဲဒီဘောင်းဘီအသစ်ကို ချွတ်ဖို့ အချိန်မရ လိုက်လို့ပါ … ” ဟူ၏ …

................................


သား = “ဒီညတော့ သား စာဆက်မကြည့်နိုင်တော့ဘူး၊ အရမ်းပင်ပန်းနေပြီ ။”
အဖေ = “စာကျက်ရတာ ပင်ပန်းလို့သေသွားတဲ့ မသာမရှိပါဘူးကွယ်…”
သား = “ဒါဆို… သားက ပထမဆုံးဖြစ်အောင်လုပ်ကြည့်ရမှာလား … ”

.................................


ဖရက်ဒ် = “မင်းနောက် ကနေ ကြောင်နက်တကောင် လိုက်လာတယ်ဆိုရင် ကံဆိုးတယ်လို့ပြောမလား”
ဘာနီ = “ဒါကတော့ကွာ… မင်းက လူတယောက်လား၊ ကြွက်တကောင်လား အပေါ်မှာမူတည်တာပေါ့ကွာ ”

.................................


ဇင်အေး၏ နှစ်သက်စရာဟာသများစာအုပ်ထဲကပါ .... :P

No comments: