Thursday, July 3, 2008

ပြုံးနေသော




ဆုံးနေသော နှလုံးကို …. ပြုံးနေသော အမုန်းနဲ့….
ပျက်ရယ်ပြုကာ အသုံးမချလိုက်ပါနဲ့ ……
နှလှသော ဘ၀မှာ…. ယုယတဲ့ တခဏကိုပဲ …..
အသုံးမကျစွာ …. စွဲနေမိပါတယ် …..
ဒါပေမယ့် … မေ့သွားတဲ့ အချိန်များမှာတော့ဟာ …..
လုံးဝကို ပြန်မတမ်းတပါဘူးကွာ …..
နောက်ဆုံးမှာ…. မာယာအမုန်းနဲ့ …. ဟန်ဆောင်ပြုံးနေတဲ့မင်းကို ….
ဒို့က …. လုံးဝ …. ပြန်တောင်မသုံးတော့ပါ ….




..........................




ဒါကတော့ … ယမာ ၁၄ နှစ်အရွယ်တုန်းက ရေးထားတာလေးပါ….. ဖတ်ကြည့်တာနဲ့သိသာပါတယ် …. ရယ်ရပြီး ကလေးဆန်လို့လေ ….. :P

2 comments:

ရွှေပြည်သူ (ShwePyiThu) said...

၁၄ နှစ်အရွယ်တုန်းကတောင် ဒီလိုရေးနိုင်တာ ချီးကျူးပါတယ် ယမင်းလေးရေ။ အစ်မလည်း ပထမဆုံး ၀တ္ထုရေးတုန်းက ၁၄နှစ်/၁၅နှစ် အရွယ်ပါ (ညီမလေးလိုတော့ ဘယ်ကောင်းမလဲနော်)။ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ ညီမလေး...

Yaminnie’s Daydream said...

အမရေ... ဒီလိုအားပေးတဲ့အတွက် ... အရမ်းအားရှိသွားပါတယ်...
အမ၀တ္ထုတွေကမှ တကယ်ကောင်းတယ် ...
thanks ... for comment.... :)