Thursday, July 31, 2008

ဟာသများ (၁)


မိခင်က ဂျင်မီအား ဆူ၏ ။ “ဂျင်မီ … သား ဂျင်းဘောင်းဘီ အသစ်ဝတ်ပြီးမှ ချော်လဲရတယ်လို့ကွယ်”
ထိုအခါ ဂျင်မီက …
“အဲ… သားမှာ အဲဒီဘောင်းဘီအသစ်ကို ချွတ်ဖို့ အချိန်မရ လိုက်လို့ပါ … ” ဟူ၏ …

................................


သား = “ဒီညတော့ သား စာဆက်မကြည့်နိုင်တော့ဘူး၊ အရမ်းပင်ပန်းနေပြီ ။”
အဖေ = “စာကျက်ရတာ ပင်ပန်းလို့သေသွားတဲ့ မသာမရှိပါဘူးကွယ်…”
သား = “ဒါဆို… သားက ပထမဆုံးဖြစ်အောင်လုပ်ကြည့်ရမှာလား … ”

.................................


ဖရက်ဒ် = “မင်းနောက် ကနေ ကြောင်နက်တကောင် လိုက်လာတယ်ဆိုရင် ကံဆိုးတယ်လို့ပြောမလား”
ဘာနီ = “ဒါကတော့ကွာ… မင်းက လူတယောက်လား၊ ကြွက်တကောင်လား အပေါ်မှာမူတည်တာပေါ့ကွာ ”

.................................


ဇင်အေး၏ နှစ်သက်စရာဟာသများစာအုပ်ထဲကပါ .... :P

Preparing for RP Myanmar Thingyan

အခု ယမာတက်နေတဲ့ RP ဆိုတဲ့ ကျောင်းကြီးမှာ ... ပထမဆုံး အကြိမ်အဖြစ် RP မြန်မာသင်္ကြန် ဖြစ်မြောက်ဖို့အတွက် ... အားလုံးဝိုင်းဝန်းကြိုးပမ်းနေကြပါတယ် ... ဒီလိုမျိုး တဖက်တလမ်းကနေ မြန်မာဆိုသောစိတ်ဓာတ်ဖြင့် တတတ်တအား ပါဝင်ကူညီရလို့လဲ ယမာ့အနေနဲ့ အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ် ... ယမာ့လိုမျိုး (သို့) ယမာ့ထက် ကိုယ်အားလူအား စိတ်အားထက်သန်စွာဖြင့်.... ပါဝင်ကူညီနေကြသော RP မောင်နှမအပေါင်းကိုလဲ အထူးကျေးဇူးတင်လေးစားမိပါတယ် ... RP မြန်မာသင်္ကြန်ပွဲကြီး အောင်မြင်စွာ ဖြစ်မြောက်နိုင်ပါစေလို့ ဆုတောင်းမိသလို ... တကယ်ဖြစ်မြောက်အောင်လဲ တတ်နိုင်သမျှ ပါဝင်ကူညီသွားပါဦးမည် ..... :)

RP ကျောင်းသူကျောင်းသားအားလုံးကို
လေးစားချစ်ခင်လျက် ..... :)
ယမင်းဥမ္မာ ... ( SEG - DDEE )

This is our rp myanmar students' blog http://www.rpmyanmarstudents.blogspot.com/ .....
THANK YOU ALL :)

Monday, July 28, 2008

rp ကျောင်းသားများရှင့် ... ???


သြော် ... ကြုံတုန်း rp ကျောင်းသားတွေကို မေးချင်တာလေးတွေရှိတယ် ...
အင်တာဗျူးမယ်နော် ... ဟီးဟီး ... :P
rp မှာတက်ရတာ အဆင်ပြေလား ...? ပျော်လား ...?
ut တွေရော ဖြေနိုင်ကြလား ...?
grade တွေရော ကောင်းကြလား ဟင် ...?
သြော် ... ဘာရယ်မဟုတ်ပါဘူး ... သိချင်လို့ပါ ... :P
အားရင် ဖြေသွားကြပါဦးနော် ...

Saturday, July 26, 2008

ဘုရားပုံတော်များ ...

ဘုရား ... တရား ... သံဃာ ...





Singapore မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းက ဘုရားဆင်းတုတော်တွေကို ယမာကိုယ်တိုင် ဓာတ်ပုံရိုက်ထားတာလေ ....
ကြည်ညိုဖို့ကောင်းတယ်နော် ....

Tuesday, July 15, 2008

Funny story !!!




Here, I have funny story .... http://www.zorpia.com/yaminohmar/journals .
Please go there and have a look ....
You will definitely laugh..... :P
Thanks .... :)


Friday, July 11, 2008

တားမြစ်လိုက်ပြီ ...


ဒီစာတိုလေးကတော့ ကျောင်းမှာတုန်းက presentation ကောင်းကောင်းမလုပ်နိုင်တာကို အစွဲပြုပြီးရေးထားတာလေးပါ .... ဖတ်ကြည့်ပါဦးနော်....


..........................


ငါလုပ်နိုင်ရမယ် …. ငါကိုယ်ငါအားတင်းနေရတယ် … ဟုတ်တယ်လေ ….. ငါကြောက်နေခဲ့တာကိုး … ဒါပေမယ့် ငါကြိုးစားခဲ့တာပဲ…. ငါလုပ်နိုင်ရမှာပေါ့ ….. လုပ်လဲလုပ်နိုင်မှာပါ….. ဟောတော်… ငါ့အားပေးသံတွေပျော့သွားပါလား….. မဖြစ်ဘူးနော်… တင်းထားလိုက်ပါဦး…. ၁နာရီဆိုတဲ့အချိန်လေးကို ရအောင်ကျော်ဖြတ်လိုက်ပါဦး…. ငါအကုန်ပြင်ဆင်ပြီးပြီပဲ… ရမှာပါ …. ဘာမှပူစရာမရှိဘူး … သြော်…. နာရီဝက်တောင်ကုန်သွားပြီပဲ…. ဟယ်… ငါရှာထားတဲ့အချက်အလက်တွေကမှန်ရဲ့ လားမသိဘူး…. မှားနေရင်တော့သွားပြီ…. ငါသေမှာ…. စိတ်ညစ်ပါတယ်…. ငါရမှရပါ့မလားမသိဘူး…. ဟောကြည့်… သူများတွေရဲ့  တင်ပြချက်တွေကကောင်းလိုက်တာနော်… ငါမှာတော့ …. ဟင်း … ဟင်!…. ငါ့အလှည့်တောင်ရောက်လာပြီပဲ …. အားတင်းထားလိုက်ဦးကွာ…. ဒါပေမယ့် ငါ့အသံတွေတုန်နေခဲ့တယ်… ထိန်းလို့မရနိုင်ခဲ့ဘူး…. ငါ့ရဲ့  ကြောက်စိတ်တွေက ငါ့ကိုအနိုင်ယူနေကြတာပဲ….. ယူချင်ဦးဟာ … ယူကြဦးဟာ …. ငါကတော့ဒီဇာတ်ကိုမပြီးမချင်းဆက်ကနေရဦးမှာပဲ…. မခံနိုင်ဘူးဆိုပြီး ခွေယိုင်လဲကျသွားလို့တောင်မရတဲ့ အခြေနေကိုရောက်နေပြီပဲ…. ခံလိုက်ဦးပေါ့ဟာ…. ဟောပြီးသွားပြီ…. ဟူး…. ငါဘာတွေများပြောခဲ့ပါလိမ့်…. သြော်… ငါချရေးထားတာတွေထက်တော့ ပိုမပြောခဲ့တာသေချာပါတယ်…. ဒါပေမယ့်… ဘယ်လောက်ပဲကြိုးစားခဲ့ပါစေ… ငါဒိုင်လူကြီးဆီက ကျေနပ်ဖွယ်ရာစကားတွေ မကြားခဲ့ရပါဘူး…. ဒီနေရာမှာ တရားခံကဘယ်သူလဲ… ငါကိုယ်တိုင်လား… ငါရှာထားတဲ့ မပြည့်မစုံ အချက်အလက်တွေလား… ငါ့ရဲ့ ပျော့ညံ့တဲ့စိတ်ဓာတ်လား… ဒါမှမဟုတ် ငါ့ကိုချိနဲ့ ယိုင်လဲအောင်လုပ်နေတဲ့ ဟောဟိုရှေ့က ဒိုင်လူကြီးလား …. စဉ်းစားနေတုန်းမှာ…. ဟော… သိပြီ…. တကယ့်တရားခံက… ငါ့ရဲ့  တဖြည်းဖြည်းနဲ့ ပျော့ညံ့စွာကျဆင်းနေတဲ့ စိတ်ဓာတ်တွေပဲပေါ့…. သူတို့ကိုငါသိရဲ့ သားနဲ့ လစ်လျှူရှုနေမိတယ် …. မထိန်းသိမ်းပဲ ပရမ်းပတာ လွှတ်ထားခဲ့မိတယ်…. သြော်… ဒီလိုနဲ့ နောက်တရားခံတယောက်တောင်ပေါ်လာပြီပဲ… ဘယ်သူလဲလို့မမေးနဲ့ ငါပဲလေ …. အဲဒီစိတ်ပျော့စိတ်ညံ့တွေကို မတားမြစ်နိုင်ခဲ့တဲ့ ငါပဲပေါ့… ကဲ… ဘာပြောကြဦးမလဲ…. ငါတယောက်တည်း ကိုယ်ထိုက်နဲ့ကိုယ်ကံ ခံရဦးပြန်မပေါ့… ဘယ်ရမလဲ… နောက်တခါဆိုရင်တော့ ငါအမှတ်ရှိသွားပြီလေ… ဒီစိတ်ရိုင်းတွေကို လုံးလုံးလျားလျား တပြားသားမှအ၀င်မခံတော့ဘူးကွ...

အ၀င်အခံတော့ဘူး.. မှတ်ထား… :P


...........................


အရေးအသားတော့မကောင်းဘူးပေါ့ ....

ဒါပေမယ့် comment လေးတွေတော့ပေးပေါ့နော်....

Thursday, July 10, 2008

Sentosa သွားတုန်းကပေါ့ ...






သူငယ်ချင်းတွေနဲ့ sentosa သွားတုန်းက ....
ယမာကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ..... :)
professional မဟုတ်တော့ သိပ်တော့မလှဘူးပေါ့ .... :P
comments လေးတွေလဲ ပေးသွားကြဦးနော် ... ဟဲဟဲ ... :P
thanks !!!

ဒို့နှစ်ယောက်ဘ၀ - song


ဒီ link http://www.youtube.com/watch?v=URz-wKttvWQ လေးကိုနားထောင်ပြီး ယမာရေးထားတဲ့စာသားလေး insert ကြည့်ပါလား ... ဟီးဟီး ... :P

.......................

ဆုံတွေ့တိုင်းကြည့်နေတဲ့ ဒီမျက်ဝန်းအကြည့်တွေထဲ ……
နင်ဘာအချိုး ချိုးနေလဲမမြင်နိုင်ဘူးထင်ရင် မင်းမှားမယ်…..

ဘယ်လိုအခွင့်အရေးပေးပါစေဦး မယူနိုင်တော့ မင်းရဲ့ အရှုံး…..
အူကြောင်ကြားနည်းတွေသုံး အချိန်တွေဖြုံန်းနေရင်မင်းမှားမယ်…

တွေးတုန်းငေးတုန်း ချိန်းတွေ့ဖို့နေ့များစောင့်ဦး….
လေးတုန်းနှေးတုန်း မင်းပြောပြဖို့ခက်နေတုန်း….
ဒီတိုင်းဘဲဆက်ပြီးသွားနေရင် တကယ်ကိုနင်နောက်ကျလိမ့်မယ်….
သူများတွေကဦးသွားလိမ့်မယ်…..

(နင့်ဘက်ကချစ်တယ်လို့ ဖွင့်မပြောလဲဘဲ ဒို့သိတယ်….
ဒီအခြေအနေ လက္ခဏာတွေဟာ ဒီဘူတာဘဲဆိုက်မယ်….
နင့်အကြောင်းတွေ ငါသိထားလဲ….. နင်ပြောပြဖို့ခက်နေဆဲ….
ဒို့လိုပုံစံမျိုးက မင်းနဲ့ကိုက်မှ မကိုက်ဘဲ…..)

(နင်တကယ်ကိုချစ်တယ်ဆိုရင် မေးခွန်းတခုတော့မေးမယ်….
ငါစာနာလက်ခံနိုင်တယ် အမှန်ကိုအမှန်အတိုင်းပြောကွယ်…..
မင်းအချစ်က တခဏဘဲလား ??? နင်တဘ၀လုံးအတွက် ချစ်တာလား ???
မင်းအသေအချာ ပြန်စဉ်းစား…. ဒို့နှစ်ယောက်ဘ၀ ဖြစ်နိုင်လား..??? …..)

.............................

Thank You All !!!
သီချင်းရေး - ယမင်းဥမ္မာ
သံဇဉ် - Jay Chou (chinese singer :)
(comments pls !!! :)

Wednesday, July 9, 2008

My HOME sweet HOME



These are photos of my home furnitures.
Are these beautiful and looking good? ..... :P











Photos from science center (1)

Yamar and Swe Mon put the hands together to form a colorful heart-shaped image.... :P
A star fish and a fish in the glass water box.... :)

Yamar and Swe Mon and Pyae Phyo put our hands with marks from science center together :P

That is the sample picture of brain nerve ... :P
The view of nature in the glass water box ... :)
These are the photos that I took during my trip to the science center which is in Singapore.
You can comment on my taking photos skills .... :P
Now, I don't type in Myanmar because I have lost myanmar font.....
I have to download again .... :(
I will upload more photos that I took by myself ....
Thanks for having a look ....
Comments Pls .... :P

ပျင်းလို့ .... ဟီးဟီး ... :P




Post တွေမတင်ဖြစ်တာတောင်တော်တော်ကြာနေပြီနော် .... :P


ဘာတွေတင်ရမှန်းလဲ မသိတော့လို့ပါ....


ယမာ့မှာ ကိုယ်တိုင်စပ်ထားတဲ့ သီချင်းတွေအများကြီးရှိတယ် ...


ဒါပေမယ့်.... သီချင်းချည်းပဲတင်နေရင် ပျင်းနေကြမှာစိုးလို့ ....


ထူးထူးခြားခြားလေးတွေရှာနေတာ .... :)


ထုံးစံအတိုင်းပါပဲ .... မတွေ့ ပါဘူး ... ဟီးဟီး ... :P


ကြိုးစားသွားဦးမှာပါ ..... :)


Friday, July 4, 2008

Go ahead ;


Clouds with the wind;
And minds go away.
When clouds fit, they become big;
And it will rain.
When minds keep, they become deep;
And worry leave brain.
And then;
I will go ahead;
With my life, with my art;
With my smile, with my cry;
With my difficulty, and with my lucky;
Throughout my world of happy !!!




ဒီ english poem လေးက ယမာ ၈တန်းတုန်းကရေးထားတာ....
ကလေးအရေးအသားပေါ့နော် ..... တော်တော်လေးတော့ အရေးအသားညံ့တယ် .....

ဖတ်ပြီး comment ရေးပေးပါနော် .... :P

Thursday, July 3, 2008

ပြုံးနေသော




ဆုံးနေသော နှလုံးကို …. ပြုံးနေသော အမုန်းနဲ့….
ပျက်ရယ်ပြုကာ အသုံးမချလိုက်ပါနဲ့ ……
နှလှသော ဘ၀မှာ…. ယုယတဲ့ တခဏကိုပဲ …..
အသုံးမကျစွာ …. စွဲနေမိပါတယ် …..
ဒါပေမယ့် … မေ့သွားတဲ့ အချိန်များမှာတော့ဟာ …..
လုံးဝကို ပြန်မတမ်းတပါဘူးကွာ …..
နောက်ဆုံးမှာ…. မာယာအမုန်းနဲ့ …. ဟန်ဆောင်ပြုံးနေတဲ့မင်းကို ….
ဒို့က …. လုံးဝ …. ပြန်တောင်မသုံးတော့ပါ ….




..........................




ဒါကတော့ … ယမာ ၁၄ နှစ်အရွယ်တုန်းက ရေးထားတာလေးပါ….. ဖတ်ကြည့်တာနဲ့သိသာပါတယ် …. ရယ်ရပြီး ကလေးဆန်လို့လေ ….. :P

Wednesday, July 2, 2008

History of Polytechnics



ဒီ history of polytechnic ကို ခန့်သူ ဆီကရတာပါ .... သူကလဲ သူ့ရဲ့ သူငယ်ချင်းတွေဆီက ရတာနေမှာပေါ့ ... :P
သြော်..... မမြင်ရရင်.... photo ပေါ်ကို click လုပ်လိုက်ပါလား .... :)

စွမ်းအားနည်းနေလို့ - song




http://www.youtube.com/watch?v=VwZ_XmncNeE <-- ....="" :="" comments="" div="" link="">



.........................




နင်ကတယ်ကို မချစ်ဘူးလား…. ဒါဆိုငါမှားသွား…. ဘာမှမသိလို့ ခံခဲ့ရ….



အရင်ကဆုံတွေ့တိုင်းမှာ…. အခါခါနင်ကြည့်တာ… တကယ်ချစ်လို့လား မချစ်လား ဝေခွဲမရ….



အခုတော့ဒို့၂ယောက်တွေ့ပြီ …. မင်းကမသိဟန်ဆောင်လား….
စောင့်ခဲ့ရတဲ့ရက်တွေ ချိုးတွက်ရေလို့ မကုန်တော့ဘူးကွာ……



မျက်လုံးလေးတချက်လောက်ဝင့်ကာ အသိအမှတ်ပြုနေပါလား….
ဒီမှာချစ်မိသူရဲ့  ရင်ကိုဖောက်ခွဲမလား…..



(-- ရင်မှာကျန်နေတဲ့ စကားများ… ဖော်ထုတ်နိုင်အောင် ဒို့စွမ်းအား….
နည်းနေသေးလို့ အခုတော့ မင်းကမသိဘူး ဒီရင်ကအချစ်များ…..



-- ပျော်စရာတွေကို ရုပ်သိမ်းသွား….. ရင်ခုန်သံကို ချုပ်ထိန်းထား….
မင်းရဲ့ ရှေ့မှောက်ရောက်တော့ ဂယောက်ဂယက်ဖြစ်သော မတည်ငြိမ်တဲ့စိတ်များ…..)




........................


သီချင်းရေး -- ယမင်းဥမ္မာ


သံဇဉ် -- S.H.E




THANKS ....


Tuesday, July 1, 2008

မမျှော်လင့်တော့ဘူး


မျှော်လင့်ခြင်းနဲ့တင်

ဒို့အသက်မရှင်ချင်တော့ဘူးကွယ်….

မျှော်ရတာ မောလှပြီလေ…..


ဆုတွေကိုလဲ

ဒို့ထပ်မတောင်းချင်တော့ဘူးဟယ်….

တောင်းတိုင်းမှ မပြည့်ခဲ့တာ…..


အချစ်တွေကိုလဲ

မခံစားချင်တော့ဘူးကွယ်……

ခြစ်ခြစ်တောက် ပူလောင်လွန်းလို့ပါ……


အမုန်းဆိုပြန်တော့လဲ

မကြားချင်ပါဘူးဟယ်…..

အဓိပါယ်က ခါးသီးလွန်းတယ်လေ…


သြော်… တရားပေါက်သွားလေပြီလို့တော့

အထင်မရောက်လိုက်နဲ့ဦးနော်…..


ဘာလို့လဲဆိုတော့ …

မင်းကို တိတ်တခိုးလေး

မြတ်နိုးနေချင်သေးလို့ပေါ့ ….


ဘာကိုမှ

မမျှော်လင့်တော့တာတော့

တကယ်ပါဟာ

ယုံလိုက်ပါ…..

.......................................



ဒါကရော ဘာလို့ခေါ်မလဲ ..... ??? :P



thanks

ပြန်တွေ့  ဦးမှာပဲ...

ကျောင်းတုန်းကတို့ရဲ့  အဖြစ်အပျက်တွေရယ်…

ဖျောက်ဖျက်လို့မရတဲ့ အချစ်သက်သေရယ်….

တောင့်တခဲ့ရတဲ့ မျှော်လင့်ချက်တွေရယ် …..

ပျက်သုဉ်းလို့သွားတဲ့ ဒီစိတ်ဓာတ်တွေကို….

အသစ်တဖန် ပြန်လိုချင်ပေမယ့်….

မိန်းကလေးမာန်က ရှိသေးပြန်တာမို့….

မျက်ရည်ခံတော့ မထိုးချင်ခဲ့တာအမှန်ပါ….

ဒါပေမယ့် နင်နားလည်ဖို့ကျန်တာက …..

ငါ့ရဲ့ အချစ်ဟာ လုံးဝကိုဟန်မဟုတ်ခဲ့တာပါပဲ …..

.....................................


....................

ငါတို့ ပြန်တွေ့တော့ နင်အံ့သြခဲ့တယ်...

ငါတွေ့မှာစိုးလို့ နင်ရှောင်ပုန်းခဲ့တယ်...

ငါလိုက်ရှာတဲ့အခါ နင်ပျောက်ဆုံးခဲ့တယ်...

ငါအော်ခေါ်နေပေမယ့်

ကွယ်ရာမှာ နင် လှောင်ပြောင်ပြုံးခဲ့တယ်...

ဒါပေမယ့်

ငါတို့ရေစက်က ဒီမှာတင် ဆုံးမှာ မဟုတ်ဘူး....

ငါယုံကြည်တယ်...

ငါတို့ နှစ်ယောက် တကယ် ပြန်တွေ့ ဦးမှာပဲ...

.....................................




ကဗျာလို့ပဲခေါ်ရမလား .... လျှောက်ရေးထားတာ လို့ပဲပြောရမလားတော့မသိဘူး ....

ဘာပဲဖြစ်ဖြစ်အားပေးမယ်ဟုတ် ...... :P

Thanks !!!