Friday, July 11, 2008

တားမြစ်လိုက်ပြီ ...


ဒီစာတိုလေးကတော့ ကျောင်းမှာတုန်းက presentation ကောင်းကောင်းမလုပ်နိုင်တာကို အစွဲပြုပြီးရေးထားတာလေးပါ .... ဖတ်ကြည့်ပါဦးနော်....


..........................


ငါလုပ်နိုင်ရမယ် …. ငါကိုယ်ငါအားတင်းနေရတယ် … ဟုတ်တယ်လေ ….. ငါကြောက်နေခဲ့တာကိုး … ဒါပေမယ့် ငါကြိုးစားခဲ့တာပဲ…. ငါလုပ်နိုင်ရမှာပေါ့ ….. လုပ်လဲလုပ်နိုင်မှာပါ….. ဟောတော်… ငါ့အားပေးသံတွေပျော့သွားပါလား….. မဖြစ်ဘူးနော်… တင်းထားလိုက်ပါဦး…. ၁နာရီဆိုတဲ့အချိန်လေးကို ရအောင်ကျော်ဖြတ်လိုက်ပါဦး…. ငါအကုန်ပြင်ဆင်ပြီးပြီပဲ… ရမှာပါ …. ဘာမှပူစရာမရှိဘူး … သြော်…. နာရီဝက်တောင်ကုန်သွားပြီပဲ…. ဟယ်… ငါရှာထားတဲ့အချက်အလက်တွေကမှန်ရဲ့ လားမသိဘူး…. မှားနေရင်တော့သွားပြီ…. ငါသေမှာ…. စိတ်ညစ်ပါတယ်…. ငါရမှရပါ့မလားမသိဘူး…. ဟောကြည့်… သူများတွေရဲ့  တင်ပြချက်တွေကကောင်းလိုက်တာနော်… ငါမှာတော့ …. ဟင်း … ဟင်!…. ငါ့အလှည့်တောင်ရောက်လာပြီပဲ …. အားတင်းထားလိုက်ဦးကွာ…. ဒါပေမယ့် ငါ့အသံတွေတုန်နေခဲ့တယ်… ထိန်းလို့မရနိုင်ခဲ့ဘူး…. ငါ့ရဲ့  ကြောက်စိတ်တွေက ငါ့ကိုအနိုင်ယူနေကြတာပဲ….. ယူချင်ဦးဟာ … ယူကြဦးဟာ …. ငါကတော့ဒီဇာတ်ကိုမပြီးမချင်းဆက်ကနေရဦးမှာပဲ…. မခံနိုင်ဘူးဆိုပြီး ခွေယိုင်လဲကျသွားလို့တောင်မရတဲ့ အခြေနေကိုရောက်နေပြီပဲ…. ခံလိုက်ဦးပေါ့ဟာ…. ဟောပြီးသွားပြီ…. ဟူး…. ငါဘာတွေများပြောခဲ့ပါလိမ့်…. သြော်… ငါချရေးထားတာတွေထက်တော့ ပိုမပြောခဲ့တာသေချာပါတယ်…. ဒါပေမယ့်… ဘယ်လောက်ပဲကြိုးစားခဲ့ပါစေ… ငါဒိုင်လူကြီးဆီက ကျေနပ်ဖွယ်ရာစကားတွေ မကြားခဲ့ရပါဘူး…. ဒီနေရာမှာ တရားခံကဘယ်သူလဲ… ငါကိုယ်တိုင်လား… ငါရှာထားတဲ့ မပြည့်မစုံ အချက်အလက်တွေလား… ငါ့ရဲ့ ပျော့ညံ့တဲ့စိတ်ဓာတ်လား… ဒါမှမဟုတ် ငါ့ကိုချိနဲ့ ယိုင်လဲအောင်လုပ်နေတဲ့ ဟောဟိုရှေ့က ဒိုင်လူကြီးလား …. စဉ်းစားနေတုန်းမှာ…. ဟော… သိပြီ…. တကယ့်တရားခံက… ငါ့ရဲ့  တဖြည်းဖြည်းနဲ့ ပျော့ညံ့စွာကျဆင်းနေတဲ့ စိတ်ဓာတ်တွေပဲပေါ့…. သူတို့ကိုငါသိရဲ့ သားနဲ့ လစ်လျှူရှုနေမိတယ် …. မထိန်းသိမ်းပဲ ပရမ်းပတာ လွှတ်ထားခဲ့မိတယ်…. သြော်… ဒီလိုနဲ့ နောက်တရားခံတယောက်တောင်ပေါ်လာပြီပဲ… ဘယ်သူလဲလို့မမေးနဲ့ ငါပဲလေ …. အဲဒီစိတ်ပျော့စိတ်ညံ့တွေကို မတားမြစ်နိုင်ခဲ့တဲ့ ငါပဲပေါ့… ကဲ… ဘာပြောကြဦးမလဲ…. ငါတယောက်တည်း ကိုယ်ထိုက်နဲ့ကိုယ်ကံ ခံရဦးပြန်မပေါ့… ဘယ်ရမလဲ… နောက်တခါဆိုရင်တော့ ငါအမှတ်ရှိသွားပြီလေ… ဒီစိတ်ရိုင်းတွေကို လုံးလုံးလျားလျား တပြားသားမှအ၀င်မခံတော့ဘူးကွ...

အ၀င်အခံတော့ဘူး.. မှတ်ထား… :P


...........................


အရေးအသားတော့မကောင်းဘူးပေါ့ ....

ဒါပေမယ့် comment လေးတွေတော့ပေးပေါ့နော်....

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

လူတိုင်း ခက်ခဲတဲ့ အခြေအနေတွေကို အဆင့်ဆင့် ဖြတ်သန်းရင်းနဲ့မှ ပြောင်းလဲရင့်ကျက်ပြီး တိုးတက် လာကြတာဆိုတော့ ဒီအတွေ့အကြုံကလည်း ညီမလေးအတွက် အင်မတန် တန်ဖိုးရှိမှာပါ။ ဘ၀မှာ အောင်မြင်မှုတွေ အဆင့်ဆင့်ရပါစေ ညီမလေးရေ။

Anonymous said...

အတူတူဘဲ
ငါလဲ အဲလို ခံစားဖူးတယ်။
အရေးအသားကောင်းလှချည်လား။
LOL.... :P

Wei Min said...

အင်း မိုက်တယ် post လေးက။ RP ကျောင်းသားတိုင်းဒီလို ဖြစ်ခဲ့တာပါပဲ။